သင့် Hard Disk Partition ထဲမှ အရေးကြီးတဲ့ Data တွေ မတော်တဆ Delete လုပ်မိရင်ပဲဖြစ်ဖြစ်၊ Partition မှားယွင်းပြီး Format  ချမိရင်ပဲဖြစ်ဖြစ်၊ file တွေကို recovery software များအသုံးပြုပြီး  ပြန်လည်ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရှာဖွေမယ်ဆိုရင် Hard disk ကို  လက်ရှိ အသုံးပြုနေတဲ့နေရာမှာ ထပ်ပြီး data တွေ save မလုပ် ဖို့တော့  လိုအပ်ပါလိမ့်မယ်။ ဒါမှသာ file တွေကို မပျက်မဆီး မဆုံးရှုံးပဲ  ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ recovery software တွေဟာ internet ပေါ်မှာ  အများအပြားရှိပေမယ့် အခမဲ့အသုံးပြုနိုင်မယ့် Top Ten Free Recovery  Software တွေကို ဖော်ပြပေးလိုက်ပါတယ်။
TOKIWA DataRecovery
 TOKIWA  DataRecovery Software ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်  အသုံးပြုနိုင်တာကြောင့် လူကြိုက် များပါတယ်။ ထို့ပြင် ဆုံးရှုံးသွားတဲ့ file  တွေကို ပြန်လည်ရှာဖွေပေးရာမှာလည်း file တွေကို အများဆုံး ပြန်ရှာ  ပေးနိုင်ပြီး Data Lost ဖြစ်မှုနည်းအောင် ပြုလုပ်ပေးနိုင်တဲ့ Recovery  Software တစ်ခုဖြစ်ပါတယ်။
TOKIWA  DataRecovery Software ကို အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်  အသုံးပြုနိုင်တာကြောင့် လူကြိုက် များပါတယ်။ ထို့ပြင် ဆုံးရှုံးသွားတဲ့ file  တွေကို ပြန်လည်ရှာဖွေပေးရာမှာလည်း file တွေကို အများဆုံး ပြန်ရှာ  ပေးနိုင်ပြီး Data Lost ဖြစ်မှုနည်းအောင် ပြုလုပ်ပေးနိုင်တဲ့ Recovery  Software တစ်ခုဖြစ်ပါတယ်။RECUVA

C  Cleaner မှ ထုတ်လုပ်တဲ့ Recovery Software ဖြစ်ပါတယ်။ အခမဲ့ ရရှိတဲ့  Recovery Software တွေထဲမှာ လူသုံးများတဲ့ Software တစ်ခုဖြစ်ပါတယ်။  Install ပြုလုပ်ရာမှာ လွယ်ကူပြီး USB နှင့် Memory Card ထဲမှ file တွေကို  Recuva ရဲ့ Latest Version မှာ ရရှိနိုင်မှာဖြစ်ပြီး၊ Data တွေကို  အလွယ်တကူနဲ့ Restore ပြန်လုပ်ပေး နိုင်မှာ ဖြစ်ပါတယ်။
SOFTPERFECT FILE RECOVERY

Delete  လုပ်မိတဲ့ Data ကို Undelete ပြန်လုပ်ဖို့အတွက်ကတော့ Soft Perfect file  software က စွမ်းဆောင် နိုင်မှာဖြစ်ပါတယ်။ Hard Disk ပေါ်မှာဆိုရင် FAT 12  ကနေ NTFS Partition တွေအထိ အသုံးပြုနိုင်မှာဖြစ်ပြီး USB နှင့် Memory Card  တွေက file တွေကိုလည်း Recovery လုပ်နိုင်မှာ ဖြစ်ပါတယ်။
PC INSPECTOR FILE RECOVERY

PC  Inspector File Recovery ဟာ FAT နဲ့ NTFS Format ပေါ်မှာရှိတဲ့ file တွေကို  ပြန်လည် Restore လုပ်နိုင်ရုံသာမက Partition ကို Format ချမိတဲ့အခါမှာလည်း  Data တွေကို ပြန်ရှာဖွေပေးနိုင်မယ့် အသုံးဝင်တဲ့ Recovery Software  တစ်ခုဖြစ်ပါတယ်။
 GLARY UNDELETE

FAT  12, 32 နဲ့ NTFS Format တွေပေါ်မှာ မူရင်း file များကို  ပျက်ဆီးမှုအနည်းဆုံးနဲ့ ပြန်လည်ရှာဖွေ ပေးနိုင်မည့် Recovery Software  ဖြစ်ပါတယ်။ Windows 95 မှာ Windows 7 အထိ မည်သည့် OS တွင်မဆို  အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Hard Disk တွေမှာသာမက Memory Card နဲ့ USB  Stick တွေပေါ်မှာပါ အသုံးပြု နိုင်မှာဖြစ်ပါတယ်။
FREE UNDELETE

Free  Undelete ဟာ file တွေကို မှားယွင်းဖျက်မိတဲ့အခါ ပြန်လည်ရှာဖွေပေးနိုင်တဲ့  Recovery Software တစ်ခုဖြစ်ပါတယ်။ ဒီ Software ဟာ FAT 12, FAT 32 နဲ့ NTFS  Format တွေပေါ်မှာ အသုံးပြုထားတဲ့ file တွေပေါ်မှာ အသုံးပြုထားတဲ့ file  တွေကို ရှာဖွေရာမှာ အသုံးဝင်တဲ့ အခမဲ့ Freeware တစ်ခုဖြစ်ပါတယ်။
UNDELETE PLUS

အသုံးဝင်တဲ့  Recovery Software ဖြစ်ပါတယ်။ ဒီ Software ကို Install မလုပ်ဘဲ  အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူတဲ့အတွက် လူကြိုက်များတဲ့  စာရင်းမှာ ပါဝင်ပါတယ်။ FAT 12, FAT 32 နဲ့ NTFS Format တွေသာမက USB နဲ့  Memory Card တွေပေါ်က ဓာတ်ပုံဖိုင်တွေကိုပါ ပြန်လည်ရှာဖွေနိုင်မှာ  ဖြစ်ပါတယ်။
PANDORA RECOVERY

အလွန်ကို  အံ့သြဖို့ကောင်းပြီး သုံးစွဲသူနှစ်လိုဖွယ်ဖြစ်စေမယ့် Recovery Software  ဖြစ်ပါတယ်။ Hard Disk ပေါ်မှ ပျက်ဆီးပျောက်ဆုံးသွားတဲ့ Data တွေကို restore  ပြန်လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှားယွင်း ဖျက်မိတဲ့  ဖိုင်တွေကိုလည်း Recycle Bin ထဲကနေ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်မှာ  ဖြစ်ပါတယ်။
ADRC DATA RECOVERY PLUS

အသုံးပြုသူတွေ  အလွယ်တကူ အသုံးပြုနိုင်မယ့် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ software  ဖြစ်ပါတယ်။ ရိုးရှင်းပြီး၊ စွမ်းဆောင်ရည်မြင့်မားတဲ့ လူကြိုက်များတဲ့  software တစ်ခုဖြစ်ပါတယ်။ Install လုပ်ဖို့ လိုပေမယ့် Restore ပြုလုပ်ရန်၊  Backup ပြုလုပ်ရန်နှင့် Hard Disk ကို Image File ပြုလုပ်ရန်  လွယ်ကူမှုတွေကြောင့် ထိပ်တန်း စာရင်းဝင်တဲ့ software တစ်ခုပဲဖြစ်ပါတယ်။
AVIRA UNERASE PERSONAL

Avira Antivirus က ထုတ်လုပ်တဲ့ အခမဲ့ software ဖြစ်ပါတယ်။ Delete လုပ်မိတဲ့ ဖိုင်တွေကို အလွယ်တကူ Restore ပြန်လုပ်နိုင်မှာဖြစ်ပြီး virus ဖျက်ဆီးလိုက်သည့် ဖိုင်တွေကို အလွယ်တကူ Restore ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
မူရင်းရေးသားသူက ဒီမှာပါ
Source :
(1)အင်တာနက်ဂျာနယ်(ဇူလိုင် (၂၉)ရက်၊ ၂၀၁၀ ခုနှစ်)-http://www.myanmarinternetjournal.com
(2)http://www.raymond.cc/blog/archives/2008/01/24/top-10-free-data-recovery software/
(1)အင်တာနက်ဂျာနယ်(ဇူလိုင် (၂၉)ရက်၊ ၂၀၁၀ ခုနှစ်)-http://www.myanmarinternetjournal.com
(2)http://www.raymond.cc/blog/archives/2008/01/24/top-10-free-data-recovery software/






 

0 comments:
Post a Comment