လွန်ခဲ့တဲ့ (၂) လလောက်က ကျတော်ရဲ့ Blog Rss Feed အလုပ်မလုပ်တော့လို့ တော်တော် တိုင်ပတ်ခဲ့တယ်။ ထုံးစံအတိုင်းGoogle ကို ပဲအားကိုးရတာပေါ့။
Feed Url တွေကိုအမျိုးမျိုးပြောင်းကြည့်တယ်။ မရဘူး။ Feed Burner က Post တစ်ခုကို 500kb လောက်ပဲ update လုပ်ပေးနိုင်တယ်လို့ပြောတယ်။
ဒါနဲ့ HTML ထဲမှာပြင်ဆင်ပေးရမှာပါ...နည်းလမ်းလေးကတော့...
►1- Blogger Singin ၀င်လိုက်ပါ။
►2- Dashboard ကိုသွားလိုက်ပါ။
►3- Template ကိုကလစ်ပါ..။
►4- Edit Html ကိုဝင်ပါ..
►5- Ctrl+F (သို့မဟုတ်) F3 အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။
<head> ကိုရှာလိုက်ပါ တွေ့တာနဲ့ သူ့အောက်ကပ်ပြီး အောက်က
ကုဒ်ကိုထည့်ပေးလိုက်ပါ။
<link href='-BLOGS-FEED-URL' ကိုထည့်ပေးပါrel='alternate' title=' BLOGS TITLE ကိုထည့်ပေးပါ' type='application/rss+xml'/>
ဒါလေးထည့်ပေးလိုက်ရင်လည်း အဆင်ပြေ တယ်ဆိုတာနဲ့ ထည့် ကြည့်တာလည်းမရဘူး။
တခြားနည်းတွေလည်းတော်တော်စုံအောင်လုပ်ကြည့်တယ်။မရဘဲ (၂)ပတ်လောက်
တိုင်ပတ်ခဲ့တယ်။
နောက်ဆုံးတော့ စာတွေကို Microsoft Word ထဲက Copy ကူးမထည့် ပါနဲ့
ဆိုတာလေးသွားတွေ့ တယ်။
ဒါနဲ့ စမ်းကြည့်မယ်ဆိုပြီး စာတွေကို Microsoft Word ထဲက Copy
ကူးမထည့်ပဲ နေလိုက်တာ
(၃)
ပတ်လောက်ကြာတော့ Feed က အလိုလိုပြန်ကောင်းသွားတယ်ဗျာ။
ဝါသနာတူ Blogger အသစ်များ အတွက် အထောက်အကူရမယ်လို့ထင်ပါတယ်။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။
0 comments:
Post a Comment