Wednesday 19 March 2014

Windows 7 Start Button Changer 2.6 ကို ပြောင်းးနည်းနှင့်တကွ ရှင်းပြထားပေးပါတယ်

Unknown | 19.3.14 | Best Blogger Tips


windows 7 အသုံးပြု့တဲ့ သူငယ်ချင်းတို့အတွက် အဆန်းကြီးမဟုတ်ပေမယ့်

Start Button ကို ဒီဇိုင်းသစ်လေးနဲ့ သုံးနိုင်ဖို့ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ။

အောက်က ကျနော်ပေးထားတဲ့ ဒေါင်းရန်လင့် ကို နှိပ်လိုက်ရင်

windows 7 start button Changer 2.6 လေးထွက်လာပါလိမ့်မယ်။


အထဲက exe ဖိုင်လေးကို ကလစ်၂ ချက်ခေါက် run ပေးလိုက်ပြီးတော့ install လုပ်လိုက်ပါ။

မိမိကြိုက်ရာ ပုံကိုရွေးနိုင်ဖို့ Select & Change Start Button ကို နှိပ်လိုက်ပါ။

Button ကိုနှိပ်လိုက်ပြီဆိုရင် အထဲမှာ ရွေးစရာ ပုံတွေကိုပြပေးပါလိမ့်မယ်


အပေါ်က ပုံအတိုင်း ပေါ်လာပီ ဆိုရင် မိမိကြိုက်နှစ်သက်ရာ ပုံပေါ်ကို ကလစ်ခေါက်ပေးပြီး

open နှိပ်ရွေးပေးလိုက်မယ်ဆိုရင် ပုံလေးက ချိန်းသွားတာကိုတွေ့ရပါလိမ့်မယ်။


အပေါ်ပုံကတော့ ကျနော် ရဲ့ကွန်ပြူတာမှာ 8.1 Button လေး ပြောင်းထားတာပါ။

တကယ်လို့ အဲ့ဒီပုံကို မကြိုက်တော့ Start Button ကို မပြောင်းချင်တော့ ဘူးဆိုလို့ရှိရင်

အခု့နက install လုပ်ထားတဲ့ Desktop ပေါ်က Start Button Changer Icon လေးကိုသွားပြီး

ကလစ် ၂ ချက်ခေါက် ဖွင့်လိုက်ပါ။


ဖွင့်ပြီးပြီဆိုရင် အပေါ်က ပုံအတိုင်း Restore Original Explorer Backup ကို

နှိပ်ပေးလိုက်မယ်ဆိုရင် နဂိုမူလပုံကို ပြန်လည်ရရှိမှာဖြစ်ပါတယ် ခင်ဗျာ

ကဲ..သုံးမယ်ဆိုရင်အောက်မှာ ဝင်ဒေါင်းသွားလိုက်ပါနော်


ကိုလတ်(ကျွဲဆင်း)

0 comments:

Post a Comment