Showing posts with label Mobile Phone. Show all posts
Showing posts with label Mobile Phone. Show all posts

Thursday, 19 September 2013

Android နဲ့ iOS အပေါ် User တွေ ဘယ်လောက်သစ္စာရှိကြလဲ?

Unknown | 19.9.13 | | Best Blogger Tips







မိုဘိုင်း OS လောကမှာ Android အပေါ်သစ္စာရှိသူများလား


Apple အပေါ်သစ္စာရှိသူများလားဆိုတာ အားလုံးသိကြမှာပါ


စက်ရုပ်က ခင်တွယ်ရုံသက်သက် လောက်ပဲရှိပါတယ် တကယ်ကြီး


ချစ်လားမေးရင် ငွေကြေးကြောင့် ချစ်တယ်ပဲပြောကြမှာပါ ။ တကယ်လို့များ


iOS မသုံးဖူးသူတစ်ယောက်ကို မင်း Android နဲ့ iOS ဘယ်ဟာကို ကြိုက်လဲ


မေးရင် Android ပဲ ကြိုက်တယ်လို့ပြောမှာပါ ဟုတ်ပါတယ်အရင်က


ကျွန်တော်လည်း စက်ရုပ်မှစက်ရုပ်ပါ သို့သော် ipad လေးစရတဲ့ အချိန်က


စ၍ Stevejobs ကိုလေးစားတဲ့စိတ်တွေနဲ့ လူတွေ သစ္စာရှိကြတဲ့ 


apple က ဘာတွေများကောင်းလို့လဲလို့ နှိုက်နှိုက် ချွတ်ချွတ်ရှာဖွေခဲ့


ချိန်မှ စ၍ အော်....ဒါကြောင့် apple ကိုသစ္စာရှိကြတာပါလားလို့ သိသွားပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ်ပါ အောင်မြင်နေတဲ့ Mobile OS နှစ်ခုကြားမှာ 


လူတွေရဲ့ ရွေးချယ်မှုအလိုက် ပြောင်းလဲသွားတာပါ ။ ပြောရမယ်ဆို


Apple ရဲ့ iOS က လူတန်းစားကန့်သတ်သလိုရှိပါတယ် ဈေးကြီးတယ် လူတိုင်း


မကိုင်နိုင်ဘူး ဆော့ဝဲတွေလည်း အကုန် ၀ယ်ခိုင်းသလိုလိုရှိပါတယ် ။ ဒါကြောင့်


ပိုက်ဆံရှိသူများသာ ကိုင်နိုင်သည်ဟု ထင်ပါသော်လည်း Apple ကို ချစ်သူများက


ပိုက်ဆံမရှိလည်း apple မှ apple ဟုတ် ကြွေးကြော်ကြပါတယ် ။


ဒါဆို Android OS ကျတော့ရော Open source ဖြစ်တဲ့အတွက် Developer တွေ


ကို အဓိက ပစ်မှတ်ထားလိုက်ပါတယ် ။ ဘယ်ဖုန်းမဆို အခမဲ့ သွင်းနိုင်တယ်


ဈေးနှုန်းအရလည်း ကိုယ်တတ်နိုင်တဲ့ အမျိုးအစားအလိုက်ဝယ်နိုင်တယ် 


ဒါတွေကြောင့် Android ကို ကိုင်လိုက်ရတာပါ ။ အခမဲ့ app တွေရတယ်


အကုန် အခမဲ့လုပ်ဆောင်နိုင်တဲ့အတွက် ကျွန်တော်တို့လို့ သာမန်လူတန်းစား


တွေ ကိုင်ကြရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ်တိုင်ပြန်စမ်းစစ်ကြည့်လိုက်ပါ တကယ်ကြီးရောငါ Android ကို ခင်တွယ်မိနေသလား သူ့အပေါ်ငါ ဘယ်လောက်သစ္စာရှိနိုင်မှာလဲလို့ ?





ကျွန်တော်မနေ့တစ်နေ့ကမှ ipad လေး လက်ဆောင်ရလို့ ကိုင်ဖူးတာပါ ။


ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို apple အပေါ် သစ္စာရှိသူတွေ


အတော်ကို များပါတယ် ကျွန်တော့်အမြင်အရပြောတာပါ ဘာကြောင့်လဲ?


စွန့်ဦးတီထွင်မှုတစ်ခုကို apple က ပြုလုပ်ခဲ့လို့ပါ 2007 ခုနှစ်က စပြောင်းလဲလာခဲ့တဲ့


Mobile ဆိုတဲ့ ဝေါဟာရက ဘယ်သူ့ကြောင့် အရှိန် ပိုရခဲ့သလဲ ဆိုတာ


အားလုံး လေ့လာကြည့်ရင် သိကြမှာပါ။ မည်သည့် OS ကိုမှ


စော်ကားလိုစိတ်မရှိပါဘူး တကယ်စိတ်ရင်းအမှန်နဲ့ ဖွင့်ပြောလိုက်တာပါ ။


ဘာပဲဖြစ်ဖြစ် ငါက Android မှ Android မှ ဆိုခဲ့ရင်တောင် ကိုယ်နဲ့


မဆိုင်တဲ့ iOS လေးကို မထိခိုက်ကြပါနဲ့ဗျာ သူ့နေရာနဲ့သူ အားလုံး အသုံးဝင်ကြပါတယ်။ ပိုက်ဆံပေးဝယ်ရတယ်ဆိုတာနဲ့ တန်အောင် ပြန်ရလို့


apple က လက်ရှိအချိန်ထိ သူ့အောင်မြင်မှုကို ထိန်းထားခဲ့နိုင်တာပါ။





ကျွန်တော်သိသလောက် အတွေးလေးနဲ့ပြောလိုက်သဖြင့် အမှားပါခဲ့ရင်


တောင်းပန်ပါတယ်ခင်ဗျာ





အောင်ကျော်ခိုင်(ပုသိမ်)









ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ



Monday, 2 September 2013

အမြင့်ဆုံးစွမ်းဆောင်ချက်များနဲ့ 1နှစ်အာမခံပေးထားသည့် India နိုင်ငံထုတ် Index Aqua i-5 Smartphone

Unknown | 2.9.13 | Best Blogger Tips




 http://www.technoteach.in/wp-content/uploads/2013/06/intex-aqua-i-5.jpg




အားလုံးဘဲမင်္ဂလာပါဗျာ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ Smartphone
အသုံးပြုတဲ့ User တွေအတွက် အထူး သင့်လျှော်မယ့် Smartphone တစ်မျိုးကို
မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ Index Aqua i-5 လို့အမည်ရပါ တယ် ဗျာ။ Aqua i-5
ကတော့ India Brand ဖြစ်ပါတယ်။ ဖုန်း နဲ့ နည်းပညာ Product တွေကိုထုတ်လုပ်
တဲ့နေရာမှာ India နိုင်ငံဟာလည်း ကမ္ဘာ့အဆင့်အတန်းမှီ တဲ့
နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ပါတယ်ဗျာ။ အခုမြန်မာနိုင်ငံမှာ
လူသုံးများနေတဲ့ တရုတ်ဖုန်းတွေထက် အများကြီးကို သာလွန်ကောင်းမွန်ပါတယ်။
India Brand ဆိုပြီး ဈေးကြီးမယ်လို့တော့မထင်နဲ့နော်ဈေးနှုန်းမှာ လည်း
အလွန်ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေး သွားမှာဖြစ်ပါတယ်ဗျာ။ ယခုကျွန်တော်
မိတ်ဆက်ပေးမယ့် Phone ရဲ့ စွမ်းဆောင်ချက်များ ၊ အာမခံချက် များနဲ့
ဈေးနှုန်းကိုတော့ အောက်မှာ အသေးစိတ်ဖော်ပြပေး လိုက်ပါတယ်ဗျာ။ Index Aqua
i-5ကိုတော့ TKS Company မှ မြန်မာနိုင်ငံ၏ တစ်ဦးထဲကိုယ်စားလှယ်အဖြစ်
တင်သွင်းဖြန့်ချီခွင့် ရရှိပြီးဖြစ်ပါတယ်။


http://www.gogi.in/wp-content/uploads/2013/06/Intex-Aqua-I-5.jpg




Features



SIM Card     - Dual SIM Dual Standby (GSM + GSM) , (GSM + WCDMA)

Display        - 5-inch

Resolution     - 540x960 pixels

Processor     - Quad-core 1.2 GHz MediaTek MT6589

Rear camera     - 12-megapixel

Front camera     - 2-megapixel

RAM        - 1 GB

ROM        - 2 GB (Internal) + 4 GB

                 - MicroSD upto 32 GB

Battery        - 2000 mAh

Android OS,     - v4.2 (Jelly Bean)

Connectivity    - 3G


Price        - 190,000 (၀န်းကျင်)
1နှစ်အာမခံ




အထက်ဖော်ပြပါ အချက်အလက်များကို ကျွမ်းကျင်သူများကတော့သိရှိပြီးဖြစ်မှာပါ။
သာမန် User များအတွက် တစ်ချက်ချင်းစီကို အောက်မှာ
အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိ
ပြီးသားဖုန်းများကတော့ အထက်ပါ စွမ်းဆောင်ချက်များနဲ့
တစ်နှစ်အာမခံပေးထားတယ်ဆိုရင်ဈးနှုန်းက 3သိန်းခွဲနဲ့ 4သိန်းဝန်းကျင်
ရောင်းချနေတာကိုလည်း လေ့လာတွေ့ရှိပြီးဖြစ်ပါတယ်ဗျာ။ ဈေးနှုန်းက 190,000
ဝန်းကျင်ဆိုပေမယ့်လည်း ဖုန်းတစ်လုံးဝယ်ယူရင် 8000 ၀န်းကျင်ရှိတယ်
စာအုပ်ပုံစံ Phone Cover လှလှလေး တစ်ခု လက်ဆောင်ထည့်ပေးထားပါတယ်ဗျာ။



မြန်မာနိုင်ငံမှ User များအတွက် အကြိုက်တွေ့စေမယ့် အချက်တစ်ချက်ကတော့


Root ဖောက်ပြီး အသုံးပြုမယ်ဆိုရင်တောင် 1နှစ်အာမခံပေးထားဦးမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖုန်းအမျိုးအစားဖြစ်ပါတယ်ဗျာ။




အဲဒီအချက်ကိုကြည့်မယ်ဆိုရင်တော့ India Brand ဖြစ်တဲ့ Index Aqua i-5 ရဲ့ အရည်အသွေးကို ခန့်မှန်း လို့ရလောက်ပါပြီ။





SIM Card  - Dual SIM Card
ဖြစ်တဲ့အတွက် GSM နှင့် WCDMA နှစ်မျိုးစလုံးအသုံးပြုနိုင်ပါတယ် Internet
အသုံးပြုသူများအတွက်အကြိုက်တွေ့စေမယ့် မြန်နှုန်းမြင့်လိုင်းဆွဲအားဖြစ်တဲ့
3G ကို Support လုပ်ပေးနိုင် ပါတယ်။



Display - ဖုန်း Screen ရဲ့
အကျယ်အ၀န်းကလည်း 5လက်မရှိတဲ့အတွက် Game ကစားသူများနဲ့ Internet ပေါ်မှာ
သတင်းတွေစာတွေဖတ်ချင်သူများအတွက် သင့်တော်မယ့် အရွယ်အစားမျိုးဖြစ်ပါတယ်။



Resolution    - Resolution
အနေနဲ့ 540x960 pixels ရှိတဲ့အတွက် Movie ကြည့်သူတွေ Game ကစားသူတွေ Photo
ကြည့်သူတွေအတွက် ကြည်လင်ပြတ်သားမှုရှိတဲ့ HD ရုပ်ထွက်မျိုးကို
ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။



Processor  - ဖုန်းတစ်ခုလုံးကို
မောင်းနှင်ထားတဲ့ စွမ်းရည်ကတော့ Quad-core 1.2 GHz ဖြစ်တဲ့အတွက်
ဖုန်းတစ်ခုလုံးကိုအသုံးပြုရာမှာ ပေါ့ပါးသွက်လက်နေမှာဖြစ်ပါတယ်။
မြင်သာထင်သာအောင်ပြောရမယ်ဆို ရင်မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းတွေရဲ့ 97 %
ဟာ Quad-core အဆင့်အထိ မမှီပါဘူး။ Index Aqua i-5 ကတော့ Quad-core 1.2 GHz
နဲ့မောင်းနှင်ထားတာဖြစ်ပါတယ်။



Rear camera - Camera
ရဲ့ရုပ်ထွက်အနေနဲ့ 12-megapixel ရှိတဲ့အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာ
ရုပ်ထွက် အင်မတန်ကိုကောင်းမွန်ပါတယ်။ Camera ရဲ့စွမ်းဆောင်ချက်ကိုလည်း
မြင်သာထင်သာအောင်ပြောရမယ်ဆို ရင်မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းတွေရဲ့ 98 %
ဟာ3 , 5 , 8-megapixel သာရှိကြပါတယ်။ Index Aqua i-5 ကတော့ 12-megapixel
ပါရှိပါတယ်။ Front camera အနေနဲ့လည်း 2-megapixel ပါဝင်ပါသေးတယ်။



Battery - ဖုန်းရဲ့ Battery
စွမ်းဆောင်ရည်ကလည်း 2000 mAh ရှိတဲ့အတွက် Game ကစားသူများ အင်တာ
နက်အသုံးပြုသူများအတွက်
ရည်ရှည်ခံနိုင်ရည်ရှိအောင်စွမ်းဆောင်ပေးနိုင်ပါတယ်ဗျာ။ Game နဲ့ အင်တာ
နက်အသုံးမပြုဘူးဆိုရင် သာမန်ဖုန်းပြောရုံအတွက် 36
နာရီနီးပါးခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။  Standby အနေ နဲ့ 168 hours ခန့်
ထားရှိနိုင်တယ်လို့သိရှိရပါတယ်။





Android OS, - Android OS ကတော့
v4.2 (Jelly Bean) ဖြစ်ပြီး မြန်မာနိုင်ငံမှာ အမြင့်ဆုံး OS တစ်ခုဖြစ်ပါ
တယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ v4.3 ထွက်ရှိတယ်လို့
ကြားသိရပေမယ့်မြန်မာနိုင်ငံအတွင်း သို့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။



အမြည်းသဘောအနေနဲ့ အောက်မှာ Index Aqua i-5 အတွက် Video လေးကိုကြည့်ရှုနိုင်ပါတယ်ဗျာ။












ဒီလောက်ရှင်းပြထားရင်တော့ Index Aqua i-5 ရဲ့ စွမ်းဆောင်ရည်ကို
ပြည့်ပြည့်စုံစုံသိရှိလောက်ပြီလို့ ထင်ပါတယ်ဗျာ။ Index Aqua i-5
ကိုဝယ်ယူအသုံးပြုမယ်ဆိုရင်တော့ လူကြီးမင်း ၊ KMD ၊ KKA စတဲ့ Mobile Phone
အရောင်းဆိုင်များနဲ့ အခြားသော ဆိုင်များမှာ
လွယ်ကူစွာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ TKS Company သို့
တိုက်ရိုက်မှာယူချင်တယ်ဆိုရင်တော့
အောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်မေးမြန်းနိုင်ပါ တယ်ဗျာ။


Contact me:     TKS Company    - Phone no: 0943085442






ယခု ဖုန်းကို မိတ်ဆွေများသိအောင်ကြော်ငြာပေးပြီးသွားပြီဆိုတော့
ကျွန်တော့်အနေနဲ့ တစ်ခုတော့ရှင်းပြ ဖို့လိုမယ်ထင်ပါတယ်ဗျာ။
ပြည့်ဖြိုးတစ်ယောက် နည်းပညာ Website ထောင်ထားပြီးကြော်ငြာ
နဲ့လုပ်စားနေပြီလားလို့အထင်မှားသွားမှာကိုစိုးရိမ်ပါတယ်။ ယခု Index Aqua
i-5 ကို ကြောငြာခအဖြစ် တစ်စုံတစ်ရာ အခအကြေးငွေလက်ခံပြီး
ကြော်ငြာပေးခြင်းမဟုတ်ပါဘူး။ Index Aqua i-5 ကိုတင်သွင်းဖြန့်ချီ
ခွင့်ရရှိထားတဲ့ TKS Company က ကျွန်တော့်ဦးလေး Company ဖြစ်တဲ့အတွက် Free
ကြော်ငြာပေးခြင်း
သာဖြစ်ပါတယ်ဗျာ။ကျွန်တော့်ကိုသက်သက်မဲ့အနိုင်ကျင့်ပြီးကြော်ငြာခိုင်းတာဗျ
ဟဲဟဲဟဲ........ နောက်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျလို့ Index Aqua
i-5 ကိုဘဲ အသုံးပြုနေပါတယ်ဗျာ။ TKS Company အနေဖြင့် အခြားသော Mobile
ဖုန်းများကိုတင်သွင်းဖြန့်ချီ နေပြီး နောက်ထပ်လည်း အဆင့်တန်းမှီ ဖုန်းများ ၊
Network Accessories များ တင်သွင်းဖြန့်ချီထားတယ်လို့သိရှိရပါတယ်။



ထပ်ပြီးပြောချင်တာကတော့ Index Aqua i-5 နဲ့ ပတ်သက်တဲ့ Error များကိုလည်း
ကျွန်တော့်ရဲ့ www.pyaephyo.com မှာ မေးမြန်းနိုင်ပါတယ်။ အတက်နိုင်ဆုံး
ကူညီဖြေရှင်းပေးသွားမှာပါ။ နောက်ပိုင်းမှာ လည်း Index Aqua i-5 အတွက်
သီးသန့် Root Tool နဲ့ Firmware ကိုလည်းထပ်ပြီးတင်ပေးသွား မှာဖြစ်ပါတယ်ဗျာ။
အားလုံးဘဲကျေးဇူးအထူးတင်ရှိပါတယ်နော်။





Wednesday, 28 August 2013

AMOLED ဆိုသည်မှာ

Unknown | 28.8.13 | | | Best Blogger Tips





မိုဘိုင်းဖုန်းတွေ ဝယ်တဲ့အခါ ကျွန်တော်တို့ ပုံပြ မြင်ကွင်း (Screen) အကြောင်း ပြောကြ ပါတယ်။ ၂၀၁၂ ခုနှစ် ထဲမှာ ခေတ်စား လာတဲ့ Screen ကတော့ AMOLED Screen ဖြစ်ပါတယ်။ တန်ဖိုးမြင့် စမတ်ဖုန်း တွေမှာပဲ ပါတဲ့ Screen အမျိုးအစား ဖြစ်ပြီး Samsung စမတ်ဖုန်း အမြင့်တွေမှာ တွေ့ရတာ များပါတယ်။ AMOLED တွေကို များသော အားဖြင့် Android စမတ်ဖုန်း တွေ မှာ တွေ့ရလေ့ ရှိပါတယ်။ AMOLED ဆိုတာ ဘာလဲ။ AMOLED ဆိုတဲ့ စကားလုံး တွေက Active Matrix Organic Light Emitting Diode ဆိုတာကို အတိုကောက် ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် Android OS သုံးစမတ်ဖုန်း အမျိုးအစားတွေမှာ တွေ့နိုင်တဲ့ Screen ပုံဖော်မှု နည်းပညာ လို့လည်း ဆိုနိုင်ပါ တယ်။ Samsung Handset တွေမှာ အတွေ့ရ များတယ်ဆိုတဲ့ ကိစ္စ ကလည်း AMOLED Panel ထုတ်လုပ်သူတွေထဲမှာ Samsung ဟာ အဓိက ထုတ်လုပ် သူတစ်ယောက် ဖြစ်နေလို့ပါ။ AMOLED လို့ခေါ်ပေမယ့် သူ့ရဲ့ အခြေခံ နည်းပညာက LED ပါပဲ။

ဒီနေ့ ကျွန်တော်တို့ရဲ့ လက်နှိပ် ဓာတ်မီးတွေမှာ သုံးတဲ့ LED မီးသီး နည်းပညာကိုပဲ အခြေခံ ပါတယ်။ AMOLED ရဲ့ ဖွဲ့စည်းပုံကို ကြည့်ရင် အလွှာ သုံးလွှာ နဲ့ ဖွဲ့စည်း ထားတာကို တွေ့ရပါမယ်။ အဲဒါတွေက Cathode (လျှပ်စစ်အမ သတ္တိဆောင် အလွှာ)၊ Organic အလွှာနဲ့ Anode (လျှပ်စစ်အဖို သတ္တိဆောင် အလွှာ) တို့ဖြစ်ပြီး အဲဒီအလွှာ သုံးခုကို Substrate လို့ခေါ်တဲ့ အခြေခံ အလွှာပေါ်မှာ ဆင့်ပြီး ထပ်ထားပါတယ်။ 


 


Substrate အလွှာထဲမှာ လျှပ်စီးပတ်လမ်း (Circuit) တွေရှိပါတယ်။ AMOLED စနစ်မှာ ထူးခြားတာက ရုပ်ပုံဖော်တဲ့ Pixel တွေကို Orgainc အလွှာကနေ သတ်မှတ် ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီ အလွှာဆီကို စဉ်ဆက်မပြတ် ဝင်လာတဲ့ လျှပ်စစ်အား အပေါ် မူတည်ပြီး Pixel တွေကို သီးခြား ကွဲပြားတဲ့ အစက် (dot) ပုံစံနဲ့ စဉ်ဆက်မပြတ် ဖြစ်ပေါ် စေ ပါတယ်။ လျှပ်စစ်ဓာတ် ပို့လွှတ် တဲ့ နေရာကတော့ လျှပ်စီး ပတ်လမ်းရှိတဲ့ Substrate အလွှာဆီက ဖြစ်ပါတယ်။ Substrate အလွှာက လာတဲ့ လျှပ်စစ်ဟာ လျှပ်ဖို အလွှာ (Anode) နဲ့ လျှပ်မအလွှာ (Cathode) ဆီကို ပို့ပါတယ်။ အဲဒီလိုပို့ရင်း လျှပ်ဖို အလွှာနဲ့ လျှပ်မ အလွှာကြားမှာ ခံထားတဲ့ အော်ဂဲနစ် အလွှာကို ပါ သွားပြီး လှုပ်ဆော်ပါတယ်။

ရရှိတဲ့ လျှပ်စစ်ဓာတ် အပေါ် မူတည်ပြီး AMOLED Pixel လေးတွေဟာ ပေါ်သင့်တဲ့ နေရာမှာပေါ် ပျောက်သင့်တဲ့ နေရာမှာ ပျောက်ရင်း ပုံဖော်တဲ့ အလုပ်ကို လုပ်သွားပါတယ်။ သမားရိုးကျ ဖလင်သုံးပြီး ရုပ်ပုံ ဖော်တဲ့ စနစ်ထက် စာရင် AMOLED LED ရဲ့ ပုံဖော်နှုန်းဟာ ၃ ဆပိုပြီး မြန်ပါတယ်။ ဒါကြောင့် ဒီပုံဖော်နည်း စနစ်ဟာ LED အရည်ဖြည့်သွင်း ထားတဲ့ ပုံဖော်စနစ်မှာ ရုပ်သေပုံတင်မက အလျင် အမြန် လှုပ်ရှားနေတဲ့ ပုံတွေကိုပါ ဖော်ကြည့်ဖို့ အကောင်း ဆုံးစနစ် ဖြစ်လာပါ တယ်။ AMOLED က ပုံဖော်ပေးတဲ့ ရုပ်ပုံလွှာတွေဟာ ကြည့်ရှုသူရဲ့ အာရုံမှာ အကြီးအကျယ် ကျေနပ်မှု ရစေပါတယ်။ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ ကြည့်ရာ မှာတင် မကဘဲ ဂိမ်းဆော့ရာ မှာလည်း ပုံဖော်ပေးမှုဟာ သိပ်ပြီး အဆင့်မြင့် ပါတယ်။ အရောင်မှန် ဖော်ပြနိုင်စွမ်းမှာ IPS စနစ်ကို မမီပေမယ့် လက်ကိုင် ဆက်သွယ်ရေး ပစ္စည်း အတော်များများ ပေါ်မှာတော့ သူ့ရုပ်ထွက်ဟာ ကျန်တဲ့ စနစ်တွေမှာ ထက်သာပါတယ်။ မိုဘိုင်းဖုန်း အတော်များများကို နေပူထဲမှာ ထုတ်ကြည့်ရင် မြင်ကွင်းပေါ်က စာနဲ့ အရုပ်တွေ ကြည့်ဖို့ အတော် ခက်ခဲပါတယ်။ ဒါပေမဲ့ AMOLED စနစ်သုံးဖုန်း တွေ ကို နေရောင်ခြည် ထဲမှာ ကြည့်ရင်လည်း အရုပ်တွေ စာတွေကို အတော် ကောင်းကောင်း မြင်နိုင်တာက သူ့ထူးခြားချက်ပါ။

AMOLED ရဲ့ တခြား အားသာချက် တွေကို ကြည့်ရင် Response time မြန်တာ ကိုလည်း တွေ့နိုင်ပါတယ်။ ဒီနေ့ ခေတ်မှာ ဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူ တာ မော်နီတာပဲ ဖြစ်ဖြစ် Screen ရဲ့ အစွမ်း သတ္တိကို တိုင်းတာရာမှာ Response time ကို အရေးကြီး အချက်တစ်ခု အဖြစ် ထည့်ပြီး စဉ်းစားပါတယ်။ Response time မြန်ပါမှ ဘောလုံး ပွဲတွေ၊ အက်ရှင် ဇာတ်ကားတွေ ကြည့်တဲ့ အခါမှာ ဝေ၀ါးခြင်းကင်းတဲ့ ရုပ်ပုံတွေကို မြင်ရပါမယ်။ ဟိုးအရင် ခေတ်တွေ တုန်းက Response time နှေးတဲ့ Screnn ပေါ်မှာ လှုပ်ရှားမှု မြန်တဲ့ ရုပ်ပုံတွေ ကြည့်ရင် ရုပ်ပုံတွေ ဝါးပြီး အတန်းလိုက်ပါ သွားတာကို မြင်ဖူး ကြမှာပါ။ 


 


AMOLED က Refresh Rate လည်း ပိုပြီး ကောင်းပါတယ်။ ကွန်ပျူတာ မော်နီတာတွေမှာ ကြည့်ရင် Refresh Rate ရဲ့ အရေးပါမှုကို သတိထား မိပါ လိမ့်မယ်။ တကယ်တော့ screen ပုံပေါ်မှာ ပုံဖော်တဲ့ အခါ ပုံက အသေနေတာ မဟုတ်ပါဘူး။ ရှေ့ပေါ်တဲ့ ပုံတစ်ခု နေရာမှာ နောက်ပုံ တစ်ခုက လိုက်ပြီး အစားထိုး နေတာ ဖြစ်ပါတယ်။ အစားထိုးတဲ့ နှုန်းက မြန်တဲ့ အတွက် အစားထိုး လိုက်မှန်း မသိပါဘူး။ ကျွန်တော်တို့ လူတွေရဲ့ ကိုယ်ပေါ်က လပ်စည်းတွေ အသားစိုင် တွေလိုပေါ့။

အဲဒီကလပ်စည်းတွေ အသားစိုင်တွေက စက္ကန့်ပိုင်းနဲ့ ချီပြီး ပျက်နေတာပါ။ နောက်ကလိုက်ပြီး အစားထိုးနှုန်းက မြန်တော့ ပျက်နေမှန်း မသိရဘူး။ ကိုယ့်ရှေ့မှာ ထိုင်နေတဲ့လူရဲ့ မျက်နှာဟာ လွန်ခဲ့တဲ့ တစ်နာရီက မျက်နှာမဟုတ်ပါဘူး။ အားလုံးအသစ်နဲ့ အစားထိုး လဲလှယ်ထားတဲ့ မျက်နှာဖြစ်ပါတယ်။ ပုံဖော်မြင်ကွင်း (မျက်နှာပြင်) တွေ ပေါ်မှာလည်း ဒီအတိုင်းပါပဲ။ ရှေ့က ပုံကိုနောက် ကလိုက်ပြီး အစားထိုး တဲ့နှုန်းကနှေးရင် ပုံဖော်မျက်နှာပြင် မြင် ကွင်းတဖျတ်ဖျတ် ခတ်နေတယ်။ တစ်နည်းပြောရရင် မျက်တောင်ခတ် နေတယ်လို့ ကျွန်တော်တို့ ခံစားရပါ တယ်။ အဲဒီမြင်ကွင်းကို အကြာကြီး ကြည့်ရရင် ခေါင်းကိုက်တဲ့အပြင် မျက်ရည်ပူတွေပါ ကျလာပါလိမ့် မယ်။ AMOLED မှာက နောက်ပုံတွေ လိုက်ပြီး အစားထိုးနှုန်းမြန်တော့ ပုံဖော်မျက်နှာပြင် က ငြိမ်နေတယ်လို့ ခံစားရပါတယ်။ မျက်လုံးကို သက်သာမှု ရစေပါတယ်။ AMOLED မှာ သဘောကျစရာ အကောင်းဆုံးက ပါဝါအစားသက်သာ တဲ့အချက်ပါ။ ဒါကြောင့် အရွယ်အစားတူတဲ့ ဘက်ထရီကိုသုံးတယ်ပဲထား AMOLED သုံးတဲ့ဖုန်းမှာက ဘက်ထရီ ပိုပြီးအသုံးခံ တယ်ဆိုတာ တွေ့ရပါလိမ့် မယ်။ LED ပုံပေါ် မျက်နှာပြင်စနစ်မှာကတည်းက ဘက်ထရီ အစား သက်သာပြီးသားပါ။ ဒါပေမဲ့ AMOLED မျိုးကွဲတွေအပေါ် မူတည်ပြီး ဘက်ထရီအစားနှုန်း ကွာခြားမှုလေးတွေတော့ ရှိပါတယ်။

ဘက်ထရီရဲ့ စွမ်းအင် သိုလှောင်နိုင်မှု အရည်အသွေးကို မြှင့်မတင်နိုင်မီစပ်ကြားမှာ ဒီကိစ္စဟာ အရေးပါပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံ အတော်များများက 4G ဆက်သွယ်ရေးစနစ်ကို ပြောင်းပြီးသုံးကြလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ လည်း တစ်စိတ်တစ်ပိုင်း 4G ပြောင်း ပြီးသုံးမှာပါ။ 4G က 3G စနစ်မှာထက် စာရင် ပါဝါအစားပိုပြီးကြမ်းပါတယ်။ အဲဒီအချိန်မှာ AMOLED Screen ပဲ စမတ်ဖုန်းတွေကို တစ်နေကုန်အောင် အသုံးခံစေပါလိမ့်မယ်။ ဒီနည်းပညာ ကြောင့်အကျိုးရှိမယ့်အထဲမှာ Tablet တွေလည်း ပါလာပါလိမ့်မယ်။ AMOLED နည်းပညာဟာ ရှေ့ဆက်ပြီးသွားနေပါတယ်။ သူ့ကို အကျိုး အရှိဆုံးဖြစ်အောင် ကုမ္ပဏီအမျိုးမျိုးက နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ဆောင် အသုံးချနေပါတယ်။ ဒါကြောင့် AMOLED မျိုးကွဲတွေလည်း ပေါ်လာပါတယ်။ အဲဒါတွေကတော AMOLED, SUPER AMOLED, SUPER AMOLED PLUS, SUPER AMOLED ADVANCED နဲ့ HD AMOLED PLUS တို့ဖြစ်ပါတယ်။ အဲဒီ မျိုးကွဲတွေကို Android Handset အမျိုးမျိုးမှာတွေ့နိုင်ပါတယ်။ AMOLED ကို သိသင့်သလောက်သိပြီးပြီမို့ ကျန်တဲ့မျိုးကွဲ တချို့အကြောင်း ရှင်းပြပါမယ်။

Super AMOLED ဆိုတာက Smsung ကပေးတဲ့နာမည်ပါ။ သူ့ကုမ္ပဏီထုတ် စမတ်ဖုန်းရဲ့ ပုံဖော်မျက်နှာပြင်မှာ သုံးဖို့ပေးခဲ့တဲ နာမည်လည်း ဖြစ်ပါတယ်။ ဒီစနစ်မှာ Screen ပေါ်မှာ လက်နဲ့တို့တာကို အာရုံခံပြီး ဒစ်ဂျစ်တယ်ပုံစံ ပြောင်းပေးတဲ့ Digitizer ပါပါတယ်။ Super AMOLED သုံးထားတဲ့ Screen တွေ ဟာ ကြည့်ရှုရတာဟာ ရိုးရိုး AMOLED မှာထက် သိသိသာသာ ပိုကောင်း ပါတယ်။ Screen ကို နေရောင်ထဲမှာ ကြည့်ရင်လည်း အဆင်ပြေပြေ ကြည့် နိုင်ပါတယ်။ ဟိုဘက်နှစ်တွေမှာ နာမည်ကျော်ခဲ့တဲ့ Samsung Galaxy S, Google Nexus S နဲ့ Samsung Focus Handset တွေမှာ ဒီနည်းပညာကို သုံး ပါတယ်။ Super AMOLED Plus ကတော့ Galaxy SII နဲ့အတူ နာမည်ကျော် လာတဲ့ နည်းပညာဖြစ်ပါတယ်။ ရှေ့မှာထွက်ခဲ့တဲ့ AMOLED နဲ့ Super AMOLED တို့နဲ့စာရင် သူက ပါဝါအစား ပိုသက်သာပြီး Screen မှာပေါ်တဲ့ ပုံတွေကိုလည်း ပိုပြီးတောက်ပစေပါတယ်။ Samsung Infuse 4G Samsung Galaxy SII နဲ့ Samsung Droid Charge တွေမှာ ဒီနည်းပညာကို သုံးခဲ့ပါတယ်။ Super AMOLED Advanced ကတော့ Motorola က ထုတ်ဖော်ခဲ့တဲ့ နည်းပညာ ဖြစ်ပါတယ်။

Super AMOLED တွေမှာထက် ပိုပြီးတောက်ပတဲ့ ရုပ်ပုံတွေကို ထုတ်ဖော်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဓိက အားသာချက် က ပိုပြီး Resolution ကောင်းတဲ့ Screen တွေကို အထောက်အပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ တခြားသော AMOLED စနစ်တွေက 800*480 (WVGA) ကို အထောက် အပံ့ပေးနိုင်ချိန်မှာ သူက 960*540 (q HD) ကို အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒီပုံဖော် နည်းပညာကိုတော့ Motorola Droid RAZR မှာ တွေ့နိုင်ပါ တယ်။ Hd AMOLED PLUS ကတော့ HD Screen Resolution ဖြစ်တဲ့ 1280*720 ကို ပုံဖော်နိုင်တဲ့နည်းပညာပါ။ ဒီနည်းပညာက ပိုပြီးတိုးတက် လာပြီမို့ အခုဆိုရင် Full HD (1920*1080) ကိုတောင် အထောက်အပံ့ပေး နိုင်ပါတယ်။ Samsung Galaxy Tab 7.7, Samsung Galaxy SIII နဲ့ Samsung Galaxy Note တွေမှာ HD AMOLED နည်းပညာသုံးထားတာ တွေ့နိုင်ပါတယ်။ AMOLED က ပိုကောင်းတဲ့ ရုပ်ထွက်ကို ပေးတယ်ဆိုပေမယ့် လူတိုင်း အတွက် လိုအပ်ချင်မှ လိုအပ်မှာပါ။ သာမန် AMOLED Screen သုံးထားတဲ့ Handset တွေ တောင် အတော်ဈေးကြီးနေပြီဆိုတော့ သူ့ထက်ပိုကောင်းတဲ့ AMOLED ဟာ ဈေးအရမ်းကြီးမယ်ဆိုတာ သံသယမရှိပါနဲ့။ အဲဒီတော့ AMOLED သုံးသင်၊့ မသုံးသင့် စဉ်းစားမယ်ဆိုရင် (၁) မိတ်ဆွေဟာ ပိုက်ဆံကို ခပ်ချောင်ချောင်ရှာလို့ရပြီး ခပ်ပေါပေါ သုံးတတ်သလား။ (၂) ဖုန်းပေါ်က ရုပ်ထွက်ဟာ အပျံတကာ့ အပျံစားဖြစ်မှ ကြိုက်တာလား။ (၃) ဘက်ထရီ ပြန်ပြီး အားသွင်းဖို့ မလွယ်တဲ့ နေရာတွေမှာချည်း ဖုန်းကို တစ်လျှောက်လုံး သုံး နေရသလား။ (၄) ဖုန်းပေါ်မှာ ဂိမ်းဆော့တဲ့အလုပ်နဲ့ ဗီဒီယိုကြည့်တဲ့ အလုပ်ကို ဝါသနာထုံသလားဆိုတဲ့ အချက်လေးချက်ပေါ် မူတည်ပြီး စဉ်းစားသင့်ပါတယ်။

 


Ref : yoyarlay









Tuesday, 27 August 2013

SIM Card ရဲ့PIN / PUK Lock အကြောင်းနဲ့ Lock ကျရင်ဖြေရှင်းနည်း

Unknown | 27.8.13 | | | Best Blogger Tips




Network Lock ဖြစ်တာဖြည်ဖို့ အထောက်အပံ့ရအောင် Network Unlock Code
အလကားလုပ်ပေးမယ်ဆိုပြီး ပို့စ်တင်လိုက်တာ.. Sim Card Pin Lock
ကျတာဘယ်လိုဖြေရမလဲ မေးလာပြန်တယ်ခင်ဗျ.. ဒီပို့စ်အတွက် အဖြေလိုက်ရှာရင်း  
mm-mpxteam  မှာ ZawMyoOo ရေးထားလို့ ပြန်လည် မျှဝေလိုက်ပါတယ်..
မူရင်းအတိုင်းပါ..
 


-------------------------------




SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုလည်း အနော်သိသလောက်လေး ပြောချင်ပါတယ်ဗျ....
ပို့စ်ထပ်သွားရင်လည်း ခွင့်လွှတ်ပါခင်ဗျာ....
ဆာ့...ဆာကြီးတွေကတော့သိမှာပါ....
အနော်လို Beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......


PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....
မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...
တစ်ချို့
တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့
ထားတတ်ကြပါ... တစ်ချို့ကလည်း
လွင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card
ချိုးထားပီတဲ့
ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်....ဒီကဒ်အခွံမှာ
PUK Code တစ်ခါထဲပါပီသားပါ.....
Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း Sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....
အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....
SIM
lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့...
ဆိုင်ပြေးတာထက်စာရင်
ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...
အနော်လိုကလိတာ
ဝါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း
စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...
အကြောင်းအမျိုးမျိုးကြောင့်
ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..Unlock
ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က
ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...
- Unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK Code (၈) လုံးကို ရိုက်ထည့်ပေးပြီး OK  နှိပ်ပါ....
- PIN Number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး OK နှိပ်ပါ.....
-
နောက်တစ်ခေါက် PIN Number ကို Confirm လုပ်ခိုင်းပါလိမ့်မယ်....12345
လို့ထပ်ရိုက်ပေးပြီး OK နှိပ်လိုက်ပါ...ဒါဆိုရင် Sim Lock, ပြုတ်ပြီး
ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....
ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို Lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...
အနော်ကတော့မတိုက်တွန်းပါဘူး....Sim Card Lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ Antivirus
ဆော့ဝဲလ်တွေမှာ Sim Card Lock Function ပါတာတွေ အသုံးပြုထားရင်လဲ
မိမိတို့ရဲ့ ကဒ်ကို Lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့
အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့
တင်ပေးလိုက်ပါတယ်...


ဘာလို့  SIM Lock ချထားရပါသလဲ ဆိုရင် SIM Card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM Lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ
ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ Effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...
မလိုအပ်ရင်တော့ SIM Lock ကို ဖွင့်မထားပါနဲ့...
PIN Code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...
ပြင်ချင် Lock ချချင်သူများကတော့ မူလ PIN Code က 12345 သာဖြစ်ပါတယ် အဲတာကို ဝင်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..
ဒါဆိုအဓိကပြောချင်တာက
SIM Lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ.. 
ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ
မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...

**********************************
အနော်ရေးလိုက်တဲ့ပို့စ်ဟာ Bothers တို့အတွက် အသုံးဝင်သွားတယ်ဆိုရင် အနော်ပင်ပန်းရကြိုးနပ်တာပေါ့ဗျာ...

အဆင်ပြေပါစေဗျ.....



Credit :
mm-mpxteam 


 










Thursday, 1 August 2013

All Useful Codes for Nokia Mobiles (Nokia ဖုန်းတွေအတွက် Secret Codes များ)

Unknown | 1.8.13 | | Best Blogger Tips













Nokia Secret Codes တွေကို ဖုန်းဆိုင်တွေနဲ့ ဖုန်း အကြောင်းလေ့လာနေကြတဲ့ သူငယ်ချင်းများ လေ့လာလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...:)







All useful codes for Nokia mobiles




All  Nokia Useful Codes list below:
On the main screen type in:
*#06# for checking the IMEI (International Mobile Equipment Identity).
*#7780# reset to factory settings.
*#67705646# This will clear the LCD display(operator logo).
*#0000# To view software version.
*#2820# Bluetooth device address.
*#746025625# Sim clock allowed status.
#pw+1234567890+1# Shows if sim have restrictions.
*#92702689# - takes you to a secret menu where you may find some of the information below:
1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair - if found (0000)
5. Shows life timer of phone (time passes since last start)
*#3370# - Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone battery will drain faster though.
*#3370* - (EFR) deactivation. Phone will automatically restart. Increase battery life by 30% because phone receives less signal from network.
*#4720# - Half Rate Codec activation.
*#4720* - Half Rate Codec deactivation. The phone will automatically restart
If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345
Press *#3925538# to delete the contents and code of wallet.
Unlock service provider: Insert sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin# \
*#7328748263373738# resets security code.
Default security code is 12345
Change closed caller group (settings - security settings -user groups) to 00000 and ure phone will sound the message tone when you are near a radar speed trap. Setting it to 500 will cause your phone 2 set off security alarms at shop exits, gr8 for practical jokes! (works with some of the Nokia phones.) Press and hold "0" on the main screen to open wap browser.
* *3370# This Nokia code activates Enhanced Full Rate Codec.
* #3370# Deactivate Enhanced Full Rate Codec (EFR) .
* *#0000# Displays your phones software version, 1st Line : Software Version, 2nd Line : Software Release Date, 3rd Line : Compression Type
* 12345 This is the default security code .
* *#06# For checking the International Mobile Equipment Identity (IMEI Number) . This can be used with almost every Mobile Phone i.e Samsung, SE, LG etc.
* *#4720# Activate Half Rate Codec – Your phone uses a lower quality sound but you should gain approx 30% more Talk Time.
* *#4720# With this Nokia code you can deactivate the Half Rate Codec.
* *#9999# Phones software version if *#0000# does not work.
* #pw+1234567890+1# Provider Lock Status. (use the “*” button to obtain the “p,w” and “+” symbols).
* #pw+1234567890+2# Network Lock Status. (use the “*” button to obtain the “p,w” and “+” symbols) .
* #pw+1234567890+3# Country Lock Status. (use the “*” button to obtain the “p,w” and “+” symbols).
* #pw+1234567890+4# SIM Card Lock Status. (use the “*” button to obtain the “p,w” and “+” symbols) .
* *#147# This lets you know who called you last (Only vodofone).
* *#1471# Last call (Only vodofone) .
* *#21# This phone code allows you to check the number that “All Calls” are diverted to.
* *#2640# Displays phone security code in use .
* *#30# Lets you see the private number.
* *#43# Allows you to check the “Call Waiting” status of your cell phone.
* *#61# Allows you to check the number that “On No Reply” calls are diverted to .
* *#62# Allows you to check the number that “Divert If Unreachable (no service)” calls are diverted to .
* *#67# Allows you to check the number that “On Busy Calls” are diverted to
* *#67705646# Phone code that removes operator logo on 3310 & 3330
* *#73# Reset phone timers and game scores.
* *#746025625# Displays the SIM Clock status, if your phone supports this power saving feature “SIM Clock Stop Allowed”, it means you will get the best standby time possible .
* *#7760# Manufactures code.
* *#7780# Restore factory settings. With Some Models *#7370#
* *#8110# Software version for the nokia 8110.
* *#92702689# Displays – 1.Serial Number, 2.Date Made, 3.Purchase Date, 4.Date of last repair (0000 for no repairs), 5.Transfer User Data. To exit this mode you need to switch your phone off then on again.
* *#94870345123456789# Deactivate the PWM-Mem.
* **21*number# Turn on “All Calls” diverting to the phone number entered.
* **61*number# Turn on “No Reply” diverting to the phone number entered .
* **67*number# Turn on “On Busy” diverting to the phone number entered .
* press and hold # Lets you switch between lines.
IMEI number: * # 0 6 #
Software version: * # 0 0 0 0 # lub * # 9 9 9 9 #
Sim lock info: * # 9 2 7 0 2 6 8 9 #
Enhanced Full Rate: * 3 3 7 0 # [ # 3 3 7 0 # off]
Half Rate: * 4 7 2 0 #
Provider lock status: # p w + 1 2 3 4 5 6 7 8 9 0 + 1
Network lock status: # p w + 1 2 3 4 5 6 7 8 9 0 + 2
Provider lock status: # p w + 1 2 3 4 5 6 7 8 9 0 + 3
SimCard lock status: # p w + 1 2 3 4 5 6 7 8 9 0 + 4
1234567890 - MasterCode which is generated from IMEI



phone uses the best sound quality but talk time is reduced my approx. 5%
 #3370# Deactivate Enhanced Full Rate Codec (EFR) OR *3370#
*#4720# Activate Half Rate Codec – Your phone uses a lower quality sound but you should gain approx 30% more Talk Time.
 *#4720# Deactivate Half Rate Codec.
(5) *#0000# Displays your phones software version, 1st Line : Software Version, 2nd Line : Software Release Date, 3rd Line : Compression Type.
 *#9999# Phones software version if *#0000# does not work.
 *#06# For checking the International Mobile Equipment Identity (IMEI Number).
 #pw+1234567890+1# Provider Lock Status. (use the “*” button to obtain the “p,w”and “+” symbols).
#pw+1234567890+2# Network Lock Status. (use the “*” button to obtain the “p,w”and “+” symbols).
 #pw+1234567890+3# Country Lock Status. (use the “*” button to obtain the “p,w”and “+” symbols).
 #pw+1234567890+4# SIM Card Lock Status. (use the “*” button to obtain the “p,w” Go to Topand “+” symbols).
 *#147# (vodafone) this lets you know who called you last.
 *#1471# Last call (Only Vodafone).
*#21# Allows you to check the number that “All Calls” are diverted to
*#2640# Displays security code in use.
 *#30# Lets you see the private number.
*#43# Allows you to check the “Call Waiting” status of your phone.
 *#61# Allows you to check the number that “On No Reply” calls are diverted to.
*#62# Allows you to check the number that “Divert If Unreachable (no service)” calls are diverted to.
 *#67# Allows you to check the number that “On Busy Calls” are diverted to.
 *#67705646# Removes operator logo on 3310 & 3330.
 *#73# Reset phone timers and game scores.
 *#746025625# Displays the SIM Clock status, if your phone supports this power saving feature “SIM Clock Stop
Allowed”, it means you will get the best standby time possible.
 *#7760# Manufactures code.
 *#7780# Restore factory settings.
 *#8110# Software version for the nokia 8110.
 *#92702689# Displays – 1.Serial Number, 2.Date Made, 3.Purchase Date, 4.Date of last repair (0000 for no repairs), 5.Transfer User Data. To exit this mode you need to switch your phone off then on again. ( Favorite )
 *#94870345123456789# Deactivate the PWM-Mem.
 **21*number# Turn on “All Calls” diverting to the phone number entered.
 **61*number# Turn on “No Reply” diverting to the phone number entered.
**67*number# Turn on “On Busy” diverting to the phone number entered.
 12345 This is the default security code.
press and hold # Lets you switch between lines
 


NOKIA5110/5120/5130/5190
IMEI number: * # 0 6 #
Software version: * # 0 0 0 0 #
Simlock info: * # 9 2 7 0 2 6 8 9 #
Enhanced Full Rate: * 3 3 7 0 # [ # 3 3 7 0 # off]
Half Rate: * 4 7 2 0 #
Provider lock status: #pw+1234567890+1
Network lock status #pw+1234567890+2
Provider lock status: #pw+1234567890+3
SimCard lock status: #pw+1234567890+4
 


NOKIA 6110/6120/6130/6150/6190
IMEI number: * # 0 6 #
Software version: * # 0 0 0 0 #
Simlock info: * # 9 2 7 0 2 6 8 9 #
Enhanced Full Rate: * 3 3 7 0 # [ # 3 3 7 0 # off]
Half Rate: * 4 7 2 0 #
 


NOKIA3110
IMEI number: * # 0 6 #
Software version: * # 0 0 0 0 # or * # 9 9 9 9 # or * # 3 1 1 0 #
Simlock info: * # 9 2 7 0 2 6 8 9 #
NOKIA 3330
*#06#
This will show your warranty details *#92702689#
*3370#
Basically increases the quality of calling sound, but decreases battery length.
#3370#
Deactivates the above
*#0000#
Shows your software version
*#746025625#
This shows if your phone will allow sim clock stoppage
*4370#
Half Rate Codec activation. It will automatically restart
#4370#
Half Rate Codec deactivation. It will automatically restart
Restore Factory Settings
To do this simply use this code *#7780#
Manufacturer Info
Date of Manufacturing *#3283#
*3001#12345# (TDMA phones only)
This will put your phone into programming mode, and you’ll be presented with the programming menu.
2) Select “NAM1″
3) Select “PSID/RSID”
4) Select “P/RSID 1″

Note: Any of the P/RSIDs will work
5) Select “System Type” and set it to Private
6) Select “PSID/RSID” and set it to 1
7) Select “Connected System ID”
Note: Enter your System ID for Cantle, which is 16401 or 16423. If you don’t know yours, ask your local dealer for it.
 Select “Alpha Tag”
9) Enter a new tag, then press OK
10) Select “Operator Code (SOC)” and set it to 2050
12) Power down the phone and power it back on again
11) Select “Country Code” and set it to 302 for Canada, and 310 for the US.







 






Sunday, 23 June 2013

မလေးရှား က DiGi လိုင်းသုံးတဲ့ သူငယ်ချင်းများ အတွက်ပါ (DiGi လိုင်းသုံးသူတိုင်း လုပ်ထားစေချင်ပါတယ်)

Unknown | 23.6.13 | | Best Blogger Tips







အားလုံး သိကြမှာဖြစ်သလို အားလုံးလည်း DiGi ကို ဝိုင်းပြီ မေတ္တာပို့နေကြမှာပါ.. ကိုယ်တိုင်လည်း ခံခဲ့ရဖူးတာ ဆိုတော့လေ...:D



 ဒီနေ့မှ ညီမလေး တစ်ယောက်က မေးတာနဲ့ တိုက်ဆိုင်နေလို့ လုပ်ပေးရင်း မသိသေးတဲ့ သူငယ်ချင်းများလည်း ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်...။



ဒီလိုပါ.... အရေးကြောင်းရှိလို့ တစ်စုံတစ်ယောက်ဆီကို ဖုန်းခေါ်ရင် (တူတူ တူတူ) နဲ့ ဖုန်းခေါ်နေမှာပါ.. (တူတူ တူတူ) ဆိုတဲ့ အသံ (၆) ကြိမ်မြောက်မှာ တဖက်လူက ဖုန်း ကိုင်ချင်ကိုင် မကိုင်ရင်တော့ DiGi အော်ပရေတာ က သိကြတဲ့ အတိုင်းပါပဲ အော်တိုမက်တစ် တစ်မိနစ်စာ (၁၈ ပြားလား ဘယ်လောက်လဲတော့ သေချာ မမှတ်မိပါဘူး) ဖြတ်လိုက်တာပါ...(၁၀) ကြိမ်ခေါ်လို့ တဖက်လူက ဖုန်းမကိုင်ခဲ့ရင် (၁၀) ကြိမ်လုံး  ဘာစကားတစ်ခွန်းမှ မပြောလိုက်ရပဲ ပိုက်ဆံကို မတရား ခေါင်းပုံ ဖြတ်တာပါ...။







 အဲ့ပြဿနာကို အောက်က နည်းလေးအတိုင်း ဖြေရှင်းပေးလိုက်ပါ... အားလုံး ပြီးသွားရင်တော့ ဖုန်းကို မကိုင်မချင်း ခေါ်ပေးမဲ့အပြင် တဖက်လူက ဖုန်းမကိုင်ခဲ့ရင်လည်း သူ့ဘာသာသူ လိုင်းကျသွားစေမှာပါ.... မလိုအပ်ပဲ ပိုက်ဆံ မဖြတ်တော့ပါဘူး..





ပထမဆုံး   *128*1*9*3*4*1#  ကိုနှိပ်ပြီး Call ခလုတ်နဲ့ ခေါ်လိုက်ပါ...  ခဏစောင့်ပါ..။


  Your Voicemail Service(s) has been deactivated. ဆိုတဲ့


SMS တစ်စောင် ရောက်လာပါမယ်..။




 နောက်တစ်ခါ...


*128*1*9*3*3*1#  ကိုနှိပ်ပြီး စောစောကလို Call ခလုတ်နဲ့ ခေါ်ပါ....။


Missed Call Alert Only Activation Successful.  ဆိုတဲ့ SMS  တစ်စောင် ရောက်လာပြီဆိုရင်တော့ အခြား ဖုန်းတစ်လုံးနဲ့ မိမိဖုန်းကို ခေါ်ကြည့်လိုက်ပါ ...








မျှဝေပေးတဲ့ သူငယ်ချင်းကို ကျေးဇူးပါ... ဒါပေမဲ့ မမှတ်မိတော့တဲ့ အတွက် Credit မပေးနိုင်တာကို နားလည်ပေးပါ...:)










Thursday, 23 May 2013

ကီးခလုတ်တွေ နှိပ်စရာ မလိုဘဲ Recovery Mode ကို ဝင်ရအောင် ( Android One Click Rovery )

Unknown | 23.5.13 | | | Best Blogger Tips





ကျွန်တော်တို့တွေ ဖုန်းကို Recovery mode ဝင်ရင် ကီးတွေ တွဲနှိပ်ပြီး ဝင်ကြရတယ်မဟုတ်လား..

ကီးတွေအနှိပ်မှားရင်
Recovery mode ကို မရောက်ဘူးလေ.. ဒီတော့ ဆော့ဝဲလေး တစ်ခု ရလာပါတယ်..
ဘယ်ဖုန်းတွေကို Support ပေးသလဲတော့ မသိဘူး. ကျွန်တော့် Huawei မှာတော့
အလုပ်လုပ်ပါတယ်..

ဖုန်းမှာ USB Debugging ကို on ထားပြီး USB ကြိုးနဲ့ Computer မှာ ချိတ်လိုက်.. Driver သိပါစေ..

ပြီးရင်
ဒေါင်းလို့ရလာတဲ့ exe ဖိုင်ကို Install လုပ်လိုက်ပါ. ပြီးရင် Run
လိုက်ပါ..  ပေါ်လာတဲ့ဘောက်လေးထဲမှာ  Click To Enter Recovery
ဆိုတာကိုနှိပ်လိုက်ပါ.. ဖုန်းက Restart ကျသွားပြီး Recovery Mode
ကိုရောက်နေပါလိမ့်မယ်... နာမည်က Android One Click Recovery တဲ့ဗျား...



အဆင်ပြေပါစေ..



Download : 5.93 MB




Post of မောင်ပေါက်







Wednesday, 20 March 2013

LG ဖုန်းအတွက် All In One Root Toolkit

Unknown | 20.3.13 | Best Blogger Tips










Facebook Group(COA) တွေထဲက ညီငယ်လေး Chateau Man ရေးထားတဲ့





LG အတွက် root tool kit လေးပါ





အားလုံးအတွက် အသုံးလိုတဲ့ အခါအလွယ်တကူရရှိနိုင်အောင် ဒီနေရာလေးမှာ ပြန်လည်မျှဝေလိုက်ပါတယ်





ဒီ LG All In One Root Toolkit လေးမှာ ..LG ဖုန်းအမျိုးအစား 13 ခု ပါပါတယ်.. ပြီးတော့ .





 သူ့ ကို ပြုလုပ်ပုံအသေးစိတ်ကိုလဲ ..Read Me ဆိုပြီးတော့ထည့်ပေးထားပါ.. LG Driver လည်း တပါ 





တည်းထည့်သွင်းပေးထားပါတယ် 





Muziwan ဆော့ဝဲလ်လည်း ထည့်သွင်းပေးထားပါတယ်.ကျွှန်တော် အကြံ ပြုလိုတာကတော့ မိမိ တခုခု လုပ်တော့မယ်ဆိုရင် သူ နဲ့ 





သက်ဆိုင်တဲ့ Read Me လေးကိုဖက်စေချင်ပါတယ်. ဒီ LG တွေ ကသူများနဲ့ အတူပဲ ရှုပ်တဲ့ဟာတွေကအတော့ကို ရှုပ်လို့ ပါ.. 





ကျွှန်တော် စစမ်းတုန်းကဆို ခေါင်းတောင်ကိုတ်ပါတယ်.. လွယ်တဲ့ဟာတွေ ကြတော့လည်း Unlockroot နဲ့ တင်ပီးပါတယ်.





.ဒီ အထဲမှာ Unlockroot , Super One Click , Gingerbread , .bat , အစရှိတာတွေလည်း ပါဝင်ပါတယ်.





 နောက်တခု အနေနဲ့ က ကျွှန်တော်အကြိုတ်ဆုံး သီချင်း ( ရဲရင့်အောင် ရဲ့ လွမ်းလွန်းလို့ သီချင်းကို ထည့်ပေးထားပါ တယ် ) 



( ကျွှန်တော် သဲကိုအရမ်းလွမ်းလို့ လေ..ဟီးးကြောညာဝင်တာ )
 





root tool kit ကိုတော့ အောက်မှာဝင်ဒေါင်းလိုက်ပါ










password တောင်းလာရင် ChateauMan လို့ ထည့်ပါ







ကိုလတ်(ကျွဲဆင်း)