Showing posts with label IOS များ. Show all posts
Showing posts with label IOS များ. Show all posts

Tuesday, 31 December 2013

ios 7 အတွက်မြန်မာစာဖောင့် နှင့်  ကီးဘုတ် မှန်ကန်စွာထည့် သွင်းနည်း

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 31.12.13 | Best Blogger Tips


iOS 7 အတွက် Jailbreak ထွက်ပြီးခဲ့သော်လည်း မြန်မာစာနှင့် လက်ကွက်ကို ချက်ခြင်း သွင်းမရခဲ့လို့ Jailbreak ရဲ့ အနှစ်အရသာကို အပြည့်အဝ မခံစားခဲ့ကြရသလို ဖြစ်ခဲ့ပါတယ်။
မြန်မာစာနှင့် လက်ကွက်ကို လိုချင်ဇောဖြင့် Font နှင့် Keyboard အဟောင်းတွေကို သွင်းမိတဲ့အတွက် iOS "Crash" ဖြစ်ပြီး Restore အခါခါ ပြန်လုပ်ခဲ့ကြရသူတွေလည်း မနည်းပါဘူး။

ယခုတော့ အဆိုပါ အခက်အခဲများကို ပြေလည်စေနိုင်ဖို့ အတွက် မြန်မာ Developers များက ဝိုင်းဝန်း၍ iOS 7+ နှင့် အဆင်ပြေစေမယ့် မြန်မာစာနှင့် လက်ကွက်ကို ထုတ်ဝေပေးလိုက်ပါပြီ...





iOS 7+ အတွက် မြန်မာစာနှင့် လက်ကွက်ကို Developer များဖြစ်ကြသော ကိုသန့်သက်ခင်ဇော်၊ ကိုစေတန် နှင့် ကိုမိုးစက် တို့က သီးခြားစီ develope လုပ်ပေးထားကြပါတယ်။
ဒီအတွက် သုံးစွဲသူများအနေနှင့် ဘာကို Install လုပ်ရမှန်းမသိပဲ အနည်းငယ် ရှုပ်ထွေးစေနိုင်ပါတယ်။ အကယ်၍ မှားယွင်းစွာ Install လုပ်မိပါက iOS Crash ဖြစ်ခြင်း၊ Boot Looping ဖြစ်ပြီး Apple Logo ကနေ မတက်လာတော့တဲ့ အခြေအနေများ ဖြစ်တတ်ပါတယ်။

လိုအပ်ချက်များ

  • iDevice သည် iOS 7+ Jailbreak ဖြစ်ထားရန်
  • Cydia ကို version Update လုပ်ထားရန်

မှတ်ချက်

  • အစကနဦး iOS 7 အတွက် ဖောင့်မရသေးခင်က ဖောင့်အဟောင်း "Zawgyi Font iOS" ကို သွင်းထားမိခဲ့ပါက အရင်ဆုံး "Remove" လုပ်ပါ။
  • "ZawgyiOne-Font" profile ကို install လုပ်ထားခြင်းက ပြဿနာမရှိပါ။ (မကြိုက်လျှင် Remove လုပ်နိုင်ပါသည်)
iDevice များတွင် မြန်မာစာနှင့် လက်ကွက် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပါ။
မြန်မာစာနှင့် လက်ကွက် အတွက် Source နှစ်ခုကို သွင်းယူရမှာဖြစ်ပါတယ်။




လုပ်ငန်းစဉ်

မြန်မာစာ အတွက် Install Source (1)

  • Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
  • Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။



မြန်မာလက်ကွက် အတွက် Install Source (2)

  • Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
  • Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။


  • Restart Springboard


Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)



မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။

ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။

**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**

  • Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
  • DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။

iOS, App များ Crash ဖြစ်ခဲ့သော် iTunes နှင့် ချိပ်ဆက်ပြီး Restore ပြန်လုပ်ပြီးမှ Jailbreak တစ်ခါ ပြန်လုပ်ပါ။

အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....


Credit : မိုးသိကြား

Tuesday, 24 December 2013

iOS 7 jailbreak & AppSync 7.0.+ ထွက်ရှိလို့လာပါပြီ

Unknown | 24.12.13 | | Best Blogger Tips

iOS 7 များ jailbreak ရပြီးသည့်နောက်မှာ ။ အပြင်က iPA ဖိုင်များကို iTools နဲ့ဖြစ်ဖြစ် သွင်းတဲ့အခါမှာ သွင်းခွင့်ရဖို့ရန် မိမိ iDrive ထဲမှာ AppSync ဆော့ဝဲရှိထားဖို့ လိုအပ်ပါတယ် ။
AppSync ရှိထားမှသာလျှင် အပြင်က မိမိထည့်လိုသော App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။
iOS 7 အတွက် AppSync For 7.0.+ ကို လိုချင်သူများအတွက် Free တင်ပေးထားတဲ့ Repo လေးကို တင်ပေးလိုက်ပါတယ် ။ ထည့်တတ်မယ်လို့ထင်ပါတယ် ။
ကျနော့်ပုံမှာ အပြင်က iPA ဖြစ်တဲ့ Cut The Rope 2 ဖူးဗားရှင်း Crack ကို iTools နှင့်ထည့်ပြထားပါတယ် ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

iOS 7.0 ကနေ 7.0.4 ထိ jailbreak လုပ်ချင်သူများအတွက် မူရင်းဆိုက်ပါ

ဒီလင့်မှာဝင်ပြီးဒေါင်းလိုက်ပါ http://evasi0n.com/

လွယ်ပါတယ် ကြိုးချိတ်မယ် ဆော့ဝဲကိုဖွင့်မယ်  jailbreak ဆိုတဲ့စာလေးကို နှိပ်လိုက်ယုံပါပဲ % ပြေးနေပါလိမ့်မယ် ။ အလည်လောက်မှာ ဖုန်းကိုရီစတတ်ကြသွားပြီး ပြန်တတ်လာတဲ့အခါမှာ ဖုန်းကိုလော့ပွတ်ဆွဲပြီးဖွင့်ခိုင်းပါလိမ့်မယ် ။ ဒါပါပဲ ပြည့်ရင်ပြီးသွားပါပြီ :) 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

jailbreak ရပြီးသည့်နောက်မှာ မိမိ iDrive ထဲသို့ ဒေါင်းယူထားတဲ့ iPA ဖိုင်များဖြစ်တဲ့ App များကို သွင်းခွင့်ထည့်ခွင့်ရဖို့ရန်  
AppSync ရှိထားမှ App များကို လက်ခံထည့်သွင့်ခွင့် ရမှာပါ ။

iOS 7.0.+ အဆင့်တွေအတွက် ထို Repo ကို အပ်လိုက်ပြီး ဒေါင်းယူလိုက်ပါ ။ 

http://cydia.myrepospace.com/lod1/ 

ဆိုပြီး Cydia ထဲမှာ အပ်လိုက်ပြီး AppSync For 7.0.+ ကို ဒေါင်းယူလိုက်ပါ ရသွားပါပြီ :)

အပ်နည်းကို အလွယ်ရှင်းပြပါမယ် ။ ။ Cydia ထဲဝင်လိုက်ပါ  >>> 
Manage >>> Sources >>> Edit >>> Add >>> Repo ထည့်ဖို့ရန် ဘောက်လေးထွက်လာပါမယ် ။
ရေးပြထားတဲ့လင့်ကိုထည့်ပေးပြီး Add Source ဆိုတာလေးကို နှိပ်ပါ ပြည့်ရင် Repo ဝင်သွားပါပြီ ။
ထိုအပ်လိုက်ပြီးသော Repo လင့်ထဲကို ဝင်လိုက်ပါ  AppSync For 7.0.+ ဆိုတာကိုတွေ့ပါမယ် ဒေါင်းလိုက်ပါ ပြီးပါပြီ :)

အားလုံးပဲ ဖူးဗားရှင်း Crack App များကို iTools ဖြင့် သွင်းနိုင် အသုံးပြုနိုင်ပါပြီ :)

iTools ကို လိုချင်သေးတယ်ဆိုရင် မူရင်းလင့်မှာ သွားရောက်ဒေါင်းယူနိုင်ပါတယ် သီချင်းတွေ ပုံတွေ ဆော့ဝဲတွေ ကြိုက်ရာကိုထည့်နိုင်တဲ့ ဆော့ဝဲပါ ။
http://www.itools.cn/multi_lang_pc_download.htm

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မှတ်ချက် ။ ။ iOS 7 အတွက် မြန်မာဖောင့် မြန်မာကီးဘုတ် အပ်ဒိတ်မလာသေးသည့်အတွက် မထည့်ကြပါနဲ့ဦး သိပ်အဆင်မပြေကြသေးပါဘူး ။
jailbreak ထွက်ရှိလာတာ 2 ရက်ပဲရှိသေးတဲ့အတွက် ဖောင့်ကီးဘုတ်ကို အပ်ဒိတ်ထွက်တာကို စောင့်ကြပါဦး ခဏပါပဲ :)

အားလုံးပဲ အဆင်ပြေကြပါစေ..... :)
Post By : Djjoe Man (MMF)

Friday, 11 October 2013

မိုးသိကြား ရဲ့ မူလတန်း Apple ဖတ်စာ

Unknown | 11.10.13 | | Best Blogger Tips



"Easy iDevice Guide" လို့ အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ စာအုပ်လေးကို ဒီနေ့မနက်ပဲ အချောသတ်နိုင်ခဲ့ပါတယ်...
မိုးသိကြား
ဒီစာအုပ်လေးက အခုမှ iDevice ကို စသုံးမယ့် သူတွေအတွက် အထူးရည်ရွယ်ထားပါတယ်။ ဒါကြောင့်လည်း စာအုပ်ရဲ့ အမည်ကို "မူလတန်း Apple ဖတ်စာ" လို့ အမည်ပေးထားတာပါ။ စာမျက်နှာ (၁၂၉) မျက်နှာပါရှိပြီး အခြေခံအသုံးပြုနည်းများ၊ Jailbreak, Unlock နှင့် သက်ဆိုင်သော သိရှိထားသင့်သည့် အကြောင်းအရာများကို အရှင်းလင်းဆုံးဖြစ်အောင် ရေးသားထားပါသည်..


ဒီစာအုပ်ကို ရေးလက်စနဲ့ ရပ်ထားခဲ့တာ ကြာပါပြီ၊ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပြန်ပြီး ဆက်ရေးဖြစ်တာပါ။ တစ်ကယ်ဆက်ရေးတော့ ရေးစရာတွေက အများကြီးရှိနေပါတယ်၊ ဒါပေမယ့် အကုန်လုံးကို တစ်ပြိုင်တည်း ရေးဖို့ဆိုတာ အချိန်ယူရပါလိမ့်ဦးမည်။
ယနေ့ခေတ်မှာ နည်းပညာဟာ ပုတ်သိုးလွယ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တာကြောင့် မြန်မြန်ရေးပြီး မြန်မြန် လိုအပ်နေတဲ့သူတွေ လက်ထဲ ထည့်ပေးလိုက်ချင်တာပါ။ အမှန်က iOS 7 မထွက်ခင် ပြီးအောင် ရေးမယ်လို့ စိတ်ကူးခဲ့ပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အပြီးမသတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် iOS 7 အတွက် Jailbreak မထွက်ခင် အချိန်မီ အချောသတ်လိုက်ရပါတယ်... နည်းပညာက တစ်ဖြည်းဖြည်းခြင်း ပြောင်းလဲနေပါပြီ၊ ကိုယ်ရေးထားတဲ့ information တွေ မပုတ်ခင် ခပ်မြန်မြန်ပဲ စာသုံးကြစေလိုပါတယ်။

 









အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

 
REF TO မိုးသိကြား

Saturday, 28 September 2013

IOS 7 ရဲ့ Feature များ

The Burmese Pictures | 28.9.13 | Best Blogger Tips

 IOS 7 ကို သုံးစွဲတော့မဲ့ သူငယ်ချင်းတွေ အတွက် IOS 7 ရဲ့ Feature တွေကို ပုံတွေနဲ့ တကွရှင်းပြထားတာလေးပါ .. အဆင်ပြေမယ်လို့ ထင်ပါတယ် ...English Version ပါ ..။

ပန်းသီး သမားများ အတွက် ios 7 UI Transition Guide

The Burmese Pictures | 28.9.13 | Best Blogger Tips


ယခုတင်ပေးလိုက်သော PDF လေးကတော့ IOS (Apple) User များ အတွက် 

အလွန်ကို အသုံးဝင်သောPDF လေးဖြစ်မယ်လို့ ထင်တယ် .. 

သူ ကတော့ IOS 7 နဲ့  အရင် Version များ ကို နှိုင်းယှဉ်ပီး ပြသထားသောBook လေးဖြစ်ပါတယ် ..

မကြာခင်ကမှထွက်ရှိလာတဲ့  Version ဖြစ်တာ ကြောင့် ios 7 သုံးစွဲ သူများ အတွက် အလွန်ကို အသုံးဝင်မဲ့  PDF လေးဆိုရင်လဲ မမှားပါဘူး ..။


Download Link >>>  Dropbox

Author >>> Rookie

Thursday, 19 September 2013

iOS 7 & 7.0.1 ကို တိုက်ရိုက် ဒေါင်းကြမယ်

Unknown | 19.9.13 | Best Blogger Tips


Apple ချစ်သူတို့အတွက် iOS 7 နဲ့ 7.0.1 ကို Iphone,Ipod,Ipad တို့ရဲ့ မော်ဒယ်အလိုက်

တိုက်ရိုက်ဒေါင်းလို့ရမယ် လင့်လေး ကိုပေးချင်ပါတယ်

မိမိတို့နဲ့ သက်ဆိုင်ရာ

မော်ဒယ် အလိုက်ကို သေသေချာချာ ဖတ်ရှု့ပြီး ဒေါင်ယူနိုင်ရန်အောက်မှာ ကလစ်နိုင်ပါတယ်



ကိုလတ်(ကျွဲဆင်း)