Thursday, 19 September 2013

Android နဲ့ iOS အပေါ် User တွေ ဘယ်လောက်သစ္စာရှိကြလဲ?

Unknown | 19.9.13 | | Best Blogger Tips







မိုဘိုင်း OS လောကမှာ Android အပေါ်သစ္စာရှိသူများလား


Apple အပေါ်သစ္စာရှိသူများလားဆိုတာ အားလုံးသိကြမှာပါ


စက်ရုပ်က ခင်တွယ်ရုံသက်သက် လောက်ပဲရှိပါတယ် တကယ်ကြီး


ချစ်လားမေးရင် ငွေကြေးကြောင့် ချစ်တယ်ပဲပြောကြမှာပါ ။ တကယ်လို့များ


iOS မသုံးဖူးသူတစ်ယောက်ကို မင်း Android နဲ့ iOS ဘယ်ဟာကို ကြိုက်လဲ


မေးရင် Android ပဲ ကြိုက်တယ်လို့ပြောမှာပါ ဟုတ်ပါတယ်အရင်က


ကျွန်တော်လည်း စက်ရုပ်မှစက်ရုပ်ပါ သို့သော် ipad လေးစရတဲ့ အချိန်က


စ၍ Stevejobs ကိုလေးစားတဲ့စိတ်တွေနဲ့ လူတွေ သစ္စာရှိကြတဲ့ 


apple က ဘာတွေများကောင်းလို့လဲလို့ နှိုက်နှိုက် ချွတ်ချွတ်ရှာဖွေခဲ့


ချိန်မှ စ၍ အော်....ဒါကြောင့် apple ကိုသစ္စာရှိကြတာပါလားလို့ သိသွားပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ်ပါ အောင်မြင်နေတဲ့ Mobile OS နှစ်ခုကြားမှာ 


လူတွေရဲ့ ရွေးချယ်မှုအလိုက် ပြောင်းလဲသွားတာပါ ။ ပြောရမယ်ဆို


Apple ရဲ့ iOS က လူတန်းစားကန့်သတ်သလိုရှိပါတယ် ဈေးကြီးတယ် လူတိုင်း


မကိုင်နိုင်ဘူး ဆော့ဝဲတွေလည်း အကုန် ၀ယ်ခိုင်းသလိုလိုရှိပါတယ် ။ ဒါကြောင့်


ပိုက်ဆံရှိသူများသာ ကိုင်နိုင်သည်ဟု ထင်ပါသော်လည်း Apple ကို ချစ်သူများက


ပိုက်ဆံမရှိလည်း apple မှ apple ဟုတ် ကြွေးကြော်ကြပါတယ် ။


ဒါဆို Android OS ကျတော့ရော Open source ဖြစ်တဲ့အတွက် Developer တွေ


ကို အဓိက ပစ်မှတ်ထားလိုက်ပါတယ် ။ ဘယ်ဖုန်းမဆို အခမဲ့ သွင်းနိုင်တယ်


ဈေးနှုန်းအရလည်း ကိုယ်တတ်နိုင်တဲ့ အမျိုးအစားအလိုက်ဝယ်နိုင်တယ် 


ဒါတွေကြောင့် Android ကို ကိုင်လိုက်ရတာပါ ။ အခမဲ့ app တွေရတယ်


အကုန် အခမဲ့လုပ်ဆောင်နိုင်တဲ့အတွက် ကျွန်တော်တို့လို့ သာမန်လူတန်းစား


တွေ ကိုင်ကြရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ်တိုင်ပြန်စမ်းစစ်ကြည့်လိုက်ပါ တကယ်ကြီးရောငါ Android ကို ခင်တွယ်မိနေသလား သူ့အပေါ်ငါ ဘယ်လောက်သစ္စာရှိနိုင်မှာလဲလို့ ?





ကျွန်တော်မနေ့တစ်နေ့ကမှ ipad လေး လက်ဆောင်ရလို့ ကိုင်ဖူးတာပါ ။


ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို apple အပေါ် သစ္စာရှိသူတွေ


အတော်ကို များပါတယ် ကျွန်တော့်အမြင်အရပြောတာပါ ဘာကြောင့်လဲ?


စွန့်ဦးတီထွင်မှုတစ်ခုကို apple က ပြုလုပ်ခဲ့လို့ပါ 2007 ခုနှစ်က စပြောင်းလဲလာခဲ့တဲ့


Mobile ဆိုတဲ့ ဝေါဟာရက ဘယ်သူ့ကြောင့် အရှိန် ပိုရခဲ့သလဲ ဆိုတာ


အားလုံး လေ့လာကြည့်ရင် သိကြမှာပါ။ မည်သည့် OS ကိုမှ


စော်ကားလိုစိတ်မရှိပါဘူး တကယ်စိတ်ရင်းအမှန်နဲ့ ဖွင့်ပြောလိုက်တာပါ ။


ဘာပဲဖြစ်ဖြစ် ငါက Android မှ Android မှ ဆိုခဲ့ရင်တောင် ကိုယ်နဲ့


မဆိုင်တဲ့ iOS လေးကို မထိခိုက်ကြပါနဲ့ဗျာ သူ့နေရာနဲ့သူ အားလုံး အသုံးဝင်ကြပါတယ်။ ပိုက်ဆံပေးဝယ်ရတယ်ဆိုတာနဲ့ တန်အောင် ပြန်ရလို့


apple က လက်ရှိအချိန်ထိ သူ့အောင်မြင်မှုကို ထိန်းထားခဲ့နိုင်တာပါ။





ကျွန်တော်သိသလောက် အတွေးလေးနဲ့ပြောလိုက်သဖြင့် အမှားပါခဲ့ရင်


တောင်းပန်ပါတယ်ခင်ဗျာ





အောင်ကျော်ခိုင်(ပုသိမ်)









ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ



4 comments:

  1. ဘာတွေများပြောမလဲလို့ဖတ်လိုက်တာအလကားအချိန်ကုန်တယ်

    ReplyDelete
  2. ကမ္ဘာကျော်ဟက်ကာတစ်ယောက်ပြောတော့ အက်ပဲလ်က ဘာတွေလုပ်နေလဲမသိဘူး စိတ်ညစ်လာလို့ အန်ဒရိုက်ဖက်ကိုပြောင်းပြီးလို့ပြောတာလွန်ခဲ့တဲ့နှစ်လလောက်က ပိုစ့်တစ်ခုမှာတွေလိုက်တယ်လေ။

    ReplyDelete
  3. android သမားတွေကိုခင်ဗျားစော်ကားလိုက်တာဘဲ ခင်ဗျားက ဆရာကြီးမို့လို့လား

    ReplyDelete
  4. ကမ္ဘာကျော်ဟက်ကာတစ်ယောက်ပြောတော့ အက်ပဲလ်က ဘာတွေလုပ်နေလဲမသိဘူး စိတ်ညစ်လာလို့ အန်ဒရိုက်ဖက်ကိုပြောင်းပြီးလို့ပြောတာလွန်ခဲ့တဲ့နှစ်လလောက်က ပိုစ့်တစ်ခုမှာတွေလိုက်တယ်လေ။

    ReplyDelete