Monday 13 January 2014

Windows 8.1 Charms Bar Icons တွေကို ပြောင်းပေးမယ့် Charms Bar Customizer

Unknown | 13.1.14 | | Best Blogger Tips






Windows ဟာ Customize လုပ်နိုင်တဲ့ Operating System ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နာမည်ကြီး လူသုံးများနေတာဖြစ်ပါတယ်။ နောက်ဆုံးထုတ် Windows 8.1 ကို အသုံးပြုတဲ့သူတွေအတွက် Charms Bar က အိုင်ကွန်တွေကို ပြောင်းလဲချင်ရင် Charms Bar Customizer ဆိုတဲ့ Freeware ကို အသုံးပြုနိုင်ပါတယ်။

Charms Bar Customizer က Portable ဖြစ်ပြီး အင်စတောလုပ်စရာမလိုပါဘူး။ Download လုပ်ပြီး ZIP ဖိုင်ကိုဖြည်ပါ။ Program ကို Run ပြီး အသုံးပြုနိုင်ပါပြီ။ Program ကို Run ရင် ၀င်းဒိုးတစ်ခုပေါ်လာမှာဖြစ်ပြီး အိုင်ကွန်တွေကို ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲထားတာတွေကို လည်း အချိန်နဲ့ တစ်ပြေးညီ သိနိုင်ပြီး မနှစ်သက်ရင် Restore လုပ်နိုင်ပါတယ်။

Charms Bar မှာ Buttons ငါးခု ရှိပြီး တစ်ခုချင်းစီမှာ regular state နဲ့ hover state နှစ်ခုပါရှိပါတယ်။ အဲဒီ states နှစ်ခုကို App ကနေ နှစ်သက်ရာပြောင်းနိုင်ပါတယ်။ ပြောင်းလဲနိုင်တဲ့ အိုင်ကွန် ဆယ်ခု ရှိပါတယ်။ အိုင်ကွန် တစ်ခုကို Double Click နှိပ်ပြီး နှစ်သက်ရာ Image File ကို အသုံးပြုနိုင်ပါတယ်။ အားလုံးပြီးသွားရင် အောက်ခြေက Change Button ကိုနှိပ်ပေးပါ။

Program က Explorer ကို Restart လုပ်ပေးမှာဖြစ်ပြီး အိုင်ကွန်တွေကို ပြောင်းပေးမှာဖြစ်ပါတယ်။ နဂို အိုင်ကွန်တွေကိုပြန်ပြောင်းချင်ရင် Program ကို ဖွင့်ပြီး Restore ကို နှိပ်ပါ။
Charms Bar Customizer ကို အောက်ကလင့်ကနေ အခမဲ့ရယူနိုင်ပါတယ်။





REF TO  MYANMAR DIGITAL LIFE JOURNAL

 

0 comments:

Post a Comment