သင့်ရဲ့  Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ   ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။   အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက်   ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။
အဲဒီအတွက် အကုန်အကျသက်သာမယ့်  ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့  အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့်  Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့  အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က  လက်တွေ့ စမ်းသပ်ထားတဲ့  အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့  xp နဲ့ vista  ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM  လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို   ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM  ထုပ်လုပ်တဲ့  Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ  အနည်းဆုံး 1GB  ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB  ရှိရမှာပါ။ RAM  ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ  ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး  ပရိုဂရမ်များကိုလည်း  တပြိုင်တည်းအသုံးပြုနိုင်လိမ့်
မယ်လို့ သိရပါတယ်။
Laptop  မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM  ပမာဏ 1GB  နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး  RAM ပမာဏ  2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ  အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့်  Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့   အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ   အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။   သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ   ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ   ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
 အဲဒီအခါမှာ သင်က ကွန်ပြူတာကို  ဖိုင်တခု(သို့)application တခုကို  ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့်  ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk  ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက  သင်လိုချင်တာကို တစစီလိုက်ကောက်  ပေးနေရတဲ့အတွက်  အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့  စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း  ကွန်ပြူတာဖွင့်တဲ့နေရာမှာ  ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။  နောက်ပြီး ပရိုဂရမ်တွေကို  ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။  နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့  ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို  Hard Disk ရဲ့  အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို  ရှာခိုင်းခဲ့ပါတယ်။  ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို  တွေ့ဖို့ ၂၂  စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆  စက္ကန့်သာ  အချိန် ကြာခဲ့ပါတယ်။
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့  Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ   သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။   ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။   ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ   တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့်   ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ   ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့  Google Talk,iTune, Quicktimeplayer တို့လို  ပရိုဂရမ်ဖိုင်တွေကို  ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP  မှာ Start – Run  ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig  ဆိုပြီးရိုက်ထည့်လိုက်ပါ။  ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup  ဆိုတဲ့ခေါင်းစဉ်အောက်မှာ  ကွန်ပြူတာဖွင့်ဖွင့်ချင်း  အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့  အမှတ်လေးတွေ့ရင်  ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့  Search box  ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ  သင့်အနေနဲ့တခုသတိထားရမှာက  ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system  ဖိုင်တွေကို  သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ်  program တွေကို  ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့်  နားလည်တတ်ကျွမ်းတဲ့  မိတ်ဆွေတွေကို အကူညီတောင်းပြီး  လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။  မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့  အင်တာနက်ပေါ်က  အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier  (www.pcdecrapifier.com
 ) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့  ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြ
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
 သင့်  Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry   တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို   စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက်   စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop   နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့   ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။   အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7   ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ
Laptop  မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး  ၀င်းဒိုး XP  သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂  ခုနဲ့ Hard  Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။  အဲဒီအမှားတွေကို ပြန်လည်  ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP  ၀င်းဒိုးသုံး Laptop ဟာ  အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂  စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း  ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊  registry  အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို  တွေ့ရပါတယ်။  အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို  အသုံးပြုကြည့်တဲ့အခါမှာ  အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။
၅။ Search Indexing ကိုပိတ်ထားပါ
Search  Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop  နှေးကွေးသွားပါလိမ့်မယ်။  အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista  နှစ်ခုစလုံးမှာ  နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk  ဆီကိုသွားပါ။ Hard Disk  အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး  Properties ကို  နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab  အောက်က “Allow  Indexing Service to index this disk for fast file  searching” ကို  အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်  သင် Search  Indexing ကို ပိတ်ပြီးသွားပါပြီ။
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
 Spyware  ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့  ဆော့ဖ်ဝဲတမျိုးပါဘဲ။  အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက  သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊  သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware  ထုတ်လွှတ်လိုက်သူထံ  တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေ
အဲဒီ Spyware တွေကို  ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy  ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en
 ) မှာဒေါင်းလုပ်ပါ။ ပြီးတော့  သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို  အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ်
 စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot  Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို  ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ  တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google  Toolbar နဲ့ တခြား  Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update   လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို   အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို   ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။
သင့်  ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက  သင့်အနေနဲ့  မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး  properties ကို  ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့  ဘေးအကွက်ထဲမှာ manual  ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့  စမ်းသပ်မှုအရ ကွန် ပြူတာ  ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
 http://www.facebook.com/mmiteb
  
Thursday, 3 November 2011
Laptop Speedကိုမြန်အောင်ပြန်လုပ်မယ်
Unknown | 3.11.11 | နည်းလမ်းများ 






 
0 comments:
Post a Comment