Microsoft   မှ Fix it Center  ဟုခေါ်သော အွန်လိုင်းနှင့် PC အခြေပြု tool တစ်ခုကို    စမ်းသပ်စစ်ဆေးလျက်ရှိပြီး ၎င်း tool ဟာ Windows အတွင်းရှိ    နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း    ပြောကြားခဲ့ပါတယ်။
Microsoft ၏ Fix it  Center ဟာ Windows 7 ရှိ diagnostics ကို   ပိုမိုကောင်းမွန်စေပြီး Windows  XP နှင့် Windows Vista တို့ရှိ Setting   နှင့်ဆင်တူကြောင်း သိရှိရပါတယ်။  Microsoft ၏ tool အသစ်ဟာ beta version   အနေဖြင့်သာရှိပြီး download  ပြုလုပ်၍သော်လည်းကောင်း   အွန်လိုင်းချိတ်ဆက်၍သော်လည်းကောင်း  အသုံးပြုနိုင်ပါတယ်။ ထို Fix it  Center  ဟာ ကွန်ပျူတာအတွင်းရှိ  ပြဿနာအရပ်ရပ်ကို အလိုအလျောက်   ရှာဖွေပြင်ဆင်ပေးနိုင်သလို ပြဿနာအသစ်များ  ထပ်မံမဖြစ်ပွားရန်လည်း   ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။ Fix it Center  ဟာ Windows XP, Windows   Vista နှင့် Windows 7 တို့အတွင်း  ထည့်သွင်းအသုံးပြုနိုင်သလို Windows   Server 2005 (Service Pack 2) နှင့်  Windows Server 2008 တို့တွင်လည်း   အသုံးပြုနိုင်ပါတယ်။ Windows XP  အနေဖြင့် Service Pack 3 နှင့် 64-bit   version Service Pack 2 တို့တွင်သာ  အသုံးပြုနိုင်မှာဖြစ်ကြောင်း Microsoft   မှပြောကြားခဲ့ပါတယ်။ 
 Src: World Wide Myanamr 
                    (or)






 


0 comments:
Post a Comment