Wednesday 24 July 2013

ဒုက္ခသည်ကဒ် ကိုင်ဆောင်ထားသူများ မလေးရှားတွင် တရားဝင် အလုပ်လုပ်ခွင့် ရမည်ဟုဆို

Unknown | 24.7.13 | | Best Blogger Tips







မလေးရှားနိုင်ငံတွင်ရှိသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး
(United Nations High Comissioner for Refugees-UNHCR) က ထုတ်ပေးသည့်
ဒုက္ခသည်ကတ် ကိုင်ဆောင် ထားသူ ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင်
အလုပ်လုပ်ခွင့် ပြုမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး
ဒါတွန်စရီအဟ်မဒ်ဇာဟစ်ဟမီဒီ (Datuk Seri Dr Ahmad Zahid Hamidi) က
ပြောကြားခဲ့သည်ဟု မလေးရှားနိုင်ငံ အခြေစိုက် Burma Muslim Community
Malaysia အဖွဲ့၏ ရေးသားချက် အရ သိရသည်။


မလေးရှား ပြည်ထဲရေး ဝန်ကြီး၏ ပြောကြားချက်အရ ကတ်အသစ်များတွင် Radio
Frequency Identification (RFID) နည်းပညာ ထည့်သွင်းထား မည် ဖြစ်ကြောင်း၊
ယင်းနည်းပညာဖြင့် ပြည်ပမှ လာရောက် ခိုလှုံသူများအား ဂြိုဟ်တုဖြင့် သူတို့၏
တည်နေရာကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း၊ ထိုကတ် အသစ်တွင် ATM များမှ ပိုက်ဆံ
ထုတ်ယူရန် Debit Card စနစ်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ ထို့အတူ အတုအပများ
မလုပ်ဆောင်နိုင်ရန်လည်း ကာကွယ် တားဆီးသော စနစ်များလည်း ထည့်သွင်းထား မည်
ဖြစ်ကြောင်းနှင့် ကတ် အဆင့်မြှင့်ရာတွင် ကုန်ကျမည့် စရိတ်ကိုလည်း
ကိုင်ဆောင်သူက ပေးရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဟ်မဒ် ဇာဟစ်က
မလေးရှားနိုင်ငံတွင် လာရောက် ခိုလှုံသူ ဒုက္ခသည် များတွင် ၁၀၄,၀၇၀ သည် UNHCR
ကတ် ကိုင်ဆောင်ထားပြီး ကျန်သော ၅၀,၀၀၀ ကျော်မှာ ကိုင်ဆောင်ထားခြင်း မရှိဟု
ဆိုသည်။

ပါမစ် ရရှိသူများသည် မလေးရှားနိုင်ငံမှ ပြဋ္ဌာန်းထားသော
ဥပဒေကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ ထို့အတွက် UNHCR နှင့်လည်း
ဆွေးနွေးခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ အချက်အလက်များ ပြည့်စုံပါက
အလုပ်သမား ပါမစ်ပေး ရန် ညှိနှိုင်းခဲ့ပြီး ဖြစ်ကြောင်းလည်း ၎င်းက
ပြောကြားထားသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားစာ
မရောက်သေးကြောင်းနှင့် ယင်းကိစ္စကို မသိရှိသေးကြောင်း အလုပ်သမား၊
အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြန်ကြားရေး တာဝန်ခံ တစ်ဦးက The
Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။

မလေးရှားနိုင်ငံတွင် လက်ရှိ
တရားဝင် မြန်မာလုပ်သား ခုနစ်သောင်း၊ တရားမဝင် မြန်မာလုပ်သား ၂ ဒသမ ၅
သိန်းခန့်နှင့် မြန်မာနိုင်ငံသား ကတ် ရရှိပြီးသူ ၂၄၅၆ ဦး ရှိကြောင်းနှင့်
ဆာလာယန်းတွင် နေထိုင်သူ မြန်မာ လုပ်သား အရေအတွက်ကိုမူ စာရင်း
ကောက်ယူဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာန၏ တရားဝင် စာရင်းအရ သိရသည်။



Ref : အေးချမ်းမွန်




0 comments:

Post a Comment