Wednesday 2 April 2014

i-Phone ကိုင်သူများအတွက် Jailbreak မလုပ်ခင် သိထားသင့်သည်အကြောင်းများ

Kaung Khant | 2.4.14 | Best Blogger Tips


ios အကြောင်းနှင့်ပက်သက်၍ ကျနော်လေ့လာမိသလောက်မျှဝေခြင်း (၂)

အပိုင်း (၁)ကိုပြန်ဖတ်ချင်ရင်အောက်ကလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/maungsssk/photos/a.202447283219696.47609.146522682145490/447324412065314/?type=1&theater

Jailbreak မပြုလုပ်ခင် လုပ်ထားသင့်သည့် Back Up အကြောင်း

သင့် iPhone တစ်လုံးကို Jailbreak ပြုလုပ်တော့မည်ဆိုလျှင်
အရင်ဆုံး သင့်ရဲ့ အရေးကြီး ဖုန်းနံပါတ် ဓါတ်ပုံတွေ ဗီဒီယိုတွေ စသည့်
data များမဆုံးရှုံးရအောင် iCloud ဖြင့်ဖြစ်စေ
iTunes ဖြင့်ဖြစ်စေ Back Up လုပ်ထားသင့်ပါတယ်။

iCloud ဖြင့် Back Up ပြုလုပ်နည်း
..........................................
Setting ထဲက iCloud ထဲဝင်ပါ

(iCloud မ၀င်ရသေးလျှင် Apple ID လုပ်ထားတဲ့ Email & Password နဲ့ဝင်လိုက်ပါ)
Apple ID မလုပ်ရသေးလျှင် အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်
Admin-ပေသီး တင်ပေးထားတာတွေ့လို့ ကျနော် မတင်ပေးတော့ပါဘူး။
https://www.facebook.com/maungsssk/posts/446813745449714

iCloud ထဲမှာရှိတဲ့ Mail,Contacts,Calendars,Reminder,Sarari,Notes,Passbook,Photos စတဲ့
သင် Back up လုပ်ချင်တာတွေကို On ပေးလိုက်ပါ
ပြီးလျှင် Storage & Backup ကိုဝင်လိုက်ပါ
အောက်ဆုံးမှာ Back Up Now ဆိုတာကိုနှိပ်ပေးလိုက်ပါ
မှတ်ချက်။ ။အင်တာနက်ဆက်သွယ်မှုရှိဘို့လိုပါတယ်။

iTunes ဖြင့် Back Up ပြုလုပ်နည်း
............................................
သင့်ကွန်ပျူတာတွင် iTunes မရှိလျှင်အောက်ကလင့်ခ်မှာဒေါင်းလိုက်ပါ
https://www.apple.com/itunes/download/
ပြီးလျှင် ကွန်ပျူတာတွင် install လုပ်ပြီးဖွင့်လိုက်ပါ
သင့်ဖုန်းအား ကွန်ပျူနှင့်ချိတ်ဆက်လိုက်ပါ
အင်တာနက်ရှိပါက သင့်ဖုန်း update မဖြစ်သေးလျှင်
သင့်ဖုန်းကို support လုပ်တဲ့နောက်ဆုံး version ကို ဒေါင်းဘို့မေးလာပါမယ်။
မလိုအပ်ရင် Cancel ကိုနှိပ်ပေးလိုက်ပါ
အပေါ်ညာဘက် tag bar မှာ iPhone ဆိုတာကိုနှိပ်လိုက်ပါ
အောက်မှာ ပုံပြထားပါတယ် ပုံထဲကအတိုင်း Back Up ကိုနှိပ်ပေးလိုက်ပါ။
သင့်ဒေတာတွေကို စပြီး Bauk Up လုပ်နေတာကိုတွေ့ရပါမယ် လုပ်ငန်းစဉ်ပြီးဆုံးသည်ထိစောင့်ပေးလိုက်ပါ
အကယ်၍ မတော်တဆ သင့်ဒေတာများ ဆုံးရှုံးခဲ့လျှင် Restore Backup ကိုနှိပ်ပြီး ဒေတာများပြန်ယူနိုင်ပါသည်။

နောက်အပိုင်းမှာ Jailbreak လုပ်နည်းကိုတင်ပေးပါမယ်..
လိုအပ်တာများရှိရင် နားလည်ခွင့်လွတ်ပေးပါ
ကျနော့်ထက်တတ်ကျွမ်းသူများ ကျနော့်အမှားအား အကြံပေးမှုနှင့် ကျိုးကြောင်းမှန်ကန်ဝေဖန်မှုကို လေးစားစွာလက်ခံပါသည်။

Admin-Monster(www.zwmnna.com)

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. An interesting discussion is definitely worth comment. I do think that you need to write more about this subject, it may not be a taboo subject but generally people do not discuss these subjects. To the next! Kind regards. My personal CLICK ME

    ReplyDelete