Showing posts with label အခြေခံကွန်ပျူတာသင်တန်း. Show all posts
Showing posts with label အခြေခံကွန်ပျူတာသင်တန်း. Show all posts

Monday, 3 March 2014

windows firewall ဆိုတာဘာလဲ........

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 3.3.14 | Best Blogger Tips



ဒီပိုစ်အား MZ Forum မှ Moe Zatt Ko ရေးသားထားတာဖြစ်ပြီး Firewall နှင့် ပက်သက်၍ မြန်မာဘာသာဖြင့် အခြေခံကျကျ ရှင်းလင်းထားတာလည်းဖြစ်ပါတယ်.. WWM အသုံးပြုသူတွေအတွက် အကျိုးရှိတဲ့ Post တစ်ခုလည်းဖြစ်ပါလိမ့်မယ်။


....စကားဦး...



ဒီ Firewall ဆောင်းပါးနဲ့ပတ်သက်ပြီး အနည်းငယ်ပြောရရင်.. Firewall အကြောင်းကိုမသိသေးတဲ့သူတွေ .. သိပေမဲ့လည်း Firewall ကို အကြောင်း အမျိုးမျိုး ကြောင့် မသုံးဖြစ်တဲ့သူတွေ အတွက် Firewall ရဲ့ စွမ်းဆောင်ရည်များကို သိရှိစေရန်ရည်ရွယ်ပြီးရေးသားလိုက်တာပါ .. ဘာဖြစ်လို့လဲဆိုတော့ .. Internet ဆိုတာရှိရင် .. Firewall ဆိုတာလည်းရှိကောင်းပါတယ်.. ခေတ်အခြေအနေအရ.. သိဖို့လည်းလိုအပ်လာတယ်ထင်လို့ပါ....ဒီနေ့ခေတ် Firewall များဟာ အရင်ကထက်စာရင် Security ပိုင်းမှာ အရမ်းကောင်းမွန်ပါတယ်..ကျွန်တော်လည်း အရင် Firewall ရဲ့ စွမ်းဆောင်ချက်များကို မသိခင်တုန်း သိပ်မသုံးဖြစ်ပါဘူး ..XP2 နောက်ပိုင်း Firewall ရဲ့ အားသာချက်တွေရှိလာမှ သုံးလာတာဖြစ်ပါတယ်..အဲဒီမှာ စပြီး သိလာတာပါ.. တတ်နိုင်သလောက် ပြည့်စုံအောင်တော့ကြိုးစားပြီးရေးသားထားပါတယ် .. ဒါပေမဲ့ .. ဖြစ်နိုင်ရင် ကုမ္ပဏီတစ်ခုချင်းရဲ့(အထူးသဖြင့် CISCO ရဲ့ Firewall တွေ) Firewall Software Hardware Product များရဲ့စမ်းသပ်ချက်များကိုပါ ရှာဖွေပြီးတင်ပေးလိုက်ချင်ပေမဲ့ .. အရမ်းစာရှည်ပြီး လေးသွားမှာစိုးတဲ့အတွက် ...ပင်ပန်းပေမဲ့ ကြုံရင်နောက်တစ်ခေါက်ရေးသားပါဦးမယ်.. ဒါပေမဲ့ .. Software Firewall ဘဲဖြစ်ဖြစ် .. Hardwae Firewall ဘဲဖြစ်ဖြစ်Concept ပိုင်းတွေဟာ အားလုံးနီးပါးအတူတူပါဘဲ..(တစ်ချို့နေရာလေးတွေမှာတော့ကွဲပါတယ်) လိုအပ်တာများရှိခဲ့ရင်လည်း..ပညာရှင်များက ထောက်ပြပြီးနားလည်ခွင့်လွတ်ပေးကြပါ.. ကျေးဇူးတင်ပါတယ်..


Firewall အခေါ်အဝေါ်စတင်ပုံ


Firewall ဆိုတဲ့ အခေါ်အဝေါ်ဟာ မူလအားဖြင့် Construction ဘက်ကလာတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်.. မီးကိုကာကွယ် တားဆီးတဲ့နေရာမှာ သုံးခဲ့သလို တံခါးတွေအဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်.. နောက်ပြီး ကားတွေရဲ့အင်ဂျင်ခန်း ဒါမှမဟုတ် လေယာဉ် တွေရဲ့ အင်ဂျင်ခန်းတွေမှာ ကာပေးထားတဲ့ Metal sheet အကာအကွယ်ကိုလည်း Firewall လို့ခေါ်ပါတယ်.. ကွန်ပျူတာမှာ သုံးနေတဲ့ Firewall အခေါ်အဝေါ်ကတော့ 1980 နှစ်များနောက်ပိုင်း အင်တာနက်ကြီးလွမ်းမိုးစပြုလာတဲ့ အချိန်ကျမှ..Internet Security မလုံခြုံမှု များကြောင့် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ .. security ချိုးဖေါက်မှုများကြုံတွေ့လာရသောကြောင့် .. ဖြစ်ပါတယ်..

င်္[URL="http://en.wikipedia.org/wiki/Firewall"]Firewall[/URL] ဆိုတာ



[URL="http://en.wikipedia.org/wiki/Firewall"]Firewall[/URL] ဆိုတာဘာလဲလို့ဆိုတော့။ Firewall ဆိုတာ အရပ်စကားနဲ့ပြောမယ်ဆိုရင် ပြင်ပ ပယောဂအနှောက်အယှက်များ မ၀င်ရောက် နိုင်အောင် နှင့် ကိုယ့်ဖက်က လုံခြုံရေးချို့ယွင်းကြောင့် ပြင်ပကို မပေါက်ကြားနိုင်အောင် ကာကွယ်တားဆီးပေးနိုင်တဲ့ နည်းပညာတစ်မျိုးဘဲဖြစ်ပါတယ်.. ဒါက.. အလွယ်တကူပြောလိုက်တာ .. တကယ်တမ်း သီအိုရီအရ ပြောရမယ်ဆိုရင် Firewall ဆိုတာ Network Computer System တွေကို Electronically အရ Network တွေတစ်ခုနဲ့တစ်ခုကြားမှာ လုံးဝဆက်သွယ်မှု ဖြတ်တောက်ထားခြင်းမဟုတ်ဘဲ မသက်ဆိုင်တဲ့ ကူးလူးဆက်သွယ်မှုတွေကို ပိတ်ပင်တားဆီးပြီး သက်ဆိုင်လိုအပ်တဲ့ကူးလူး ဆက်သွယ်မှုတွေကို လိုအပ်သလို စီစစ်ခွင့်ပြုမှတ်တမ်းတင်ထားနိုင်တဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတစ်ရပ်ပါပဲ... [URL="http://en.wikipedia.org/wiki/Firewall"]Firewall[/URL] က ဘာတွေလုပ်ပေးလဲဆိုတော့ .. သူ့ကို .. Administrator က သတ်မှတ်ပေးထားတဲ့ Rules တွေ အခြေအနေတွေ အခြားသော Criteria တွေပေါ်မူတယ်ပြီး မတူညီတဲ့ Security Domain တွေကြား အားလုံးသော Network Traffic များကို Allow လုပ် မှာ လား Deny လုပ်မှာလား Encrypt လုပ်မလား Decrypt လုပ်မလား Proxyfy လုပ်မလား စသဖြင့် အလုပ်တွေကို လုပ်ဆောင်ပေးမှာပါ.. အထူးသဖြင့် Network Traffic များကို [URL="http://en.wikipedia.org/wiki/Perimeter"]perimeter[/URL] (zone ပတ်ပတ်လည်) စစ်ဆေးပြီး ကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ ..
အဲဒီ Firewall နည်းပညာဟာ Hardware-Based အနေနဲ့လည်းရနိုင်ပါတယ်။ Software-Based အနေနဲ့လည်းရနိုင်ပါတယ်။

Hardware-Based တွေကိုတော့ Firewall တစ်လုံးမှာ ရှိသင့်ရှိထိုက်တဲ့ Commector Ports တွေနဲ့ Built-in Firewall OS တစ်ခု ပါဝင်ဖွဲ့စည်းထားတဲ့ Special Purpose Computer တစ်လုံးအသွင်နဲ့ တွေ့မြင်ရနိုင်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ပုံစံကတော့ Computer တစ်လုံးအသွင်ရှိနေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ Firewall Configuration တွေကို ပြင်ဆင်ချင်ရင်တော့ သူ့မှာပါလာမယ့် Console Port နဲ့ Computer နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Browser မှ (သို့မဟုတ်) DOS မှဝင်ရောက်ပြင်ဆင် Configured လုပ်ပေးရမှာ ဖြစ်ပါတယ် အဲဒီလိုမျိုး နည်းပညာကို

တကယ့် Enterprise Level Company ကြီးမှာ သာအသုံးပြုတာများကြပါတယ် ..သူတို့က ဈေးအရရော နည်းပညာအရမှာပါ မြင့်မားရှုပ်ထွေးမှုရှိပါတယ်။ လုံခြုံရေးအရလည်း အထူးပိုပြီးအားကောင်းပါတယ်။

Software-Based Firewall တွေကတော့ ဈေးနှုန်းအရမှာရော နည်းပညာအရမှာပါ သက်သာလွယ်ကူပါတယ်။
သူတို့ကိုတော့ မိမိနှစ်သက်ရာ Performance ကောင်းတဲ့ Computer တစ်လုံးမှာ Install လုပ်ပေးထားရမှာပါ။ Install လုပ်ထားမယ့် Firewall အဖြစ်သုံးဖို့ ရွေးချယ်ထားတဲ့ Computer ဟာ Performance ပိုင်းမှာတော့ စိတ်ချရဖို့လိုအပ်ပါတယ်။



ဒါမှသာ လိုအပ်တဲ့ Processing လုပ်ဆောင်မှုတွေကိုမြန်မြန်ဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်ပေးနိုင်မှာပါ။ သူတို့အများစုကတော့ Installed လုပ်ထားတဲ့ Computer ကနေပဲ တိုက်ရိုက် GUI နဲ့ဖြစ်စေ DOS နဲ့ဖြစ်စေ Configured လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် Astaro လိုတချို့ Firewall မျိုးကတော့ Installed လုပ်ထားတဲ့ Computer က direct မရဘဲ အခြား Computer တစ်လုံးကနေသူ့ရဲ့ IP Address ကို Browser ကခေါ်ပြီး Configured လုပ်ရပါလိမ့်မယ်။ ဘယ်လိုပင် ဖြစ်စေ Software Firewall တွေဟာ Hardware Firewall တွေနဲ့ယှဉ်ရင် ဈေးနှုန်းအရလည်း လေးငါးဆမကကွာခြားသက်သာပါတယ်။ နည်းပညာရှုပ်ထွေးမှုလည်း နည်းပါးပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ Company ကြီးတွေမှာတောင် Software Firewall ကိုသုံးစွဲတာများကြပါတယ် ဒါပေမဲ့ အရာရာတိုင်းဟာ အကောင်းနဲ့အဆိုးဒွန့်တွဲနေတာ ပါဘဲ။ တစ်ချို့.. သိပ်ကို အရေးကြီးတဲ့နေရာတွေမှာဆိုရင် Firewall ကို ပုံစံအမျိုးမျိုးနဲ့ အဆင့်ဆင့် ခံထားတတ်ကြပါတယ် .. အထူးသဖြင့် ISP လိုနေရာမျိုးတွေမှာပါ.. တခြား သုံးတဲ့နေရာတွေလည်း အများကြီးရှိပါတယ်.. ထပ်ပြီး ပြောရမယ်ဆိုရင် .. Firewall ဆိုတာ [URL="http://en.wikipedia.org/wiki/Private_network"]private Network[/URL] တစ်ခု နဲ့ Public Network (Internet Connection) တို့ရဲ့ ကြားသူတို့ နှစ်ခု ချိတ်ဆက်တဲ့ နေရာမှာ ကြားခံထားရမယ့် Security ထိန်းချုပ်ပေးတဲ့ ပစ္စည်း ကိရိယာ (Hardware_based) သို့မဟုတ် နည်းပညာ software (Software _based) တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ရဲ့ Network က Public Network (Internet) နဲ့ ချိတ်ဆက်ထားခြင်းမရှိရင် (သိုမဟုတ်) အရေးကြီးတဲ့ Data မျိုးတွေ မရှိဘူးဆိုရင် တော့ Firewall မတပ်ဆင်ထားလဲ ပြဿနာ မရှိနိုင်ဘူးပေါ့။ တကယ်လို့ ကိုယ့်ရဲ့ Network က Public Network နဲ့လည်းချိတ်ဆက်ထားတယ်။ Data တွေကလည်းအရမ်းအရေးကြီး တယ်လို့ထင်ရင် .. Firewall ကို တပ်ကိုတပ်သင့်ပါတယ် .. အဲဒါကြောင့် Router တွေမှာပါ Firewall Function တွေကို ထည့်သွင်းလာရခြင်းဖြစ်ပါတယ်.. မဟုတ်ရင် .. [URL="http://en.wikipedia.org/wiki/Packet_sniffer"]packed sniffer [/URL] တွေရဲ့ရန်က ကင်းနိုင်မှာမဟုတ်ပါဘူး..


Firewall နဲ့ပတ်သက်ပြီး နောက်ထပ်နည်းနည်းပြောစရာရှိတာက Firewall ဆိုတာကို တပ်ထား/သုံးထား ပေမဲ့ သုံးမဲ့ Administrator က configuration ကို သေသေချာချာသတ်မှတ်ပေးရပါဦးမယ်.. ဒါမှမဟုတ်ရင် .. Firewall ကို သေချာ Rule တွေ သတ်မှတ်မထားရင် တပ်ထားတာ အလကားဖြစ်နိုင်ပါတယ် .. တစ်ချို့ Firewall များဟာ Configure လုပ်ရတာ တော်တော် ခက်ခဲ ပါတယ်.. နောက်ပြီး Rules တွေကို တော်တော်အသေးစိတ်သတ်မှတ်ပေးရတယ်......ဒါကြောင့် တစ်ချို့ Firewall များကို Default Deny အတိုင်းထားကြပြီး လိုအပ်မယ်ထင်တဲ့ ခွင့်ပြုစေချင်တဲ့ traffic များကို Manually တိုက်ရိုက် Explicity နည်းနဲ့ပြန်ပြီး Allow လုပ်ပေးကြတာများပါတယ်.. Firewall ကို Administrator ကအခါအားလျှော်စွာစောင့်ကြည့်နေဖို့လိုပါတယ် .. တစ်ခါတစ်ခါ .. အကြောင်းအမျိုးမျိုးကြောင့် ... Default Allow ဖြစ်သွားတတ်တာတွေရှိပါတယ် .. အဲဒါဆိုရင် တော့ အနှောက်အယှက် ပေးနိုင်တဲ့ [URL="http://en.wikipedia.org/wiki/Network_traffic"]Network Traffic[/URL] တွေရဲ့ရန်ကလည်း မကင်းနိုင်ပါဘူး.. ၀င်ရောက်ပြီး .. ဒုက္ခပေးသွားနိုင်ပါတယ် ...

ုံ

Firewall ဘယ်နှစ်မျိုးရှိသလဲ..

ဘယ်နှစ်မျိုးရှိလဲဆိုတော့ လွယ်လွယ်ပြောရရင် ..၂ မျိုးဘဲရှိပါတယ် ..Software Firewall နဲ့ Hardware Firewall ပါ..

ဒါပေမဲ့ .. Firewall ကို အုပ်စု ၄ မျိုးခွဲထားပါတယ်.. ဒါတွေကတော့


1. Free Firewall


2. Desktop Firewall

3. Software Firewall

4. Hardware Firewall တို့ပါဘဲ..




Free Firewall ဆိုသည်မှာ..
Free Firewall တွေဟာ Software များဖြစ်ကြပြီး များသောအားဖြင့် ၄င်းတို့ဟာ အလွယ်တကူ Setup လုပ်နိုင်ကြပါတယ် သူတို့တွေ ဟာ ကုမ္ပဏီအသေးလေးတွေကနေ အလယ်အလတ်တန်းအစား အထိအသုံးပြုနိုင်ကြပါတယ်.. Free Firewall တွေဟာများသောအားဖြင့် Desktop Firewall ပုံစံနဲ့လာတတ်ကြပါတယ်.. ၄င်းကို Personal Firewall လို့လည်း ခေါ်ပါတယ်..



Desktop Firewall ဆိုသည်မှာ..ကွန်ပျူတာ တစ်လုံးတည်းအတွက် ကာကွယ်ဖို့ဘဲ အဲဒီကွန်ပျူတာရဲ့ OS မှာ Installed လုပ်ထားတဲ့ မည်သည့် Software ကိုမဆို Desktop Firewall လို့ခေါ်တာဖြစ်ပါတယ်.. Desktop Firewall ကိုလည်း Personal Firewall လို့လည်းခေါ်ပါတယ်.. ဒီ Desktop Firewall များ ဟာ Single Desktop Computer တွေအတွက်ဘဲ ဒီဇိုင်းလုပ်ထားတာကဖြစ်ပါတယ်.. ဒါပေမဲ့.. Single Firewall ကို Network Firewall နဲ့တွဲပြီး သုံးလို့ရပါတယ်.. အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် .. စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပါတယ်.. Windows မှာပါလာတဲ့ Firewall ဟာ Basic Firewall ဖြစ်ပါတယ်.. အဲဒါကို တစ်ခြား သောDesktop Firewall များနဲ့ အစားထိုးပြီးလုပ်ခိုင်းနိုင်သလို Hardware Firewall များနဲ့ လည်းတွဲဖက် အလုပ်လုပ်ခိုင်းလို့ရပါတယ်..


Desktop Firewall တွေရဲ့အကျိုးကျေးဇူးများ1. Purchase version Desktop Firewall တွေဆိုရင် Virus Scanner များနှင့်တွဲဖက်လုပ်ဆောင်နိုင်ခြင်း..

2. Hardware Firewall မဟုတ်တာကြောင့် .. ကြိုးများနှင့်တစ်ခြား Installation အပိုင်းများတွင်လွယ်ကူခြင်း

3. နောက်ပြီး Portable Computer တွေမှာ(ဥပမာ-Laptop ) တွေမှာ Software Firewall တင်ထားလို့ရှိရင် ဘယ်နေရာကိုသွားပြီး

အင်တာနက်ချိတ်ချိတ် .. ကာကွယ်ပေးနိုင်ခြင်း စသည့်ဖြင့်.. လုပ်လည်းလုပ်ထားသင့်ပါတယ်..

Software Firewall ဆိုသည်မှာ..
ဒီ Software Firewall ဆိုတာ server OS တွေမှာ install လုပ်ရတဲ့ software package ဘဲဖြစ်ပါတယ်.. ဒီအမျိုးအစားကတော့ အလွန်ကို Secure ဖြစ်စေတဲ့ Firewall အမျိုးအစားဖြစ်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီ OS ကနေပြီး ခွဲသုံးကြတဲ့ Client တွေကို ကာကွယ် ပေးနိုင်တဲ့ security နည်းပညာများပါရှိနေလို့ပါဘဲ.. ဒီ Firewall ကို Application Firewall အဖြစ်လဲအသုံးချလို့ရပါသေးတယ်.. ဆိုလိုတာက Web Application တွေ Email server တွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်.. ဒါပေမဲ့.. ဒီလိုကာကွယ်ပေးနိုင်စေဖို့ အရမ်းကို ရှူပ် ထွေးတဲ့ Network Traffic Filter များကိုသတ်မှတ်ပေးရပါတယ်.. နည်းနည်းတော့ configure လုပ်ရတာ ခက်တယ်ပေါ့..


Hardware Firewall ဆိုတာ ..Hardware Firewall ဆိုတာ ပစ္စည်းတစ်ခုဖြစ်ပါတယ်.. အများအားဖြင့်တော့ Network Router တွေနဲ့တွဲပြီး Build in Firewall Function ပါလေ့ရှိကြပါတယ်.. Firewall Function ပါတဲ့ Router နဲ့ မပါတဲ့ Router ဟာဈေးနည်းနည်းဘဲကွာပါတယ်.. Firewall ပါတဲ့ဟာက ပိုကောင်း တာပေါ့ .. ဒီ Hardware Firewall များကို အရေအတွက်များပြားလှတဲ့ Network Traffic တွေကို ထိန်းချုပ်ကိုင်တွယ် နိုင်အောင် တီထွင် ထုတ် လုပ်ထားတာဖြစ်ပါတယ်.. Hardware Firewall များကို လုပ်ငန်းရဲ့ Boundry မှာထားလေ့ရှိပြီး အင်တာနက်ကနေ မလိုအပ်တဲ့ Traffic တွေကို ဖယ်ထုတ်ပြီး ကြိုတင်သတ်မှတ်ထားရှိတဲ့ Traffic များကိုဘဲ Internal Networking ထဲသို့ ၀င်ခွင့်ပေးတာပါ.. တစ်ခါတစ်ခါကျတော့ ဒီ Hardware Firewall များဟာ Software Firewall များနဲ့အတူတွဲပြီးလုပ်ရတာတွေလည်းရှိပါတယ်.. ဒီလိုသုံးရင် .. ပိုပြီး လုံခြုံသလို.. လုပ်ဆောင် ချက်များကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်..


OSI နှင့် TCP/IP Networking Models အကြောင်း

Firewall Types အကြောင်းတွေကို မပြောခင် ကြားဖြတ်ပြီး ပြောပြချင်သေးတာက OSI 7 layer နှင့် TCP/IP Network Models အကြောင်း တို့ပါဘဲ.. OSI ဟာ အလွှာ(၇) ခုနဲ့ ဖွဲ့စည်းထားပြီးတော့ တစ်လွှာချင်းစီမှာ သက်ဆိုင်ရာ တာဝန်ကိုယ်စီ ရှိကြပါတယ်..ကြုံလို့ OSI 7 Layer အကြောင်းအနည်းငယ်ပြောရရင်..





[URL="http://en.wikipedia.org/wiki/Osi_7_layer_model"]OSI ဆိုတာဟာဘာလဲ။[/URL] အရှည်ပြောရရင်တော့ Open System Interconnection လို့ခေါ်ပါတယ်။ သူဟာ Network တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်ကြရာမှာ အခက်အခဲမရှိ လွယ်ကူချောမွေ့ စေဖို့အတွက် International Organization for Standardization (ISO) အဖွဲ့ ကြီးက သတ်မှတ်ထားတဲ့ စံတစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကွန်ပျူတာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေ အများကြီးရှိပါတယ်။ အဲဒီလိုပဲ ကွန်ပျူတာတွေ တစ်လုံးနဲ့
တစ်လုံးချိတ်ဆက်တဲ့အခါမှာသုံးတဲ့ Networking Devices တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိပါတယ်။ အဲဒီလိုမျိုး နည်းပညာပိုင်းဆိုင်ရာ မတူညီကြတဲ့ အမျိုးအစားအမျိုးမျိုးသော ကွန်ပျူတာတွေ၊ Networking Devices တွေကို အသုံးပြုထားကြတဲ့ Network တွေအသီးသီးဟာ တစ်ခုနဲ့တစ်ခု လွယ်လင့်တကူ အပြန်အလှန် ချိတ်ဆက်မိချင်တယ်ဆိုရင် သူတို့အားလုံးကြားထဲမှာ ပုံသေစံနှုန်း(ဘုံတူညီချက်များ) ရှိဖို့တော့လိုအပ်နေပါတယ်။ ဒါမှသာ အဲဒီ Network တွေဟာ အတူတကွ ချောမွေ့စွာ ချိတ်ဆက် အလုပ်လုပ်နိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့် ISO အဖွဲ့ကြီးဟာ အဲဒီလိုအပ်ချက်ကို ပြေလည်စေဖို့အတွက် OSI Layers (7)ခုကို ၁၉၇၄ ခုနှစ်လောက်ကတည်းက စတင်ဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ OSI(7) Layers စံနှုန်းများနဲ့ တိုက်ဆိုင်ကိုက်ညီမှုမရှိဘဲ ကွဲပြားနေတဲ့ Networking နဲ့ပတ်သက် ဆက်နွယ်နေသော Device ရယ်လို့ ဈေးကွက်ထဲမှာ မရှိတော့တဲ့အထိ တစ်ကမ္ဘာလုံးက OSI Layers (7) ခုကို အသိအမှတ်ပြုလက်ခံ နေကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ယနေ့ခေတ်မှာ ဆက်သွယ်ရေးစနစ်ရဲ့အရေးကြီးပုံနဲ့အသုံးဝင်ပုံ တွေကိုပိုမိုခံစား သိရှိလာကြတာနဲ့အမျှ ကောင်းမွန်မြန်ဆန်တဲ့ ဆက်သွယ်ရေးစနစ်တွေကို အသုံးပြုခွင့်ရဖို့ လိုအပ်လာပါတယ်။ ဒီတော့ ကွန်ပျူတာ ကွန်ယက်တွေကြားမှာ နည်းပညာ Platform မတူသည်ဖြစ်စေ၊ အမျိုးအစား
တံဆိပ်မတူသည်ဖြစ်စေ အတူတကွ ချိတ်ဆက်လုပ်ဆောင် နိုင်ကြဖို့ဆိုတာ ဟာလည်း အမှန်တကယ်အရေးကြီးတဲ့လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ဒါမှသာ ကျယ်ပြန့်ကြီးမားတဲ့ ကွန်ပျူတာကွန်ယက်တွေ စီမံဖန်တီးချိတ်ဆက်နိုင်မှာပါ။ Networking ကိုစိတ်ဝင်စားတယ်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ ဒီ OSI Layers (၇) ခုဟာ ဘာတွေလဲဆိုတာလောက်တော့အနည်းဆုံး သိထားမယ်လို့ထင်ပါတယ်။

(၇) Application Layer
(၆) Presentation Layer
(၅) Session Layer
(၄) Transport Layer
(၃) Network Layer
(၂) Data Link Layer နဲ့
(၁) Physical Layer တို့ပဲဖြစ်ပါတယ်။ (အောက်ကနေ အပေါ်ကို ရေတွက်ပါတယ်)

Layer လုပ်ဆောင်ချက်

Physical Layer Transfer Medium ပေါ်မှာ Data သွားလာနိုင်ဖို့ ကူညီပေးပါတယ်။ Data တွေကို Transfer Medium နဲ့လိုက်လျောညီထွေရှိမယ့် Signal ပုံစံအဖြစ်ပြောင်းလဲပေးပါတယ်။ အဲဒီ Data Signal တွေကို Transmission လုပ်နိုင်ဖို့ရောပြန်ပြီး Synchronization လုပ်နိုင်ဖို့ရော လိုအပ်တဲ့ Voltage Levels ကိုဆုံးဖြတ်ပေးပါတယ်။

Data Link Layer Network လမ်းကြောင်းတစ်လျှောက်မှာအဆင်ပြေပြေသွားနိုင်မယ့် Frame လေးတွေဖြစ်လာအောင် Data ကိုတည်ဆောက်ပေးပါ တယ်။ Network Connection တစ်လျှောက်မှာ Collision မဖြစ်အောင်စောင့်ကြပ်ထိန်းသိမ်းပေးပါတယ်။ Collision ဖြစ်သွားရင် ဒါမှမဟုတ် Error Control Information နဲ့မတိုက်ဆိုင်ပဲ Error တွေ့နေရတယ်ဆိုရင် အဲဒီFrame ကိုချက်ချင်းထပ်ပို့ပေးပါတယ်။

Network Layer မတူညီတဲ့ Network တွေကြားမှာ Connection ရအောင် ၊ Data Transfer လုပ်နိုင်အောင် ကြားခံဆက်သွယ်ပေးပါတယ်။ Network လမ်းကြောင်းတွေကိုလည်းရှာဖွေပေးပြီး Data Transfer လုပ်ရာမှာပိုမိုမြန်ဆန်အောင်ကူညီပေးပါတယ်။

Transport Layer Data Transfer လုပ်ရာမှာအစမှအဆုံးတိုင် Data Packet တစ်ခုချင်းစီအတိုင်းအတာအထိ စိတ်ချရတဲ့ Data Transmission တစ်ခု ဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ Error Control နဲ့ Flow Control ကို ဆောင်ရွက်ပါတယ်။ အကယ်၍ Data Packet တစ်ခုမှာများနဂို Packet အတိုင်းမဟုတ်ကြောင်းတွေ့ရှိပါကချက်ချင်းထပ်ပို့ပေးပါတယ်။

Session Layer Data Transfer လုပ်ဖို့အတွက် Sender နဲ့ Receiver ကြားမှာ Logical Connection တစ်ခုကို အစပြုတည်ဆောက်ပါတယ်။ အဲဒီ Connection ကို Data Transmission မပြီးမချင်းထိန်းသိမ်းထားပါတယ်။ Data တွေကိုလည်းအဲဒီ Connection ပေါ်မှာ အဆင်ပြေ ပြေ သွားနိုင်မယ့်အပိုင်းလေးတွေအဖြစ်ပိုင်းပါတယ်။ လက်ခံမယ့်ဘက်ရောက်တဲ့အခါမှာနဂိုမူရင်း Original Data ပြန်ရအောင် ပြန် လည်စုစည်းပါတယ်။


Presentation Layer Data တွေကိုအောက်ပိုင်း Layer တွေကနားလည်အဆင်ပြေမယ့် Format ပုံစံမျိုးပြောင်းလဲပေးပါတယ်။ လိုအပ်တဲ့ Encryption တွေနဲ့ Compression တွေကိုလည်းလုပ်ဆောင်ပေးပါတယ်။ လက်ခံမယ့်ဘက်မှာကျတော့ Decompression တွေနဲ့ Decryption တွေကိုလိုအပ်သလို လုပ်ဆောင်ပါတယ်။ User နားလည်လက်ခံနိုင်မယ့် Format မျိုးပြန်ရအောင် Data ကိုပြန်ပြီး Format ပြောင်း ပေးပါတယ်။

Application Layer User တွေပို့ချင်တဲ့ သတင်းအချက်အလက်တွေ၊ Data တွေကို အောက်ပိုင်း Layer တွေက နားလည်လက်ခံပြီးဆက်လက် Process လုပ်နိုင်ဖို့အတွက် Interface တစ်ခုအဖြစ်ကြားခံပြီး User တွေကို ပိုမို လွယ်ကူအဆင်ပြေစေပါတယ်။ လက်ခံမယ့်ဘက်မှာလည်း User တွေအနေနဲ့လက်ခံရရှိလာတဲ့ Data တွေကို အသုံးချချင်သလိုအသုံးချနိုင်ခွင့် ရရှိအောင် Interface တစ်ခုအနေနဲ့ Userတွေကို ပိုမိုအဆင်ပြေစေရန် လုပ်ဆောင်ပေးပြန်ပါတယ်။


TCP/IP Network Model

TCP/IP Network Model ကတော့ (၅) လွှာဘဲရှိပါတယ်.. အဲဒီအလွာတွေကတော့...
Firewall တွေဟာ ကန့်သတ်ချက်အမျိုးမျိုးကို ပြုလုပ်နိုင်ရန်အတွက် သူတို့ဆီမှာ မတူညီတဲ့ အခြေအနေ Criteria တွေကို သတ်မှတ်ရပါတယ် ယင်းမတူညီတဲ့ Criteria တွေဟာလည်း မတူညီတဲ့ (Network Model ) အလွှာတွေကို အသုံးပြုကြပါတယ်.. Firewall တွေဟာ အဲဒီအလွှာတွေ ထဲမှာမှ အနိမ့်ဆုံးအလွှာ အနိမ့်ဆုံး Layer 3 မှာ အလုပ်လုပ်ကြပါတယ်.. Layer 3 ဆိုတာ OSI မှာဆိုရင် Network Layer ဖြစ်ပြီး TCP/IP Model မှာကျတော့ .. Internet Protocol Layer မှာ အလုပ်လုပ်တာဖြစ်ပါတယ်.. ထပ်ပြောရရင် Layer 3 မှာ အလုပ်လုပ်ကြတဲ့ Firewall တွေက Packet တွေ စစ်ဆေးတဲ့အခါမှာ သိပ်ပြီး စစ်ဆေးခွင့်မရှိဘူး.. နောက်ပြီး ဒီ packet နဲ့ တစ်ခြား Packet နဲ့ဘယ်လိုပတ်သက်မှုရှိသလဲ ဆိုတာကိုလည်း စစ်ဆေးလို့မရဘူး .. ဘာဖြစ်လို့လဲဆိုတော့ Layer 3 mode မှာ အလုပ်လုပ်နေတဲ့ အတွက်ကြောင့်ပါ.. Transport Layer မှာ အလုပ်လုပ်တဲ့ Firewall ကျတော့ packet နဲ့ပတ်သက်ပြီး နည်းနည်းစစ်ဆေးခွင့်ပိုရှိတယ် .. ဒါကြောင့် ပိုမိုရှူတ်ထွေးတဲ့ ခက်ခဲနက်နဲတဲ့ Criteria များဖြင့်စစ်ဆေးပြီး အထဲကို ၀င်ခွင့်ပြုမပြုဆိုတာကို သတ်မှတ်လို့ရတယ်.. Application Layer mode မှာအလုပ်လုပ်တဲ့ Firewall ကျတော့ အရင် layer တွေထက် အာဏာပိုရှိတယ်လို့ပြောရရင်ရပါတယ် .. ဘာဖြစ်လို့လဲဆိုတော့ အဆင့်အဆင့်တက်လာခဲ့ Layer များကိုစစ်ဆေးပြီး ဒီ packet ဟာ ဘယ်ကို သွားမလဲဆိုတာကို မူတည်ပြီး ကိုပေးချင်တဲ့ လုပ်ခွင့်မျိုးကိုဘဲပေးပိုင်ခွင့်ရှိလို့ပါ.. နားလည်အောင်ပြောရမယ်ဆိုရင် Firewall တွေဟာ Networking Model တွေမှာ အပေါ်ပိုင်းအလွှာကို ရောက်ရှိလေလေ packet အကြောင်းကိုပိုသိရှိပြီး ပိုပြီးထိန်းချုပ်နိုင်တယ်..

Firewall အမျိုးအစားများ

ထပ်ပြီး Firewall အမျိုးအစားများကို ခွဲလိုက်လို့ရှိရင် မတူညီတဲ့ Types ပေါင်း 4 မျိုးရှိပါသေးတယ်.. အဲဒါတွေကတော့

1. Packet Filters
2. Ciruit Filters or Circuit Level Gateways
3. Application Filters or Application Level Gateways နဲ့
4. Stateful Multilayer Inspection Firewall တို့ပါဘဲ..

1. Packet Filter ဆိုတာ..
Firewall ရဲ့ ပထမ မျိုးဆက်ပါဘဲ.. ၄င်း Packet Filter ဟာ အင်တာနက်ပေါ်က ကွန်ပျူတာတွေ တစ်ခုနှင့်တစ်ခုကြား Transfer လုပ်နေတဲ့ Data လေးတွေရဲ့ အခြေခံ Unit လေးဖြစ်တဲ့ Packet လေးတွေကို စစ်ဆေးတာဖြစ်ပါတယ်.. တကယ်လို့...packet တစ်ခုဟာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Rule တစ်ခုနှင့်ကိုက်ညီ ခဲ့မယ်ဆိုရင် Packet Filter ဟာ ၄င်း Packet လေးကို ဖယ်ထုတ်လိုက်ပါတယ်.. ဒါမှမဟုတ်လည်း ဖျက်စီးပစ်လိုက်ပါတယ်..ပြီးတော့ packet ထွက်လာခဲ့တဲ့ မူလနေရာ(ပေးပို့သူ) ကို Error တစ်ခုခုပြန်ပေးလိုက်ပါတယ်..




ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ကို မသုံးကြတော့ပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ packet တွေကို ဘဲ အဲဒီ packet တစ်ခုချင်းထဲက အကြောင်းအရာ ကိုဘဲ လိုက်စစ်နေပြီး အဲဒီမှာ Connection နဲ့ ပတ်သက်တာတွေကိုကျတော့ မစစ်ပါဘူး .. အခုနောက်ပိုင်း Web Browsing တို့ Remote Printing တို့ E-mail Transmission တို့ File Transfer တို့က အသုံးများတဲ့ Port တွေကိုသုံးတဲ့ TCP, UDP Traffic တွေလေ .. အဲဒီလို Traffic Information တွေကို Attention မပေးတဲ့ Packet Filter ဟာ နောက်ပိုင်းမှာမသုံးကျတော့တာဖြစ်ပါတယ်.. အင်တာနက်မှာကလည်း TCP, UDP Traffic တွေကြီးပါဘဲ .. ဒါကြောင့် Connection State ကို မစစ်တဲ့ Packet Filter ကို နောက်ပိုင်းမှာ မသုံးတော့တာဖြစ်ပါတယ်.. Packet Filter က OSI Model မှာဆိုရင် Network Layer မှာ အလုပ်လုပ်တယ်လို့ ပြောရင်ရပါတယ်.. TCP/IP Model မှာကျတော့ IP Layer မှာ အလုပ်လုပ်တယ်ပေါ့ဗျာ.. Packet Filter မှာက နှစ်ပိုင်းရှိပါတယ်..
အဲဒါက Stateful and Stateless ဖြစ်ဘဲပါတယ်..
Stateful ဆိုတာ packet တစ်ခုနဲ့ဆက်စပ်ပြီးဖြစ်ပေါ်နေတဲ့ Active Session တွေကို ထိန်းသိမ်းထားပါတယ်.. ထိန်းသိမ်းထားတယ် ဆိုတာက control လုပ်တဲ့သဘောမျိုးမဟုတ်ဘဲ detect ဖြစ်နေတယ်ဆိုတဲ့သဘောပါဘဲ.. တနည်းအားဖြင့်တော့ connection နှင့် ပတ်သက် တဲ့ state တွေကို သိနေတယ်.. stateless ကျတော့ connection State တွေနဲ့ပတ်သက်ပြီး ဘာမှမရှိဘူး.. Stateless Firewall က Memory နည်းနည်းဘဲလိုပါတယ်.. အရမ်း Simple ဖြစ်တယ်.. ပြီး အလုပ်လုပ်တာမြန်ဆန်တယ်.. ဒါပေမဲ့ သိပ်ရှူပ်ထွေးတဲ့ ဆုံးဖြတ်ချက်မျိုးတွေ သူက မသတ်မှတ်နိုင်ဘူး ... ဒါကြောင့် ..နောက်ပိုင်း Firewall တွေမှာ Stateless ကိုမသုံးတော့ဘဲ .. stateful Firewall ကိုဘဲဆက်လက်သုံးစွဲခဲ့ပါတယ်
Stateful Filter ဆိုတာ..
Stateful ဆိုတာက အရင်တုန်းက သတ်မှတ်ခဲ့တဲ့ Firewall နည်းပညာကို Develop ဆက်လုပ်ခဲ့တဲ့ နည်းပညာမျိုးဆက်တစ်ခုကို .. Stateful လို့သတ်မှတ်လိုက်တာပါ.. အဲဒီ Generation ကိုဘဲ Stateful လို့ခေါ်ပါတယ်.. သူဟာ သူ့ကို(Firewall) ကိုဖြတ်သန်းသွားတဲ့ Connection တွေအားလုံးကို Maintain လုပ်ထားပြီး ဘယ် Packet က New Connection လဲ ၊ ဘယ် Packet ကတော့ဖြင့် အဟာင်းကွန်နက်ရှင် လဲ ဆိုတာကို သိပါတယ်.. အဓိကတော့ ဖြတ်သန်းသွားတဲ့ Connection State တွေကို record လုပ်ထားနိုင်တယ်.. ဒါကြောင့် Packet တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာကိုလည်း သိပါတယ်.. TCP, UDP Connection တစ်ခုစတင်တာနဲ့ သူက Active စဖြစ်ပြီ .. ဒီ Firewall ရဲ့ Security ပိုင်း ဆိုင်ရာဟာ TCP,UDP Connection တစ်ခုစတင်တာနဲ့ စပြီးအလုပ်လုပ်ပါတယ်လို့ဆိုလိုတာပါ.. Connection တစ်ခု စဖို့ ခွင့်ပြုလိုက်ပြီဆိုတာနဲ့ အဲဒီ Connection နဲ့သက်ဆိုင်တဲ့ Hosts နှစ်ခုကြားက Packets တွေကို နောက်ထပ်စစ်စရာမလိုတော့ဘူး..

3. Application Layer Firewall ဆိုတာ.. Application နှင့်Protocol တစ်ခုချင်းစီကို နားလည်ခွဲခြားနိုင်စွမ်းရှိတဲ့ Layer firewall ပါဘဲ.. ထပ်ပြောရရင် FTP ,Web Browsing , DNS စတာတွေကို ခွဲခြားနိုင်စွမ်းရှိပါတယ်..နောက်ပြီး ခိုးဝင်ဖို့ကြိုးစားနေတဲ့ မလိုအပ်တဲ့ Protocol တွေနှင့် မကောင်းတဲ့ဖက်ကနေ အလွဲသုံးစားပြုလုပ်ဖို့ ရောက်ရှိလာတဲ့ Protocol တွေကို ရှာဖွေတားဆီးနိုင်စွမ်းရှိပါတယ်..
ဒီ Application Layer Gateway ဟာ User တွေရဲ့ Login နဲ့ပတ်သက်နေတဲ့ Activity တွေကို Log လုပ်ထားနိုင်ပါတယ်.. တနည်းအား ဖြင့် High Level of Security ကို လုပ်ဆောင်ပေးနိုင်တယ်လို့ပြောရင်ရပါတယ်.. ဒါပေမဲ့ Network Performance ကို များစွာထိခိုက်စေပါတယ် အဲဒါကို သတိထားရပါလိမ့်မယ်..



4. Stateful Multilayer Inspection Firewall ဆိုတာ..

ဒီ Stateful Multilayer Inspection Firewall ဆိုတာက အရင် Firewll သုံးခု ကိုပေါင်းထားတာပါ .. ၄င်းဟာ Network Layer မှာ Packet တွေကို Filter လုပ်ပါတယ် .. Session အတွင်းမှ Packets များထဲက contents များကို တွက်ချက်ခြင်း ကိစ္စများကိုတော့ Application Layer မှာလုပ်ပါတယ်.. ၄င်းဟာ Host နှင့် client အကြား Direct Connection ကိုလည်း ဖြစ်ပေါ်စေပါတယ်.. ဒီအချက်ဟာ Application Layer Gateway မှာ တုန်းက ပြောခဲ့သလိုမျိုး Network Performance ကို ထိခိုက်စေတာမဖြစ်စေပါဘူး.. အချုပ်ပြောရရင် Stateful Multilayer Inspection Firewall ဟာ High Level of Security လည်းဖြစ်တယ် Performance လည်းကောင်းတယ် .. Stateful Multilayer Inspection Firewall ဟာ Layer 3 ခုလုံးမှာ အလုပ်လုပ်တာဖြစ်ပါသောကြောင့် သူ့ကို Multilayer လိုခေါ်ဆိုခြင်းဖြစ်ပါတယ်.. Firewall တွေ အလုပ်လုပ်ပုံFirewall တွေဟာ Software firewall ဘဲဖြစ်ဖြစ် Hardware Firewall ဘဲဖြစ်ဖြစ် အလုပ်လုပ်ကြတာက 2 မျိုးဘဲရှိပါတယ် .. အဲဒါက ဘာလဲ ဆိုတော့

1. ခွင့်ပြုခြင်း(Allowed)
2. ခွင့်မပြုခြင်း(Denied) ဘဲလုပ်ပါတယ်..

Firewall တွေအကုန်လုံးဟာ ဒီနည်းလမ်းနဲ့ဘဲလုပ်ကြပါတယ်.. အဲဒီ ခွင့်ပြုခြင်း နဲ့ မပြုခြင်း တို့ဟာ လည်း firewall ထဲကို ၀င်ရောက်လာတဲ့ Network Traffic များကို သူ့ရဲ့ Rules တွေသတ်မှတ်ထားတဲ့အတိုင်း မဟုတ်မဟုတ်ကို စစ်ဆေးပြီး လုပ်ဆောင်ပေးကြတာလို့ပြောတာပါ.. အဲဒါတွေကို ဘယ်လို ဆုံးဖြတ်လဲဆိုရင် Firewall ဟာ မိမိရဲ့ ACL (Access Control List ) အပေါ်မူ တည်ပြီး ခွဲခြားဆုံးဖြတ်ပေးပါတယ်.. ရောက်ရှိလာတဲ့ Traffic များကို မိမိရဲ့ ACL ပေါ်တွင် စစ်ဆေးပြီး ဟုတ်ရင် ခွင့်ပြုပါတယ် .. မဟုတ်ရင်တော့ ခွင့်မပြုဘူးပေါ့.. အဲဒီ ACL ကို Network Administrator တွေဘဲ Firewall ကို Configure လုပ်ခဲ့တုန်းက သတ်မှတ်ပြီးသားပါ.. နောက်ပြီး .. Firewall ဆိုတာ Hardware Firewall ဘဲဖြစ်ဖြစ် Software Firewall ဘဲဖြစ်ဖြစ် .. သူ့ရဲ့ Default ကိုယ်တိုင်က အကုန် Denied လုပ်ထား ပါတယ်..

Firewall ကို ဘယ်နေရာမျိုးမှာသုံးကြမလဲ အဓိကတော့ ဘယ်လိုနေရာတွေလဲဆိုတော့ Private Network တစ်ခုနဲ့ Public Network တစ်ခုတို့ချိတ်ဆက်ဖို့လိုတဲ့အခါမှာ အဓိကအသုံးများပါတယ်.. ဘာကြောင့်လဲဆိုတော့ Private Network မကျိုးပေါက်ရအောင် .. Public Network နဲ့ Private Network တို့ရဲ့ ကြားမှာ Firewall ကိုခံပြီးသုံးတာဖြစ်ပါတယ် .. တစ်ခြားနေရာများမှာလည်း ..Firewall ကို ပုံအမျိုးမျိုးနဲ့ သုံးတာတွေလည်းရှိပါတယ်..

Firewall ကို သုံးရင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ..

Firewall ဆိုတာကိုသုံးခြင်းအားဖြင့် အရာအားလုံးဟာ လုံးဝစိတ်ချသွားပြီလို့ပြောလို့မရပါဘူး.. အထူးသဖြင့် မရိုးမသားတဲ့ သူတွေ က အောက်ပါနည်းလမ်းအတိုင်း ပြုလုပ်ခြင်းကို လုံးဝသော်လည်းကောင်း ကန့်သတ်ခြင်းဖြင့်သော်လည်းကောင်း ကာကွယ်နိုင်ပါတယ်..

1. Remote Log in တစ်စုံတစ်ယောက်က ကိုယ့်ကွန်ပျူတာကို လှမ်းပြီးချိတ်ဆက်နိုင်မယ်.. နောက်ပြီး အဲဒီကွန်ပျူတာကို ပုံစံတစ်မျိုးနဲ့ ထိန်းချုပ်နိုင်မယ်.. ကိုယ့်ကွန်ပျူတာက လက်ရှိ Run နေတဲ့ ဖိုင်တွေကိုကြည့်နိုင်တယ် Access လုပ်သွားနိုင်တယ်..

2. Application Backdoors အချို့သော Program တွေက Bugs တွေ ပါပါတယ်.. အဲဒီ Bugs တွေဟာ မရိုးမသားတဲ့ Program တွေ ၀င်ရောက်လာဖို့ ဒါမှမဟုတ် မမြင်ရတဲ့ Hidden Access မျိုးလုပ်သွားတာ တွေ ခံရတယ်.. ဘာလို့လည်း ဆိုတော့ Program ရဲ့ Bugs ကြောင့် Application တွေမှာ ယိုပေါက်တွေ ဖြစ်သွားလို့ပါ..

3. Operating System Bugs - ဒါက အခုလေးတင်အပေါ်ကပြောခဲ့သလိုဘဲ ယိုပေါက် ဖြစ်တာ.. Bugs ကြောင့်ပေါ့.. ဥပမာ..သူခိုးဆိုတာ မျိုး ဘယ်နေရာ ဘယ်အပေါက်ရှိလဲဆိုတာ ချောင်းနေတတ်ကြတာ မျိုးပေါ့ .. အတွေ့အကြုံ ရှိတဲ့ Hackers တွေဆို အေးဆေးပေါ့..

4. DDoS(Distribute Denial Of Service)- ထင်ပေါ်တဲ့ ဆိုဒ်တော်တော်များများဟာ DDoS တိုက်တာခံရလေ့ရှိပါတယ်.. Hackers တွေ က Server တွေဆီကို Request တွေပို့လိုက်တယ်လေ.. ဒီတော့ Server က အဲဒီ Request ကို Connection လှမ်းချိတ်တယ် .. Acknowledgement .. ဟုတ်ကဲ့ .. Acknowledgement ဆိုတာ ဒီလိုပါ Acknowledgement ဆိုတာ ၀န်ခံသဘောတူခြင်း၊ အသိအမှတ်ပြုခြင်း ကိုပြောတာ ပါ။ ဒါပေမယ့် ........ အခု ကျွန်တော်ပြောချင်တာက Acknowledgement ရဲ့ အဓိပ္ပါယ် ကိုပြောချင်တာ မဟုတ်ပါဘူး။ OSI Model ရဲ့ Transport Layer မှာပါဝင်တဲ့ Acknowledgement အကြောင်းကိုပြောချင်တာပါ။ Transport Layer မှာပါဝင်တဲ့ Acknowledgement အကြောင်းကိုပြောမှာဆိုတော့ Transport Layer အကြောင်းနည်းနည်းတော့ ပြောဖို့လိုမယ်ထင်တယ်နော်။ Transport Layer ဟာ OSI Layer ရဲ့ Layer(4) ဖြစ်ပါတယ်။ Transport Layer ဟာ Network မှာ အချက်အလက်များ သွားလာမှုကို ထိန်းချုပ်ပေးခြင်းနှင့် အမှားတွေကို Recovery လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။ ၎င်း အပြင် Transport Layerဟာ Message တွေကို သင့်တော်တဲ့ အရွယ် အစားရအောင် ပိုင်းပါတယ်။ ဆိုလိုတာ က Data တွေပေးပို့တဲ့အခါ ၎င်း Data တွေကို အကုန်လုံးတစ်ပြုံကြီး ပေးပို့လိုက်တာ မဟုတ်ပဲ ၎င်း Data ကို Network Medium ကလက်ခံနိုင်တဲ့ Data Packet Size အဖြစ်အပိုင်းလေးတွေပိုင်းပစ်ပါတယ်။ လက်ခံရာဘက်မှာ ၎င်း Data Packet အပိုင်းလေးတွေပြန်ရောက်ပြီ ဆိုမှ ပြန်လည်စီပေးပါတယ်။ Transport Layer မှာ Connection - Oriented နဲ့ Connectionless ဆိုတဲ့ Connection Service နှစ်မျိုးကို အသုံြး့ပုပါတယ်။ ၎င်း Connection Service နှစ်မျိုးထဲကမှ Connection - Oriented Services မှာ ပို့လွှတ်သူနဲ့ ပေးပို့သူ တို့နှစ်ခုကြား Virtual Connection ကို ထူထောင်ဖို့ Acknowledgement (သဘောတူခြင်း၊ လက်ခ့ရရှိခြင်း) နဲ့ Response (အဖြေတုံ့ပြန်မှု) ကို အသုံးပြုပါတယ်။ ပေးပို့သူဘက်က Data တွေ ပေးပို့လိုက်တဲ့ အခါ လက်ခံရာဘက်က Data တွေကိုလက်ခံရရှိကြောင်း အသိအမှတ်ပြု Acknowledgement ကိုသတ်မှတ်ချိန်အတွင်းမှာပြန်ပို့ပေးရပါတယ်။

ဒါကလည်း အမှားကင်းစင်အောင် ထိန်းချုပ်တဲ့ နည်းပါပဲ။ ဒီလို လက်ခံရာဘက်က Acknowledgement လုပ်ပေးမှ ပေးပို့သူတွေက သူတို့ပို့လိုက်တဲ့  Data တွေကို လက်ခံသူတွေကရမရ သိရှိပြီး လိုအပ်ပါက နောက်တစ်ဖန်ပြန်ပို့ပေးနိုင်ရန်ဖြစ်ပါတယ်။ Acknowledgement ကို အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ Connection ချိတ်ဆက်မှုတွေကို သေချာဖို့အတွက်ပါ။ ဒီလိုဗျာ....ကျွန်တော် တို့က Data တွေကို ပေးပို့တဲ့အခါမှာ ၎င်း Data တွေကို Packet လေးတွေခွဲပြီး ပို့တယ်ဆိုတာ အထက်မှာ ပြောပြခဲ့ ပြီးသားနော်။ ဥပမာ ....Data A ဆိုတဲ့ ရှည်လျားတဲ့ Data ကို Transport Layer ကနေ Packet လေးတွေ (10) ပိုင်း ပိုင်းပြီးပို့ လွှတ်လိုက်တယ် ဆိုကြပါစို့။ လက်ခံရာ ဘက်က Packet လေးတွေတစ်ခုရရှိပြီးတိုင်း ပေးပို့သူဆီကို လက်ခံရရှိပြီးကြောင်း Acknowledgement အကြောင်းပြန်ရပါတယ်။ အဲဒီလိုတွေပို့ရင်းနဲ့ တစ်ခါတစ်ရံမှာ တစ်ချို့ packet တွေဟာ လက်ခံရာဘက်ကို ရောက်ရှိမလာပါဘူး။ တစ်ချို့ packet တွေကျလည်း Error ပါနေတတ်ပါတယ်။ ဒီလိုအခါမျိုးတွေမှာဆိုရင် လက်ခံရာဘက်က သတ်မှတ်ချိန်အတွင်း Acknowledge အကြောင်းမပြန်ဘူးဆိုရင် ပေးပို့သူဘက်ကနေ ၄င်း packet ကို Resend (ပြန်ပို့) ပေးရပါတယ်။ ဒီနေရာမှာ Data A ကြီးတစ်ခုလုံးကို ပြန်ပို့ပေးရတာမဟုတ်ပါဘူး။ လက်ခံရာဘက်ကို မရောက်ရှိတဲ့ (သို့) Error ပါနေတဲ့ packet ကိုပဲ ပြန်ပို့ပေးရတာပါ။ ၎င်း မရရှိတဲ့ Error ပါနေတဲ့ Packet လေးကိုပဲ ပေးပို့လိုက်ရုံပါ။ဆိုလိုတာက ဗျာ Data A ကြီးတစ်ခုလုံးကို ပြန်ပြီးပို့ စရာမလိုပဲနဲ့ လက်ခံရာဘက်ကမရရှိတဲ့ Packet လေးကိုပဲ ပြန်ပြီး ပေးပို့ရတဲ့ အတွက် Performance ပိုပြီး ကောင်းပါတယ်။ Connectionless ကိုအသုံးပြုတဲ့ connection တွေမှာဆိုရင် Acknowledgement ကိုအသုံးမပြုပါဘူး။ အဲဒီလို Acknowledgement ပြန်မပို့ဘူးဆိုလို့ရှိရင် ပေးပို့သူဘက်က ဘယ် Packet ကို လက်ခံရရှိလဲ ၊ ဘယ် Packet ကတော့ ဖြင့် Error တွေပါနေလဲ (လက်ခံမရရှိဘူးလား) ဆိုတာတွေကို မသိရှိဘဲနဲ့ Packet လေးတွေကို ဆက်တိုက်ပို့လွှတ်လိုက်ပါတယ်။ Error မပါတဲ့ Data ဆိုရင်တော့ ပြဿနာမရှိပါဘူး၊ ပိုပြီးတောင် performance ကောင်းပါသေးတယ်။ ဒါပေမယ့် ၎င်း Data ထဲက Data Packet တစ်ခုမှာ Error ပါနေတာပဲဖြစ်ဖြစ် ၊ မရောက်ရှိတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် Acknowledgement မပြန်တဲ့ အတွက် ဘယ် packet ကိုပြန်ပို့ရမယ်မှန်းမသိတဲ့အတွက် ၎င်း Data ကြီးတစ်ခုလုံးကို ပြန်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။ Data တစ်ခုလုံးကြီးကို အစအဆုံးပြန်ပြီး ပို့ရတဲ့ အတွက် Performance ကျသွားတတ်ပါတယ်။ Acknowledgement ကို အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ Data တွေကို သေချာစွာရောက်ရှိဖို့နဲ့ အမှားကင်းစွာရောက်ရှိဖို့ အတွက်ဖြစ်ပါတယ်။ ဒီတော့ Acknowledgement လုပ်ဖို့အတွက် Session တစ်ခုကို Establish လုပ်ရမယ် .. အဲဒီမှာ Server က Request လုပ်တဲ့ System ကိုလိုက်ချိတ်နေတာ အဲဒီ System ကို Server က ရှာမတွေ့တော့ .. အဲဒါဆို .. Server က Busy ဖြစ်နေပြီး .. ကျန်တာတွေ မလုပ်နိုင်တော့ပါဘူး ..

5. SMTP Session Hijacking - SMTP(Simple Mail Transfer Protocol) နည်းကို အင်တာနက်ကနေ Email ပို့တဲ့နေရာ မှာ အများဆုံး အသုံးပြုပါတယ်.. လူတစ်ယောက်က မလိုလားအပ်တဲ့ Mail တွေကို လူတွေအများကြီး ဆီပို့လိုက်တယ်ဆိုရင် SMTP Server က Hijack လုပ်ခံ လိုက်ရတာပါဘဲ..

6. Email Bomb- သူကတော့ ပုံမှန်အားဖြင့် Personal Attack ပါဘဲ .. တစ်ယောက်ယောက် နေပြီး သင့်ဆီကို Email တစ်စောင်တည်းကို ဘဲ ရာထောင်ချီပြီးပို့လိုက်ပါလိမ့်မယ် .. ဘယ်လောက်အထိလဲဆိုတော့ .. သင့်ရဲ့ Email System က နောက်ထပ် Message တွေ လက်မခံနိုင် တဲ့အထိပါဘဲ...

7. လူသိအများဆုံးကွန်ပျူတာ threat က Virus ဘဲဖြစ်ပါတယ်.. ကွန်ပျူတာ Virus ဆိုတာ ပရိုဂရမ်သေးသေးပါဘဲ .. သူက သူ့ဟာသူ ကော်ပီပွားပြီးတော့ .. အခြားကွန်ပျူတာများကိုလည်း လုံခြုံရေးယိုပေါက်များမှတစ်ဆင့် ..သော်လည်းကောင်းAttach ဖိုင်များမှတစ်ဆင့် .. လည်းကောင်း ... အခြားနည်းလမ်းပေါင်းမြောက်မြားစွာဖြင့် ကူးသွားတတ်တဲ့ code တစ်မျိုးဖြစ်ပါတယ်..

8. Spam ဆိုတာကတော့ မလိုလားအပ်တဲ့ မေးလ်အမျိုးအစားတစ်ခုပါဘဲ.. Spam တွေထဲမှာလည်း .. link တွေပါရှိပြီး အဲဒီဆိုဒ်က Cookies တွေလက်ခံမိပါက .. အဲဒီက တဆင့် လုံခြုံရေးယိုပေါက်များဖြစ်သွားပြီး .. မလိုလားအပ်တဲ့ .. code များနှင့် traffic များဝင်ရောက်ဒုက္ခပေးသွား နိုင်ပါတယ်..

9. Macro ဆိုတာက .. User က သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်အတိုင်း ထပ်တူလုပ်ဆောင်နိုင်တာကို Macro လို့ခေါ်ပါတယ်.. တစ်ချို့ Macro Virus ရေးတဲ့ Hacker များဟာ ဖျက်အားပြင်းတဲ့ Virus တွေကို Macro လုပ်ပြီး အဲဒီအတိုင်းဖြန့်ဝေလုပ်ဆောင်ကြတာဖြစ်ပါတယ်.. Excel တော်တော်သုံးဖူးတယ်ဆိုရင် .. Macro ရဲ့လုပ်ဆောင်အကြောင်းသိကြပါလိမ့်မယ်..

10. Source Routing များသောအားဖြင့် အင်တာနက်ပေါ်မှာသွားနေတဲ့ IP Packet တွေဟာ Router ကသတ်မှတ်ပေးထားတဲ့ လမ်းကြောင်း အတိုင်းသွားနေကြတာဖြစ်ပါတယ်..ဒါပေမဲ့ Source ရဲ့ပံ့ပိုးမှုနဲ့ Packet တွေဟာ သူတို့သွားရမယ့်လမ်းကြောင်း တွေကို ကျဘမ်းသတ်မှတ်ကြ ပါတယ်.. Hacker များဟာ အဲဒီအချက်အလက်များကို အခြေခံပြီး အချက်အလက်တွေကို Hack လုပ်သွားတာမျိုးရှိတတ်ပါတယ်.. Firewall တော်တော်များများဟာ Default အားဖြင့် Source Routing ကို Disable လုပ်ထားတတ်ပါတယ်..

11. Redirect Bombs- Hacker များဟာ ICMP (Internet Control Message Protocol) ကိုအသုံးပြုပြီး Path Information တွေကို အခြား Router တွေဆီကို လမ်းကြောင်းလွှဲလိုက်ပါတယ်.. ဒီလိုလုပ်ခြင်းဟာ DDoS Attack တစ်မျိုးလို့လည်းပြောလို့ရပါတယ်..

ဒီနည်းလမ်း 11 မျိုးဟာ Firewall သုံးရင်ရရှိလာမယ့်အကျိုးကျေးဇူးတွေဖြစ်ပါတယ်.. Firewall လို့ဆိုရာမှာ .. Security ကောင်းတဲ့ Firewall ကိုဘဲဆိုလိုတာပါ .. Firewall တော်တော်များများဟာ .. Default ကိုတိုင်က အားလုံးကို Block လုပ်ထားတတ်လို့ Administrator က လိုအပ်သလို ကိုယ်နဲ့သက်တဲ့အပိုင်းတွေကို တိုက်ရိုက် Explicit နည်းနှင့်ပြန်ဖွင့်လို့ရပါတယ်..




ကိုကိုဝင်း



Thursday, 17 October 2013

အခြေခံကွန်ပြူတာသင်တန်းအပိုင်း(၆)

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 17.10.13 | Best Blogger Tips


ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…

သူငယ်ချင်းတို့  အခုသုံးနေတဲ့ ချော့ကလက်မြို့ တော်ဟာ Ning Network ဖြစ်ပါတယ်… ပင်မစာမျက်နှာညာဖက် မြို့ စားလေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…မြို့ စားလေး Created this Ning Network ဆိုတာကို တွေ့ ကြမှာပါ… နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…



INTRODUCTION TO NETWORKS

A network is a group of connected computers that allow people to share information and equipment.

Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…

 

Types of Networks
Network အမျိုးအစားများ


Local Area Network
A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.

Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…

ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…

Wide Area Network
A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.

Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သို့ မဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…

Network Advantages
Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Work Away From Office
When traveling or at home, you can connect to the network at work to exchange messages and files.

မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…

Share Information
Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.

Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်…ဆိုလိုတာကတော့ ညီတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…

Share Equipment
Computers connected to a network can share equipment, such as a printer or modem.

Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှ
သုံးစွဲနိုင်တာပါ…ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…



Network Administrator
A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.

Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…

Network Applications
Network အသုံးပြုပုံများ

Electronic Mail
You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.

Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်…
Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်…
အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…



Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country.
A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.

Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်…
Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်…
ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…

Parts of a Network
Network ရဲ့ အစိတ်အပိုင်းများ

Network Traffic
Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.

Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…

Hub
A hub is a device that provides a central location where all the cables on a network come together.

Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…

ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…

 
Network Interface Card
A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.

Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…

Cables
Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic.
Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.

Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်…
အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်…
၁။ Cables-coaxial
၂။ Unshielded Twisted Pair (UTP)
၃။ Shielded Twisted Pair (STP)
၎။ Fiber-optic
Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…

How Information is Stored
သတင်းအချက်အလက်များ သိမ်းဆည်းပုံ

Peer-To-Peer Network
All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer.
A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.

 

Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်…
Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်…
၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…

Manage Files
Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.

ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်…
Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ…
ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…

CLIENT/SERVER NETWORK
All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer.
A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.

 
Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်…
Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…

Server
The server is the central computer that stores the files of every person on the network.


Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…

Manage Files
All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.

ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…

Client
A client is a computer that can access information stored on the server.

Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…

Intranet
An intranet is a small version of the Internet inside an office.

မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်…
Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…

ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…

The Internet is the largest computer network in the world.
အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ…

မူရင်း....www.fivethreeworld.net & မြန်မာအိုင်တီ လူငယ်များ မှ ပြန်လည်ဖော်ပြသည်


ကိုလတ်(ကျွဲဆင်း)





ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

အခြေခံကွန်ပြူတာသင်တန်းအပိုင်း(၅)

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 17.10.13 | Best Blogger Tips


ဒီတစ်ခါတော့ မိမိကွန်ပျူတာလေးအကြောင်းကို ပြောနိုင်တဲ့နည်းလေး သင်ပေးပါမယ်...မိမိအသုံးပြုနေတဲ့ ကွန်ပျူတာအကြောင်းလေးကို ပြောပြတတ်ဖို့  လိုပါတယ်... ကွန်ပျူတာကို ၀ယ်မယ်ဆိုရင်လည်း ဘယ်လိုအမျိုး အစားဝယ်ချင်တယ်ဆိုတာ ပြောပြနိုင်ရင် ပိုကောင်းပါတယ်...

 ပထမဆုံး Operating System Software ကို Windows XP တင်ထားတဲ့စက်ရဲ့ အကြောင်းလေး ပြောပြပါမယ်...


My Computer ဆိုတဲ့ Program Icon လေးကို Desktop မှာ မတင်ထားဘူး ဆိုပါစို့ ...


Keyboard က Windows Key ကို နှိပ်ရင်ပဲ ဖြစ်ဖြစ် ၊ Mouse နဲ့  Start ကို Click လုပ်ရင်ပဲဖြစ်ဖြစ် Start Menu မှ My Computer ကို Click လုပ်ပါ...





အဲဒီအခါမှာ အောက်မှာ ဖေါ်ပြတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်...



မိမိ Harddisk ရဲ့ အသေးစိတ်ကို တွေ့ မြင်ရပါမယ်... ခုစက်မှာ 236GB ရှိတာကို တွေ့ မြင်ရမှာပါ...

အနီဝိုင်းပြထားတဲ့ View System Information ဆိုတာကို Click လုပ်ကြည့်လိုက်ပါ...



မိမိစက်အကြောင်းလေးကို တွေ့ မြင်ရမှာဖြစ်ပါတယ်...

Operating System Software က Microsoft Windows XP Professional Version 2002 Service Pack 3 ကို တင်ထားတာပါ...
CPU က Intel Pentium ဖြစ်ပြီး 1.73 GHz ရှိပါတယ်... 1.73 GigaHertz ဆိုတာ CPU ရဲ့ Speed ကို ဖေါ်ပြတာပါ...
RAM က 1.25GB ပါ... တစ်ချို့ သော Game များ၊ Graphic Software များအတွက် RAM က အနည်းဆုံး 2GB ရှိသင့်ပါတယ်...

နောက်ခံ Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ကို Click လုပ်ပါ...


အဲဒီအခါ Settings ဆိုတဲ့ Tab ကို Click လုပ်ပါ... အောက်ဖေါ်ပြပါ ပုံအတိုင်းမြင်ရပါမယ်...



Screen ရဲ့ Resolution ကို တွေ့ မြင်ရမှာပါ... 1280x800 Pixels ပါ...

Color Quality ကို Highest (32 bit) ဆိုတာ တွေ့ မြင်ရပါလိမ့်မယ်...

ယခုအခါ Windows Vista တွင် ကြည့်နည်းပြောပါမယ်...

Desktop ပေါ်မှာ My Computer ကို တင်ထားရင် My Computer ဆိုတဲ့ Program Icon ပေါ်မှာ Mouse Pointer ကို ထားပြီး Right Click လုပ်ရင် Shortcut Menu (or) Pop-up Menu ပေါ်လာပါလိမ့်မယ်... Properties ကို Click လုပ်ပါ...

မိမိစက်ရဲ့အကြောင်းလေးကို ဖတ်ရမှာဖြစ်ပါတယ်...


Operating System Software ကို Windows Vista Ultimate ကို သုံးထားတာပါ...

CPU က Intel Core2 Duo ပါ... Speed က 2GHz ပါ...
RAM က 2045 MB ဖြစ်တဲ့အတွက် 2.045GB ပါ...
Color Quality က 32-bit ပါ...

အခုတစ်ခါ Operating System Software ကို Windows 7 တင်ထားတဲ့စက်မှာ ကြည့်တဲ့နည်းပါ...


Start ကို Click လုပ်ပြီး Computer ဆိုတာကို Click လုပ်လိုက်ရင် အောက်ဖေါ်ပြပါအတိုင်း မြင်ရပါမယ်...




Computer ပုံပေါ်မှာMouse Pointer ကို ထားပြီး Right Click ပြုလုပ်တဲ့အခါ Shortcut Menu Dialog Box ပေါ်လာပါမယ်...

System Properties ဆိုတာကို Click ပြုလုပ်ပါ...



Operating System Software ကို Windows 7 Home Premium တင်ထားတာပါ...

CPU က Intel Core i5 ပါ... Speed က 2.53GHz ပါ...
RAM က 4GB ပါ... 3D Game များ၊ Graphic Design များအတွက် ကောင်းပါတယ်...
Color Quality က 64-bit ပါ...

Keyboard မှာရှိတဲ့ Windows Logo နဲ့  Pause Break Key ကို တွဲနှိပ်မယ်ဆိုလည်း ဘယ် Operation System Software ပဲ ထည့်ထားထား System Properties Dialogue Box ပွင့်မှာပါ...


 ရှင်းပြထားတာတွေ ဖတ်ပြီး မိမိကွန်ပျူတာအကြောင်းလေး ပြောနိုင်ကြပါစေ...


ရွှင်လန်းချမ်းမြေ့ကြပါစေ


 မူရင်း....www.fivethreeworld.net & မြန်မာအိုင်တီ လူငယ်များ မှ ပြန်လည်ဖော်ပြသည်



ကိုလတ်(ကျွဲဆင်း)


ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

အခြေခံကွန်ပြူတာသင်တန်းအပိုင်း(၄)

စိုင်းသူနည်းပညာ ပြန်လည်မျှဝေခြင်း | 17.10.13 | Best Blogger Tips




ဒီနေ့  Monitor အကြောင်း ရှင်းပြပါမယ်…


Monitor

A monitor displays text and images generated by the video card.

A video card is also called a video adapter, video board, graphics adapter and graphics board or graphics card.



Monitor ဟာ Graphic Card ကြောင့် စာတွေ၊ ပုံတွေ မြင်ရတာပါ…

Graphic Card ကို Video Adapter, Video Card, Video Board, Graphic Adapter စသဖြင့် ခေါ်ပါတယ်…



Size

The size of a monitor is measured diagonally across the screen. Common monitor sizes are 14, 15, 17 and 21 inches.


Monitor အရွယ်အစားကို Monitor ကို ထောင့်ဖြတ်တိုင်းတာပါတယ်… များသောအားဖြင့် ၁၄-လက်မ၊ ၁၅-လက်မ၊ ၁၇-လက်မ၊ ၂၁-လက်မတို့ ကို အသုံးပြုပါတယ်…

Flat-panel
A flat-panel monitor uses Liquid Crystal Display (LCD), which is the same type of display found in most digital wristwatches.

ယခုအခါ Liquid Crystal Display (LCD) သုံးတဲ့ Flat-Panel Monitor များကို အသုံးပြုပါတယ်…

Screen Saver
A screen saver is a moving picture or pattern that appears on the screen when you do not use a computer for a period of time.
Screen savers were originally designed to prevent screen burn, which occurs when an image appears in a fixed position for a period of time.

Screen Saver ဆိုသည်မှာ မိမိကွန်ပျူတာကို ခေတ္တအသုံးမပြုသောအချိန်တွင် Screen ကို Burn မဖြစ်စေရန် ရွေ့  ရှားနေသော ရုပ်ပုံများ ထည့်ထားခြင်းကို ဆိုလိုပါတယ်…

Resolution
Resolution determines the amount of information a monitor can display.
Resolution is measured by the number of horizontal and vertical pixels. A pixel is the smallest element on the screen. Pixel is short for picture element.

Resolution ဆိုတာ Monitor မှာ ပြနေသော ရုပ်ပုံများရဲ့ အရည်အသွေးကို ပြတာပါ…

Resolution ကို အလျားလိုက်နဲ့  ဒေါင်လိုက် Pixels များနဲ့  ဖော်ပြပါတယ်…

A monitor lets you adjust the resolution to suit your needs.


Monitor Resolution ကို လိုအပ်သလို ပြောင်းပေးနိုင်ပါတယ်…

640x480 Pixels

800x600 Pixels

1,024x768 Pixels

1,280x1,024 Pixels



Lower resolutions display larger images so you can see information more clearly.

Resolution နည်းရင် ပုံများဟာ ပိုကြီးပြီး အချက်အလက်များကို ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါတယ်…

Higher resolutions display smaller images so you can display more information at once.

Resoution မြင့်ရင်တော့ ပုံများဟာ သေးငယ်ပြီး အချက်အလက်များကို ချက်ခြင်း ပြပေးနိုင်ပါတယ်….

Color Depth
The number of colors a monitor can display determines how realistic images appear on a screen. More colors result in more realistic images.

Monitor Screen ပေါ်မှာ အစစ်အမှန်ပုံရိပ်များပေါ်တာကို အရောင်အရေအတွက်နဲ့  တိုင်းတာ ဖေါ်ပြပါတယ်…

VGA
Video Graphics Array (VGA) monitors display 16 colors at a resolution of 640x480. This is the minimum standard for computer systems.

ယခင်က VGA (Video Graphic Array) ဟာ အရောင်-၁၆ မျိုးသာပါပြီး Resolution မှာ 640x480 Pixels သာ ရှိပါတယ်…

SVGA
Super Video Graphics Array (SVGA) monitors display more colors and higher resolutions than VGA monitors. Most new computer systems offer SVGA.

ယခုအခါ SVGA (Super Video Graphics Array) Monitor များကို အသုံးပြုပြီး Resolution ပိုမြင့်ပါတယ်…

အရောင်များနဲ့ ပတ်သက်ပြီး အခေါ်အဝေါ်လေးသိရန် တင်ပြပါတယ်…

16 Colors (4-bit color)

256 Colors (8-bit color)

65,536 Colors (16-bit color)

16,777,216 Colors (24-bit color)



Modem

A modem lets computers exchange information through telephone line.

A modem translates computer information into a form that can transmit over phone lines.

Modem ဆိုတာ တယ်လီဖုံးလိုင်းနဲ့  ဆက်သွယ်ပြီး အချက်အလက်များကို လွှဲပြောင်းလို့ ရတဲ့ အရာလေးပါ…



Phone Line
You do not need a separate phone line to use a modem. You can use the same phone line for telephone and modem calls. If your telephone and modem share the same line, make sure you turn off the call waiting feature when using your modem, since this feature could disrupt the modem connection.

Modem ကို အသုံးပြုဖို့  သီးခြား တယ်လီဖုံးတပ်ဆင်ရန် မလိုပါ… အသုံးပြုနေသော တယ်လီဖုံးကိုပင် တယ်လီဖုံးရော Modem ပါ အသုံးပြုနိုင်ပါတယ်… လိုင်းတစ်ခုထဲကို အသုံးပြုတဲ့အတွက် Modem အသုံးပြုချိန်မှာ တယ်လီဖုံးမှ Call waiting feature ကို ဖြုတ်ထားရပါတယ်…

The receiving modem translates the information it receives into a form the computer can understand.


Modem က ကွန်ပျူတာက နားလည်အောင် အချက်အလက်များကို လက်ခံ ပြောင်းလဲပေးပါတယ်…

Modem Applications
Modem အသုံးပြုပုံများ

Connect to the Internet
A modem lets you connect to the Internet. This lets you access a vast amount of information and meet thousands of people with similar interests.

Modem ဟာ အင်တာနက်ချိတ်ဆက်ရာတွင် အသုံးပြုနိုင်ပါတယ်…

Exchange Information
When traveling or at home, you can use a modem to access information stored on the network at work. You can send and receive electronic messages (e-mail) and work with office files.

မိမိအိမ်နဲ့  အလုပ်ကို Network ချိတ်ထားမယ်ဆိုရင် E-mail (Electronic Mail) နဲ့  Office Files များကို ပို့ တာနဲ့ လက်ခံတာကို Modem ကို အသုံးပြုနိုင်ပါတယ်…

Send and Receive Faxes
Most modems can send and receive faxes. With a fax modem, you can create a document on your computer and then fax the document to another computer or fax machine.
When a computer receives a fax, the document appears on the screen. You can review and print the document, but you cannot edit the document unless you have Optical Character Recognition (OCR) Software.

Modem ကို အသုံးပြုပြီး Fax များကို ပို့ တာ နဲ့  လက်ခံတာကို ဆောင်ရွက်နိုင်ပါတယ်… မိမိကွန်ပျူတာမှာ စာရိုက်ပြီး Fax modem မှတစ်ဆင့် တခြားကွန်ပျူတာနဲ့  Fax Machine ကို ပေးပို့ နိုင်ပါတယ်…

Types of Modems
Modem အမျိုးအစားများ

An internal modem is a circuit board that plugs into an expansion slot in a computer. This type of modem is generally less expensive than an external modem, but is more difficult to set up.
You can see the edge of an internal modem at the back of a computer.

Internal Modem ဆိုတာ Circuit Board ဖြစ်ပြီး ကွန်ပျူတာ Casing ထဲရှိ Expansion slot မှာ တပ်ဆင်ထားပါတယ်…
Internal Modem က External Modem ထက် ဈေးသက်သာပေမဲ့ Set up လုပ်ဖို့  ခက်ခဲပါတယ်…

External Modem
An external modem is a small box that plugs into the back of a computer. An external modem takes up room on your desk, but you can use this type of modem with more than one computer.
Status lights on the modem tell you about the current transmission. For example, the RD light is on when the modem is receiving data.

External Modem ကတော့ သေးငယ်တဲ့ Box လေးပါပဲ… External Modem ကတော့ ကွန်ပျူတာတစ်လုံးထက် ပိုသုံးနိုင်ပါတယ်…

Modem Speed
The speed of a modem determines how fast it can send and receive information through telephone lines.
Modem speed is measured in bits per second (bps). You should buy a modem with a speed of at least 56,000 bps (56 Kbps).
Buy the fastest modem you can afford. Faster modems transfer information more quickly.

Modem ရဲ့ Speed ကို bits per second (bps) နဲ့  တိုင်းတာပါတယ်… အနည်းဆုံး 56Kbps (56-Kilobits per second) ရှိတဲ့ Modem ကို ၀ယ်ယူအသုံးပြုသင့်ပါတယ်…

ဒါကြောင့် မိမိအိမ်တွင် အင်တာနက်တပ်ဆင်လိုပါက-

၁။ ကွန်ပျူတာတစ်စုံ (Computer Case, Monitor, Keyboard, Mouse)

၂။ Modem ရှိရပါတယ်… Internal Modem or External Modem ကို အသုံးပြုနိုင်ပါတယ်…

၃။ Digital Telephone Line ရှိရပါမယ်…


၎။ အင်တာနက်ကို ထုတ်လွှင့်ပေးနေသော Internet Service Provider ရှိရပါမယ်…

၅။ မိမိအိမ်တွင် အင်တာနက်ကို ကွန်ပျူတာတစ်လုံးထက်ပိုမို ချိတ်ဆက်လိုပါက ကွန်ပျူတာများတွင် Network Interface Card တပ်ဆင်ထားရပါမယ်…
(Network နဲ့ ပတ်သက်၍ နောင်တွင် အသေးစိတ် ရှင်းပြပါမယ်&hellip



 သေချာဖတ်ပြီးပြီဆိုရင်တော့ မေးခွန်းလေး ပြန်မေးချင်ပါတယ်…

မိမိအသုံးပြုတဲ့ ကွန်ပျူတာရဲ့ Operating System Software က ဘာလဲ ?

မိမိကွန်ပျူတာမှာ ဘာ Application Software တွေ တင်ထားပါသလဲ?

မိမိအသုံးပြုတဲ့ CPU က ဘာအမျိုးအစားလဲ?

Harddisk က ဘယ်လောက်ရှိသလဲ? (GB)

RAM ကရော ဘယ်လောက်ထည့်ထားလဲ?(MB or GB)

DVD R/W တပ်ဆင်ထားသလား?

CD R/W တပ်ထားတာလား?

Graphic Card ကရော ဘာအမျိုးအစားလဲ?

Monitor Resolution ဘယ်လောက်လုပ်ထားလဲ? 
သိချင်ပါတယ်… ဖြေနိုင်ရင် ဖြေပေးပါ…


ရွှင်လန်းချမ်းမြေ့ကြပါစေ…

 မူရင်း....www.fivethreeworld.net & မြန်မာအိုင်တီ လူငယ်များ မှ ပြန်လည်ဖော်ပြသည်


ကိုလတ်(ကျွဲဆင်း)

ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ