ဗက်တာ အင်းမေ့ခ်ျ ဆော့ဖ်ဝဲလ်တွေဟာ ဒီဇိုင်းပြုလုပ်ရာမှာ၊ အိုင်ကွန်းတွေ  ပြုလုပ်ရာမှာ၊ လိုဂိုတွေ ပြုလုပ်ရာမှာ သိပ်အသုံးဝင်တဲ့ ဆော့ဖ်ဝဲလ်တွေ  ဖြစ်ပါတယ်။ ထင်ရှားတာတွေကတော့ Adobe Illustrator, Corel Draw, Free Hand  စတာတွေ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်တွေဟာလည်း စွမ်းဆောင်အား ကောင်းသလို တန်ဖိုး  ကြီးပါတယ်။ ဆိုဒ်လည်း ကြီးပါတယ်။ ဆော့ဖ်ဝဲလ် တစ်မျိုးခြင်းဆီမှာ  အားနည်းချက် အားသာချက်တွေ ရှိပါတယ်။ အခု ကျွန်တှော လက်ရှိသုံးနေတဲ့  ဆော့ဖ်ဝဲလ် ကတော့ မိုက်ခရိုဆော့ဖ်က ထုတ်တဲ့ MS Expression  ဆိုတဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။ ဗက်တာပုံများသာမက၊ လေယာများကိုပါ ရောစပ်  အသုံးပြုနိုင်ပါတယ်။ အသုံးပြုရလည်း အရမ်းလွယ်ပါတယ်။ သာမာန်လူ တစ်ယောက်တောင်  ခဏလေးနဲ့ တတ်ကျွမ်းသွား နိုင်ပါတယ်။ ဆိုဒ်ကတော့ ၅၀ မက် နီးပါး ရှိပါတယ်။ [Character Creation] တကယ်လို့ ဒါကိုမှ မသုံးချင်သေးဘဲ ခပ်သေးသေးနဲ့ စွမ်းဆောင်အား ကောင်းလွန်းတဲ့ ဆော့ဖ်ဝဲလ်ကို သုံးမယ် ဆိုရင်တော့ Inkscape  ဆိုတာကို သုံးဖို့ အကြံပြုချင်ပါတယ်။ ဒီဆော့ဖ်ဝဲလ်ဟာ အခမဲ့ဖြစ်ပြီး  အလွန်ကောင်းမွန်တဲ့ အတွက် ယခုအခါ လူတော်တော်များများ သုံးစွဲနေကြပါတယ်။  သူနဲ့ ဖန်တီးထားတဲ့ အချို့ပုံတွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ [Screenshots]
[MS] http://www.microsoft.com/products/expression/en/graphic_designer/default.mspx
[Inkscape] http://www.inkscape.org/
[MS] http://www.microsoft.com/products/expression/en/graphic_designer/default.mspx
[Inkscape] http://www.inkscape.org/






 

0 comments:
Post a Comment