tony: ကျွှန်တော့်ကို router အသုံးပြုနည်းအသေးစိတ်လောက်ပြောပေးပါလားခင်ဗျာ သုံးကြည့်ချင်လို့ပါ...။
မသိသေးသူများလည်း ဗဟုသုတ ရအောင် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။
Cisco နည်းပညာသုံး Linksys firewall Router တစ်လုံးအားတွေ့ ရပုံ |
Router ဆိုတာကိုအရင်ပထမဆုံးရှင်းပြပါ့မယ်..ဒါမှသာ Router Function ကိုနားလည် ပြီးဆက်ဖတ်လို့ ရမှာဖြစ်ပါတယ်.....နောက်ပြီးလူပြောများတဲ့ Router ဆိုတာဘာလဲဆိုတာ ကိုကျွန်တော်နားလည်သလောက်ရှင်းပြထားတာဖြစ်ပါတယ်...
Router အလုပ်လုပ်ဆောင်ပုံ
Router ဆိုတာအတိုဆုံးပြောရရင်တော့လမ်းကြောင်းရှာပေးတဲ့ device ဖြစ်ပါတယ်.....သူရဲ့ အလုပ်လုပ်ပုံကမတူညီတဲ့ Network နှစ်ခုကိုတစ်ပြိုင်နက်တည်းချိတ်ဆက်ပေးခြင်းအလုပ်ကိုလုပ်ပါတယ်။(မတူညီတဲ့ network ဆိုတာက...ဥပမာ...ကိုယ့်ရုံးမှာအင်တာနက်သုံးတယ်..အင်တာနက်အတွက် IP Address က172.19.22.101 ဖြစ်တယ်ဆိုပါစို့ ....သူက IP Address တစ်ခုပါ....နောက်ကိုယ်သုံးမယ့်စက်...ကိုယ့်လိုပဲအခြားသူတွေသုံးမယ့်...IP Range က 192.168.2.1-to-254ဖြစ်တယ်ဆိုပါစို့ ......Router က ကိုယ့်ရဲ့ Local Network ထဲမှာရှိတဲ့ 192.168.2.1 ကနေ 192.168.2.254 အထိကိုယ်သတ်မှတ်ပေးထားတဲ့ ကွန်ပျူတာတွေကို Internetရအောင်၊ နောက် Local မှာဆို file sharing တွေသုံးလို့ ရအောင်လမ်းကြောင်းတွေသတ်မှတ်ပေးတယ်.....မတူညီတဲ့ IP နှစ်ခုရှိတဲ့ network နှစ်ခုကိုချိတ်ဆက်ပြီးလမ်းကြောင်း(Route) လုပ်ပေးတာပါ....)တစ်နည်းအားဖြင့်ပြောရရင်တော့ Server အစားထိုးသုံးစွဲတာဖြစ်ပါတယ်......Router ကတော့ Server တွေထက် Power Consumption သက်သာသလို
နေရာအထားအသိုမခက်ခဲပါဖူး...ဒါပေမဲ့ Router တွေက Server တွေထက်ပိုပူတတ်ပါတယ်...ပူလာရင် hang တတ်ပါတယ်.....ထားပါတော့...ဒါကတော့ကြုံလို့ ပြောတာပါ......Router တွေက စာလိုပြောရရင် OSI 7 Layer က Layer 3 မှာအလုပ်လုပ်ပါတယ်...ခုဆိုရင် Router တွေကို Lan Port 4 Ports နဲ့ Wireless ပါရတဲ့ အထိ Function တွေစုံလင်လာပါပြီ....Ethernet Switches တွေနဲ့ ချိတ်ဆက်မယ်ဆိုရင်တော့ကွန်ပျူတာအလုံး 200 ကျော်အထိသုံးစွဲလို့ ရနိုင်ပါပြီ.........Brand တွေလည်းမျိုးစုံရှိသလို ခုခေတ်မှာအကောင်းဆုံးနာမည်အကြီးဆုံးနဲ့ နည်းပညာ
အကောင်းဆုံးကတော့ Cisco Router တွေပါပဲ....
ဒါကတော့ Router ရဲ့ လုပ်ဆောင်ပုံလေးတွေပေါ့ဗျာ...wireless ပိုများပါတယ်.. |
ဒီပုံလေးကိုကြည့်ရင် Router လုပ်ဆောင်ချက်ကိုနားလည်နိုင်မှာပါ |
သမားရိုးကျ Router များနှင့် Cisco Router များကွာခြားချက်
အခြားသော Router တွေကတော့ဗျာ...သူ့ လောက်နည်းပညာမမြင့်ပါဖူး......နည်းနည်းထပ်ရှင်းရမယ်ဆိုရင်....Router တိုင်းမှာRouting Table ဆိုတာရှိတယ်ဗျ....ခုနကပြောခဲ့သလိုမတူညီတဲ့ network နှစ်ခုကိုချိတ်ဆက်တော့မယ်ဆိုရင် အဲဒီ Networkနှစ်ခုရဲ့ IP နှစ်ခုကို Router ထဲမှာ ထည့်ပြီးတော့သတ်မှတ်လိုက်တယ်ဆိုရင်.....သာမန်Router တွေကအလုပ်လုပ်ပါပြီ.....သူက default route table ပဲသတ်မှတ်ထားတာကိုကျွန်တော်တို့ က IP Range တွေထည့်ပြီးတော့အသုံးပြုကြတာဖြစ်ပါတယ်...ဒီလိုလုပ်ဆောင်ပုံကသာမန်သမားရိုးကျနည်းပညာနဲ့ သမားရိုးကျ Router တွေအလုပ်လုပ်ဆောင်ပုံဖြစ်ပါတယ်...
D-Link Router |
Cisco Router တွေကတော့ Open Source ဖြစ်ပါတယ်...သူက Internetwork Operating System(IOS ) နဲ့ အလုပ်လုပ်ပြီးတော့ default ROM နဲ့ အလုပ်လုပ်တဲ့အခြား Router တွေနဲ့ကွာခြားမှုတွေရှိပါတယ်...ဘယ်လိုကွာလဲဆိုရင်....အခြားသော Router တွေကdefault Rom ပေါ်မှာ Routing table ရေးထားပြီးသားကိုအချက်အလက်( IP တွေ)ထည့်ပြီးအသုံးပြုရုံသာဖြစ်ပေမယ့်....Cisco Router တွေကတော့ PC တစ်လုံးလို Boot Process (သူ့ ထဲမှာရှိတဲ့ system devices ...CPU,RAM...)တွေပါဝင်ပြီးတော့ PC လိုမျိုး Boot တက်ပြီးတော့မှသုံးလို့ ရပါတယ်..နောက် Boot Process ပြီးတော့ Routing Table ကိုကိုယ်တိုင် အစအဆုံးကိုယ်တိုင်သတ်မှတ်ပေးလို့ ရပါတယ်.....console cable တွေနဲ့ CLI ထဲဝင်ပြီး Management လုပ်ရတာဖြစ်သလို ...Router မှာပါဝင်တဲ့ ports တွေကိုကိုယ်မသုံးတဲ့ ဟာတွေကို ပိတ်ထားလို့ ရသလို VLAN လည်းလုပ်လို ရပါတယ်.....Routing တွေကိုလည်း RIP,BGP,EIGRP အစရှိတဲ့ Routing Methods တွေနဲ့ ကိုယ်သတ်မှတ်ချင်သလိုသုံးလို့ ရပါတယ်...ဒီထက်လည်း Cisco ရဲ့ အခြားသောနည်းပညာတွေကိုခုဆိုရင်စာမေးပွဲတွေနဲ့ စစ်ဆေးပြီးအတည်ပြုခဲ့တာ..ခုအချိန်မှာတော့CCNA( Cisco Certified Network Associate) ကနာမည်ကြီးပါတယ်... နောက်ထပ် CCNP,CCIE တို့ ကလည်နာမည်ကြီးပြီး..အဲဒီစာမေးပွဲတွေအောင်မြင်တဲ့ Cisco ရဲ့ နည်းပညာကျွမ်းကျင်
သူတွေဟာ network ပညာရှင်တွေအဖြစ်ပွဲလယ်တင့်ကြစမြဲပါ......
Cisco နည်းပညာသုံး Linksys Router ( Cisco Router အစစ်မဟုတ်ပါ...Cisco နည်းပညာသုံးထားခြင်းသာဖြစ်ပါသည်) |
Cisco Router |
Router များအားအသုံးပြုခြင်း
D-Link,Belkin,Aztech,Netgear,Linksys,...အစရှိသော company များက Router များနှင့် network
ဆက်စပ်ပစ္စည်းများအားရောင်းချပါတယ်..အဲဒီ Router တွေကိုတော့ Small Office Home Office(SOHO) Network ငယ်များ..အင်တာနက်ဆိုင်များနှင့်အလယ်အလတ်တန်းစား Company များ
တွင်အသုံးပြုကြပါသည်။
Cisco Router များကိုတော့ ISP များ ( လက်ရှိ မြန်မာနိုင်ငံ MPT core Network များတွင်အသုံးပြုနေပါ
သည်။) mobile companies များ ...Internet Local Service Provider များနှင့် Enterprise Network
ကြီးများတွင်အသုံးပြုကြပါတယ်......
Router များအလားအလား
နောက်ပိုင်းတွင် cloud computing များထွန်းကားလာလျှင် Router များလည်းပိုပြီးအရေးပါသော
နေရာမှရပ်တည်လာနိုင်မည်ဖြစ်ပြီး Functions များလည်းတစ်ဖြည်းဖြည်းစုံလင်ကာကျွန်တော်တို့ 
လိုအပ်ချက်များကိုဖြည့်တင်းနိုင်မည်ဟုမျှော်လင့်ရပါသည်။
အဟဲ..ဟဲ....
နောက်တစ်ခုကတော့ဈေးတွေပေါ့ဗျာ...Cisco Router တွေကတော့ function တွေစုံသလောက်
ဈေးတွေလည်းမြောက်တယ်ဗျ....အခြား Router တွေထက်ကိုအဆတော်တော်များများကွာခြား
တယ်ဗျ....အဲဒါကြောင့် ခုနောက်ပိုင်းဈေးကျတဲ့အထဲမှာ Cisco Router တွေကော...ရိုးရိုးRouter
တွေပါ......ပါဝင်ပါစေလို့ 
ပညာဗဟုသုတိုးပွားကြပါစေ
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ----။
ReplyDelete