Showing posts with label Anti Porn. Show all posts
Showing posts with label Anti Porn. Show all posts

Thursday, 19 December 2013

မိမိမကြည့်စေချင်တဲ့ ဆိုဒ်တွေကို ပိတ်ထားနိုင်ဖို့ TuEagles Anti Porn 19.1.7.15

မိုးညိုသား | 19.12.13 | | Best Blogger Tips



မင်္ဂလာပါ ဒါကတော့ သား/သမီး ရှိသူတွေအတွက် အတော်အသုံးဝင်မည့်ဆော့ဝဲလ်လေးပါ။ ညစ်ညမ်း ဝက်ဆိုဒ်တွေကို ပိတ်ပင်ပေးမယ့်ဆော့ဝဲလ်လေးပါ။ အမြင့်မသင့်တော် မဖွင့်စေချင်တဲ့ WEB တွေကို Black lists ထဲထည့်ပိတ်ထားလိုက်ယုံပါပဲ။ တစ်နေ့တာလုံး မှာ ဘာတွေကြည့်ခဲ့သလဲဆိုတာကိုပါ Screen Shoot ဖမ်းပြီးတော့ သိမ်းပေးထားအုံးမှာဖြစ်တဲ့အတွက် မိမိတို့ရဲ့ သား/ သမီးတွေ ဘာတွေကြည့်သွားသလဲဆိုတာကိုပါ ပြန်စစ်နိုင်ပါသေးတယ်။ နောက်ပြီးတော့ ဂိမ်းတွေကိုပါ အချိန်အကန့်အသတ်နဲ့ သတ်မှတ်ပေးပြီးတော့ Run ခိုင်းနိုင်ပါသေးတယ်.. တစ်နေ့တာ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီးတော့ ကစားလို့ရအောင် ပိတ်ပင်ပေးထားတာဖြစ်လို့ ဂိမ်းအလွန်အကျွံကစားတတ်တဲ့ကလေးတွေအတွက် ပိုပြီးတော့ အသုံးဝင်ပါလိမ့်မယ်။ Administrator Password ပေးထားရမှာဖြစ်လို့ Password မသိပါ မည်သူမှ ဝင်ရောက်ပြုပြင်လို့မရသည့်အတွက် လုံခြုံစိတ်ချရပါတယ်။ဖိုင်ဆိုဒ် သေးပြီးတော့ အင်မတန် အသုံးတည့်တဲ့ ဒီဆော့ဝဲလ်လေးကို လိုချင်တဲ့သူများရှိရင် အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. အားလုံးအဆင်ပြေကြပါစေဗျာ



Download link >>>( MILOSHARE | Zippyshare | TusFiles )