Tuesday 10 December 2013

Lightning connector ကဲ့သို့ နှစ်ဖက်သုံးနိုင်မည့် မျိုးဆက်သစ် USB connector ကို ၂၀၁၄ တွင် အသုံးပြုနိုင်မည်

Unknown | 10.12.13 | Best Blogger Tips


မကြာသေးမီက ကျင်းပခဲ့သော USB တီထွင်သူများ ဆွေးနွေးပွဲတွင် USB 3.1 သည် connector အသစ်ဖြင့် ထွက်ပေါ်လာဖွယ်ရှိပြီး ၎င်းကိုမည်သည့် ကိရိယာမျိုးတွင်မဆို ချိတ်ဆက်နိုင်ကာ အနာဂတ်နည်း ပညာများဖြစ်သော USB Power Delivery အပြင် အချက်အလက်များ မြန်နှုန်းမြင့် ပြောင်းရွှေ့နိုင်ခြင်းနှင့် video-over-USB တို့တွင်အသုံးပြုနိုင်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။

အဆိုပါ USB ကိုဒီဇိုင်းအသစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး Micro-Bconnector နှင့်အရွယ်အစား တူညီမည်ဖြစ်ကာ USB 3.1, USB 3.0, USB 2 များဖြင့်လည်း အသုံးပြုနိုင်ကြောင်း USB-IF မှဖော်ပြသွားခဲ့သည်။ Micro-B connector သည် 6.85x1.80 မီလီမီတာခန့်ရှိပြီး Apple TV များတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

သုံးစွဲသူများသည် တစ်ဖက်တည်းသာ တပ်ဆင်အသုံးပြု၍ရသော USB connector များကို စိတ်ပျက်လျက်ရှိသောကြောင့် နှစ်ဖက်စလုံး တပ်ဆင်အသုံးပြုနိုင်သည့် USB Type-C ကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Apple ၏ နှစ်ဖက်အသုံးပြုနိုင်သည့် Lightning connector ကို iPhone 5 တွင် စတင်အသုံးပြုခဲ့ပြီး သုံးစွဲရလွယ်ကူသောကြောင့် ချီးကျူးမှုများရရှိခဲ့သည်။

USB တီထွင်သူ Intel အင်ဂျင်နီယာ Ajay Bhatt က ၎င်း၏ရည်ရွယ်ချက်မှာ နှစ်ဖက်အသုံးပြုနိုင်သော USB connector တီထွင်သွားရန်ဖြစ်ကြောင်း The Economist သို့ပြောကြားခဲ့သည်။

USB Type-C connector သည် USB 3.1 Power Delivery feature ကိုထောက်ပံ့ပေးနိုင်ပြီး ချိတ်ဆက်ထားသော device များကို 5 amps နှင့် 100 watts ပေးနိုင်ပြီး port ဖြင့်အမျိုးမျိုးသော item များကို တိုးချဲ့၍စွမ်းအင် ပေးနိုင်သည်။ USB 3.0 ကမူ 1.5 amps နှင့် 10 watts သာထောက်ပံ့ပေးနိုင်သည်။

USB Power Devlivery သည် စွမ်းအင်ကို ချိန်ညှိပေးပြီး အီလက်ထရောနစ် ပစ္စည်းငယ်များကို ကန့်သတ်ထားခြင်း မရှိပေ။ USB 3.1 သည် 10Gbps အထိအချက်အလက် လွှဲပြောင်းပေးနိုင်ပြီး USB PD စနစ်သည် Apple နှင့် Intel တို့၏ Thunderbolt စနစ်ကိုယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ Thunderbolt 2 သည် အချက်အလက် 20 Gbps အထိလွှဲပြောင်းပြီး Thunderbolt cable သည် ချိတ်ဆက်ထားသော device များသို့ 10 watts သာထောက်ပံ့ ပေးနိုင်သော်လည်း အရွယ်အစားမှာ USB Type-C plug ထက်နှစ်ဆကြီးမားသည်။

အဆိုပါ မျိုးဆက်သစ် USB connector ကို ၂၀၁၄ နှစ်လယ်ပိုင်းတွင် မိတ်ဆက်ပေးဖွယ်ရှိသည်။
 

0 comments:

Post a Comment