ခုလတ်တလောနောက်ဆုံးထွက်တဲ့ Android ဖုန်း Samsung Galaxy S4 Mini I9195 ကို Root လုပ်ပြီး CWM Recovery သွင်းနည်းလေးတင်ပေးလိုက်ပါ။
* မိမိဖုန်းကို “Settings -> Applications -> Development -> USB debugging” onထားလိုက်ပါ။
ဒေါင်းလို့ရလာတဲ့ Galaxy S4 Mini Root.Zip ဖိုင်ကိုဖြည်လိုက်ပါ။
ဖြည်လို့ရလာတဲ့ထဲက Odin3 v3.07.exe ကို PC မှာဖွင့်ထားလိုက်ပါ။
မိမိS4 Mini လေးကို Power ပိတ်လိုက်ပါ။ မိမိဖုန်း Download
mode ထဲကိုဝင်နိုင်ရန်အတွက် volume down + home + power button
တွေကိုတပြိုင်နက်တည်း
တအောင်.လောက်ကြာအောင်တပြိုင်နက်တည်းဖိနှိပ်ထားပါ။ Download Mode
ထဲကိုရောက်သွားပါလိမ့်မယ်။
မိမိဖုန်းကို USB Cable နဲ.PC ဖြင့်ချိတ်ဆက်လိုက်ပါ။ Odin မှာရှိတဲ့ PDA ကိုကလစ်လိုက်ပြီး
GT-I9195_MF5_870901_kernel.tar.md5 ကိုထည့်လိုက်ပါ။
ပြီးလျှင် Start ကိုနှိပ်လိုက်ပါ။
OdinမှာPass လို့ပေါ်လာပြီး
ဖုန်းက Auto Rebootြ ဖစ်သွားပါလိမ်.မယ်။ Reboot ပြန်တက်လာရင်တော့ မိမိ S4
Mini လေးကို Root လုပ်လို့အောင်မြင်ပြီ ဖြစ်ပါတယ်။
CWMသွင်းမယ်
မိမိဖုန်းကို Root လုပ်ပြီးသည်နဲ့တပြိုင်နက် CWM လည်းသွင်းထားသင့်ပါတယ်။
ဖုန်းကို PC နဲ့ပြန်ချိတ်ဆက်လိုက်ပါ။
Odin ကိုဖွင့်လိုက်ပြီး PDA မှာပဲ စောစောကဒေါင်းထားတဲ့ Galaxy S4 Mini Root.Zip ဖိုင်ထဲက recovery-clockwork-6.0.3.3-serranoltexx.tar.md5 ဖိုင်ကို ထည့်လိုက်ပါ။
Start ကိုနှိပ်လိုက်ပါ။
CWM Recovery ကို Flash လုပ်ပါလိမ့်မယ်။ဖုန်းက Reboot ဖြစ်သွားပါမယ်။
Reboot ပြန်တက်လာရင် S4 Mini လေးဟာ CWM Recovery
သွင်းပြီးသားလည်းဖြစ်သွားပါပြီ။
အားလုံးအဆင်ပြေပါစေခင်ဗျာ။
Android Version 4.1 xxx အတွက်မြန်မာစာ & ကီးဘုတ် ကို ဒီနေရာက Apk လေးနဲ့ အလွယ်တကူသွင်းနိုင်ပါတယ်..။
Credit : AndroidApkUser
0 comments:
Post a Comment