Monday 17 March 2014

Format Factory ရဲ့ နောက်ဆုံး update 3.3.3.0

Unknown | 17.3.14 | Best Blogger Tips



ကဲ Format Factory ဆိုရင် မသိသူမရှိလောက်အောင်ကို နာမည်ကြီးပါတယ်။

အခု့တော့ update အသစ်ထွက်လာလို့ ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ။

ကဲကဲ မသိသေးဘူးဆိုရင်လည်းနည်းနည်းပြောပြမယ်နော်။

အင်တာနက်ကနေ video တွေ သီချင်းတွေကို သူငယ်ချင်းတို့က ဒေါင်းလိုက်ကြမယ်ဆိုပါစို့။

ဒေါင်းထားတဲ video တွေကို mobile ဖုန်း, DVD Player တို့မှာ ပြန်ကြည့်ချင်တဲ့ အခါ

format မကိုက်တာတွေဖြစ်တက်တယ်။ Format မကိုက်ဘူးဆိုတာက

ဒေါင်းထားတဲ့ video ရဲ့ Format က AVI တို့ RMVB စသဖြင့် ဖြစ်နေမယ်။

ကိုယ်က အဲ့ဒါကို ဖုန်းထဲမှာ ထည့်ပြီးတော့ ပြန်ကြည့်တဲ့အခါ Player က အလုပ်လုပ်တော့ဘူး။

Player တွေက Format အကုန်လုံးကို အလုပ်လုပ်မနိုင်ဘူးလေ။အဲ့ဒီတော့ အဆင်ပြေမယ့်

Format ကိုသွားရမယ်။ဥပမာ 3gp တို့ mp4 တို့ စသဖြင့် မိမိဖုန်းက support လုပ်ပေးမယ့်

format  ပြောင်းပေးမှ ကြည့်လို့ရပါမယ်။ DVD Player မှာကြည့်ချင်ရင်လည်း ဒီလိုပါပဲ။

usb pendrive ကို dvd player မှာ ထိုးပြီးကြည့်ရမယ်။

အဲ့ဒါဆိုရင် DVD တော်တော်များများကတော့

mpg နဲ့ vob ကို ထောက်ပံ့ပေးပါတယ်။ mpeg1 နဲ့ mpeg 2ကလည်း အတူတူပါပဲ။

အဲ့ဒီ Format တွေကိုပြောင်းပေးမှ dvd player မှာ ကောင်းကောင်းမွန်မွန်ကြည့်လို့ရမှာပါ။

နောက်တခု့ ကျနော် စမ်းဖူးတာကတော့ နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာ စတန်းထိုးပြီး

ကြည့်လို့ရမယ့် Format ကို ပြောင်းလို့ရပါတယ်။ window 8 မှာတော့ setting တွေကို

မြန်မာလို ကောင်းစွာကြည့်ရှု့လို့ရပါတယ်။စမ်းချင်တယ်ဆိုအောက်မှာ ဝင်ယူသွားလိုက်ပါ။


ကိုလတ်(ကျွဲဆင်း)

0 comments:

Post a Comment