PS 2 စက်တွေနဲ့ဘောလုံးကန်ဖူးတဲ့မိတ်ဆွေတွေကတော့ ဒီကောင်လေးကို အသုံးပြုကြည့်ပြီး အကြိုက်တွေ့မှာတော့မလွဲပါပဲ။ ကျွန်တော်
လည်းတော်တော်လေးကြိုက်လို့ စမ်းကြည့်နေတုန်းပါ။ သူက အပြင်မှာ တကယ့်ကို ဘောလုံးကန်နေရသလိုခံစားမှုမျိုးကိုပေးစွမ်းနိုင်တဲ့အပြင်
နိုင်ပွဲတွေရရှိရင်လည်း
ပိုက်ဆံရမှာဖြစ်ပါတယ်။ အဲ့ဒီပိုက်ဆံတွေကိုစုထားပြီး
နောက်ထပ်ကိုယ့်အသင်းရဲ့လိုအပ်တဲ့ လူတွေကို ၀ယ်နိုင်တာကိုတွေ့ရပါတယ်။
အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို လည်း မြှင့်တင်ပေးနိုင်တဲ့အပြင်
လူတွေကိုလည်း စိတ်ကြိုက် edit လုပ်နိုင်တာကိုတွေ့ရပါတယ်။
ဒါတွေကိုအရင်တုန်းကတော့
ကျွန်တော်တို့ PS 2 ဂိမ်းစက်တွေမှာပဲကစားနိုင်တာဖြစ်ပေမဲ့ အခုခါမှာတော့
android ပေါ်မှာတင် ဒါတွေကိုလုပ်ဆောင်နိုင်တာကိုတွေ့ရမှာပါ။
ကိုယ့်အသင်းကိုကောင်းအောင်
လုပ်နိုင်တဲ့အပြင်ကိုယ့်စိတ်ကြိုက် ကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းအဖြစ်
ရပ်တည်နိုင်အောင်လည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်ဗျာ။
အဲ့ဒါကြောင့် Real Football လို့နာမည်ပေးထားခြင်းဖြစ်တယ်လို့ကျွန်တော်ကတော့ ယူဆပါတယ်ဗျာ။
ဒီကောင်လေးကိုကစားဖို့အတွကတော့ android version 2.3 နဲ့အထက်မှာဆိုရင် အသုံးပြုလို့ရပါပြီဗျာ။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
အဆင်မပြေတာတွေရှိရင်
ကျွန်တော် အောင်ကိုထက် (aungkohtet.htet82@gmail.com) ဆီသို့ တိုက်ရိုက်
mail ပို့ပြီးဆက်သွယ်အကြံပြုစေလိုပါတယ်ဗျာ။ ကျွန်တော်လည်း
စမ်းသုံးကြည့်နေဆဲမို့လို့ပါ။
Aung Ko Htet (IT Studier)













ပိုက်ဆံဟက်ပြီးဆော့နေပီ ဆော့ကောင်းပါတယ် ဒါပေမယ့် fifaလောက် ရုပ်ထွပ်မကောင်းဘူး ပိုက်ဆံအများရှိရှိမှ ဘောသမားကိုပါဝါမြှင့်ပြီးက၀ါးတာက ပိုဖီးလ်လာပါတယ်
ReplyDeleteဖြစ်နိုင်ရင် ပိုက်ဆံဟက်ပြီးသားဖိုင်လ်ကို တစ်ခါတည်းတင်ပေးသင့်ပါတယ် ဆရာလုပ်တာမဟုတ်ပါ ပိုဆော့ကောင်းအောင်လို့ပါ
ReplyDelete