HTML document တွေမှာ ခေါင်းစဉ် heading တွေက  အရေးပါပါတယ်။
ခေါင်းစဉ် heading တွေကို <h1> ကနေ  <h6> အထိ Tag တွေနဲ့ 
သတ်မှတ်ပါတယ်။ အရေးပါဆုံး ခေါင်းစဉ်တွေကို <h1> အဆင့် မှာထားပြီး  
<h6>ကတော သူနဲ့ ဆန့်ကျင်ဖက် အရေးပါမှုအနည်းဆုံး ခေါင်းစဉ်အတွက်ဖြစ် 
ပါတယ်။
ဥပမာ
<h1>ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h1>
<h2> ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h2>
<h3> ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h3>
<h2> ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h2>
<h3> ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။</h3>
ခေါင်းစဉ် Heading တွေကအရေးကြီးပါတယ်။
HTML ခေါင်းစဉ် heading တွေကို ခေါင်းစဉ်သီးသန့်အတွက်ပဲသုံးသင့်ပါတယ်။
  စာပိုဒ်ထဲက စာသားတွေကို ကြီးစေခြင်း BIG သို့ မဟုတ်  စာသားအထူ bold 
တွေအတွက် ခေါင်းစဉ် heading အမျိုးအစား ကိုမသုံးသင့်ပါဘူး။
Search Engine တွေက သင်ရေးထားတဲ့ ဝဘ်စာမျက်နှာ ရဲ့ ပါဝင်တဲ့အကြောင်းအရာနဲ့ အသွင်သဏ္ဍာန်ကို ရှာဖို့အတွက် ခေါင်းစဉ်တွေကို သုံးပါတယ်။
ကိစ္စရပ်တစ်ခုကို ရှာဖွေသူ အသုံးပြုတွေ ကဝဘ်ဆိုဒ် တစ်ခုကိုအကြမ်းဖျင်းသိချင်ရင် ခေါင်းစဉ်တွေကိုပဲ ကြည့်တတ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ဟာ သင့်ရေးထားတဲ့ ဝဘ်စာမျက်နှာ ရဲ့ကိုယ်စားပြုဖြစ်သင့်ပါတယ်။ H1ခေါင်းစဉ်က အဓိကခေါင်းစဉ် main heading ဖြစ်သင့်ပြီး သူ့နောက်ကမှ H2 ခေါင်းစဉ်၊ သူ့နောက်ကမှ H3 ခေါင်းစဉ် စသဖြင့် သုံသင့်ပါတယ်။

HTML မျဉ်းများ
 <hr /> tag တွေက HTML စာမျက်နှာအတွက် ရေပြင်ညီမျဉ်းတွေ  ဖန်တီးပေးပါတယ်။
ဝဘ်စာမျက်နှာ မှာပါဝင်တဲ့ content တွေကို ခြားဖို့အတွက်လည်း မျဉ်းတွေကို သုံးနိုင်ပါတယ်။
ဝဘ်စာမျက်နှာ မှာပါဝင်တဲ့ content တွေကို ခြားဖို့အတွက်လည်း မျဉ်းတွေကို သုံးနိုင်ပါတယ်။
ဥပမာ
  <p>ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။</p>
<hr />
<p> ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
<hr />
<p> ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
<hr />
<p> ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
<hr />
<p> ဒါကစာပိုဒ်တစ်ခုဖြစ်ပါတယ်။ </p>
HTML မှတ်ချက်များ
ကိုယ်ရေးထားတဲ့ HTML code တွေကို ဖတ်လို့မှတ်လို့လွယ်အောင်  Code 
တွေကြားမှာပဲ မှတ်ချက်တွေထားနိုင်ပါတယ်။ မှတ်ချက်တွေကို browser (ဘရောက်ဆာ)
 တွေက  ထည့်မတွက်လို့ Browser (ဘရောက်ဆာ) နဲ့ကြည့်ရင်မြင်ရမှာ မဟုတ် ပါ။
မှတ်ချက်တွေကို ဒီလိုရေးကြပါတယ် —
မှတ်ချက်တွေကို ဒီလိုရေးကြပါတယ် —
ဥပမာ
<!-- ဒါက မှတ်ချက်တစ်ခုဖြစ်ပါတယ်။-->
  
HTML  မှတ်ချက် — HTML  Source ကိုဘယ်လိုဖတ်မလဲ။
မှတ်ချက် — HTML  Source ကိုဘယ်လိုဖတ်မလဲ။
ဝဘ်စာမျက်နှာ  တစ်ခုကိုကြည့်ပြီး "ဟာ ဒါဘယ်လိုလုပ်ထားပါလိမ့်?"  ဆိုပြီးအံ့အားသင့်ဖူးလား။
ဘယ်လိုရေးထားတာလဲ သိနိုင်ဖို့အတွက် စာမျက်နှာကို right-click နှိပ်ပြီး (IE) မှာဆိုရင် "View Source" ကိုနှိပ် ဒါမှမဟုတ် (Firefox) မှာဆိုရင် "View Page Source" ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ တစ်ခြား Browser (ဘရောက်ဆာ) တွေမှာလဲ အလားတူပါပဲ။ အဲဒီလိုနှိပ်ရှာလိုက်ရင် ဝင်းဒိုး တစ်ခုတတ်လာပြီး ရေးထားတဲ့ HTML code တွေကို ပြပေးမှာဖြစ်ပါတယ်။

ယခုစာမျက်နှာမှ ဥပမာများ
ခေါင်းစဉ်များ
HTML document တစ်ခုမှာ ခေါင်းစဉ်တွေဘယ်လိုသုံးထားလဲပြထားပေးပါတယ်။
ရေပြင်ညီမျဉ်းများ
ရေပြင်ညီမျဉ်း horizontalline တွေဘယ်လိုထည့်ရမလဲ ပြသပေးပါတယ်။ မမြင်ရတဲ့မှတ်ချက်များ
HTML code တွေကြားထဲမှာ မှတ်ချက်တွေဘယ်လိုရေးထားလဲပြသပေးပါတယ်။

HTML Tag အညွှန်းများ
ယခု ဝဘ်ဆိုဒ် မှာပါဝင်တဲ့ tag အညွှန်းတွေမှာ  Tag 
တွေနဲ့၎င်းတို့မှာပါဝင်တဲ့ Attribute တွေ အကြောင်း ရှင်းပြထားတာတွေ ပါပါတယ်။ 
ဒီသင်ခန်းစာရဲ့ နောက်လာမယ့် အခန်းမှာ  HTML Tag တွေ နဲ့ attribute 
တွေအကြောင်း ပိုပြီးရှင်းပြထားတယ်။
| Tag | အကြောင်းအရာ | 
|---|---|
| <html> | HTML document တစ်ခု အတွက်သုံးပါတယ်။ | 
| <body> | document ရဲ့ ကိုယ်ထည်ကို သတ်မှတ်ပါတယ်။ | 
| <h1> မှ <h6> အထိ | HTML ခေါင်းစဉ် heading တွေ အတွက်သုံးပါတယ်။ | 
| <hr /> | ရေပြင်ညီမျဉ်း horizontal line အဖြစ်သတ်မှတ်ပါတယ်။ | 
| <!--> | မှတ်ချက်တစ်ခုအဖြစ်သတ်မှတ်ပါတယ်။ | 
 http://www.soemoeaung.com
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ  နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
**************************************

0 comments:
Post a Comment