Friday 10 January 2014

တယ်လီဖုန်း Billကျသင့်ခြင်းနှင့်ပတ်သက်၍မသမာမှု များ ရှိနိုင် ကြောင်း ပြောကြား

Unknown | 10.1.14 | Best Blogger Tips









တယ်လီဖုန်း Billကျသင့်ခြင်းနှင့်ပတ်သက်၍မသမာမှု များ ရှိနိုင် ကြောင်း ပြောကြား
==========================================

ပြည်တွင်းဆက်သွယ်ရေးကွန်ရက်နှင့် ပတ်သက်၍ မြန်မာ့ဆက် သွယ်ရေးမှ တောင်းခံသော Bill ကိုလစဉ်အချိန်မီမဆောင်ပါက အဆိုပါ တယ်လီဖုန်းလိုင်းကို မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပိတ်သွား မည်ဖြစ်သော်လည်း လစဉ်ဝန်ဆောင်ခ (၅၀၀) ကျပ်ကို ပုံမှန်ပေးသွင်း ရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတဆင့်သိရှိရသည်။
““ ဖုန်းပိတ်ထားပေမယ့် Bill ကျနေခြင်းဟာ လစဉ်ဝန်ဆောင်ခ ၅၀၀ ကျပ်ကို ပုံမှန်ဆောင်ရမယ်လို့ သတ်မှတ်ထားခြင်းကြောင့်ပါ။ ဒါ့အပြင် ဒီကိစ်္စနဲ့ပတ်သက်ပြီး Bill ကိစ်္စမှာ မသမာသူလည်းရှိနိုင်ပါ တယ်။ တကယ်လို့ ပုံမှန်မဟုတ်ဘဲ Bill ကျသင့်နေရင်တော့ ဖုန်းနံပါတ် နဲ့ အချိန်ကာလကို သိရှိကာလကိုသိရှိပါက ပြန်လည်စစ်ဆေးဆောင် ရွက်ပေးမှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိကာလတွင် တယ်လီဖုန်းကြိုးလိုင်းအများစုအနေဖြင့် လစဉ် လဆန်းတိုင်း Bill ဆောင်နေရသော်လည်း နောက်ပိုင်းကာလ များတွင် ၀န်ကြီးဌာနအနေဖြင့် Bill ထုတ်ဆင့်နိုင်ရန် နည်းလမ်းကောင်း များကို ရှာဖွေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ရန်ကုန်၊ မန်္တလေးအစရှိသော မြို့ကြီးများမှအပ ကျန်နယ်မြို့ များတွင်Bill ထုတ်ဆင့်ချိန်ကြာမြင့်ခြင်းမှာ ယခင်ကစာတိုက်မှ တဆင့်ပို့ဆောင်နေရခြင်းကြောင့်ဖြစ်ပြီး နောက်ပိုင်းကာလများတွင် အင်တာနက်စနစ်အသုံးပြု၍ သက်ဆိုင်ရာမြို့၊ နယ်များသို့ ပို့ဆောင်နိုင် ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။
““ နယ်မြို့တွေမှာBill ထုတ်ဆင့်ချိန်ကြာမြင့်ခြင်းက အဲဒီနယ်မြို့ တွေမှာ အသုံးပြုတဲ့သက်ဆိုင်ရာအသုံးပြုခဲ့တဲ့ ဖုန်းတွေအနေနဲ့ ပြည်တွင်း၊ မြို့တွင်းခေါ်ဆိုတဲ့အချက်အလက်များအပြင် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ပြည်ပခေါ်ဆိုမှုအချက်အလက်များကို စုံစမ်းပြီး ရန်ကုန် မှာရှိတဲ့Bill စင်တာကို ပို့ပေးရပါတယ်။Bill စင်တာကထုတ်ပေးတဲ့ စာရွက်စာတမ်း အချက်အလက်တွေကို Print ထုတ်ပြီး စာတိုက်ကနေ တဆင့်ပို့ပေးရတာကြောင့်Bill ထုတ်ဆင့်ချိန်ကြာမြင့်ခြင်းဖြစ်ပါတယ်”” ဟု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြား ခဲ့သည်။


အောင်ရဲကျော်( MYANMAR DIGITAL LIFE JOURNAL )
==========================================

0 comments:

Post a Comment