Showing posts with label Gtalk. Show all posts
Showing posts with label Gtalk. Show all posts

Tuesday, 4 March 2014

How To Know Who Blocked You In Google Talk

Unknown | 4.3.14 | Best Blogger Tips






Whenever you noticed a contact in your Gtalk/Google Talk has not been online for some time, have it ever crossed your mind you’ve been blocked? If you are curious in finding out who actually blocked you in Gtalk, here’s a workaround you can try.


This following method we attempt to show make use of a chat client call Pidgin.




1. Download, Install Pidgin



Click here to download Pidgin chat client. If you already have Pidgin installed, you may skip this step.


2. Configure Pidgin For Gtalk



You’ll probably start with the below screen. Click the Add button. "Accounts -> Manage Account"will also bring you to the same screen. Let’s add Gtalk to Pidgin.




Clicking Add will allow you to add new Gtalk account. The following two screenshots show what you need to fill up for Basic and Advance tab, pay attention to those highlighted.






With all the settings properly entered, you should be able to connect to Gtalk and load your contacts successfully. Now let’s go find out who blocked you.


3. Who’s Blocking You?



When someone blocked you in Gtalk (and other IMs), they appear offline just like your other contacts who are really offline. Right click, click on Get Info, and we’ll see how to differentiate them.




The following image is a comparison of 2 different contacts: Actual offline (left) and Blocked offline (right). If you are blocked, nothing will be display under Buddy Information.












-Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ ?

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click

လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။ ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။ (သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ ) အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။ ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။ (သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။) မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။ အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့... စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ... ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။ သိလာပါလိမ့်မယ်....။



Tuesday, 29 January 2013

Gmail,Gtalk Password ပြောင်းနည်း, ကာကွယ်နည်း & Browser Cleaner Portable 1.2 Build 0.102

Unknown | 29.1.13 | | | Best Blogger Tips














ကိုမိုး: ကျွန်တော့် ကွန်ပျုတာမှာ Facebook နဲ့ Gmail တင်ပြီးမကြာဘူး သူများ ပက်(စ်)ဝက်ချိန်းသွားတာကိုခံနေရပါတယ်အစ်ကို ဖြစ်နိုင်ရင်ဘယ်လိုလုပ်ရမလဲ ဆိုတာကူညီပေးပါ..။





ဒါလေးကို New User တွေ သိထားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်...





အပေါ်မှာ ကိုမိုး ပြောတဲ့ အတိုင်းဆိုရင် သူ့ Gmail အကောင့်ဟာ သူများကို ဖွင့်ခိုင်းတဲ့ Gmail ဖြစ်နိုင်ပါတယ်... အရေးကြီးတဲ့ Recover Mail ကလည်း အကောင့်ဖွင့်ပေးတဲ့ လူဆီမှာပဲ ရှိမှာပါ.. Recover Mail ကိုသိရင် Password ကို အချိန်မရွေး စိတ်ကြိုက်ပြောင်းပစ်နိုင်ပါတယ်...





နောက်တစ်ခုက အင်တာနက်ဆိုင်မှာ သွားသုံးရင် Keylogger လိုသုံးထားတာမျိုး (သို့) အင်တာနက် Browser တွေကနေတဆင့် Password တွေကို Auto Save ခိုင်းထားတာမျိုး တွေကနေ တဆင့် မိမိ အကောင့်ရဲ့ Password ကို သိသွားရင်လည်း Gmail Password ကို အချိန်မရွေး လွယ်ကူစွာပြောင်းပစ်နိုင်ပါသေးတယ်...





ကာကွယ်တဲ့ အနေနဲ့ Recover Mail နဲ့ Password ကို အောက်ပါနည်းလမ်းအတိုင်း ပြန်ပြောင်းထားလိုက်ပါ...



ပထမဆုံး ဒီနေရာကနေ မိမိတို့ Gmail နဲ့ Password ကို ထည့်ပြီး Sing in လိုက်ပါ...















Gmail ပွင့်လာရင် ပုံမှာပြထားတဲ့အတိုင်း Setting ကို နှိပ်ပါ..။














Accounts and Import ကို နှိပ်ပါ...










နံပါတ် (1) က အဝါရောင်နဲ့ ပြထားတဲ့ နေရာတွေကို တစ်ခုချင်း နှိပ်ပြီး Password , Recovery Mail တွေကို ပြောင်းပေးလိုက်ပါ...



နံပါတ် (2) ကတော့ မိမိ နာမည်ကို မြန်မာလို ပြင်ရေးနိုင်ပါတယ်..။










Current Password >> လက်ရှိ Login ဝင်ထားတဲ့ Password ကို အပေါ်ကအကွက်မှာ ရေးထည့်ပါ..



New Password >> မှာ မိမိပြောင်းလဲမဲ့ Password အသစ်ကို ရေးထည့်ပါ... အဲ့ဒီ Password ကိုပဲ အောက်က Confirm Password မှာ နောက်တစ်ခေါက် ပြန်ရေးထည့်ပေးလိုက်ပါ..။











အားလုံးပြီးသွားရင် Change Password ကို နှိပ်ပေးလိုက်ပါ..။











Recover Mail ကိုလည်း ပုံမှာ ပြထားသလို Edit ကို နှိပ်ပြီး တခြား Email လိပ်စာတစ်ခုခု ရေးထည့်ပေးလိုက်ပါ...။ ဒီ Recovery Mail ကအရေးကြီးပါတယ်... အကြောင်း တစုံတရာကြောင့်(Password မေ့သွားတာမျိုး) ဖြစ်စေ Hack ခံရလို့ဖြစ်စေ.... ဒီ Recovery Mail နဲ့ မိမိ Gmail Account ကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်....





နောက်တစ်ခုက ကိုယ်ပိုင် ကွန်ပျူတာမသုံးနိုင်လို့ အင်တာနက်ဆိုင်မှာ သွားသုံးနေတဲ့ သူငယ်ချင်းတွေအတွက်ပါ...


တချို့အင်တာနက် Browser တွေက Password တွေကို Auto မှတ်သားထားတတ်ကြပါတယ်... Password တွေဟာ အဲ့ဒီ Browser ထဲမှာ ကျန်ခဲ့နိုင်ပါတယ်... အဲ့ဒီ အတွက်တော့ အောက်မှာတင်ပေးလိုက်တဲ့  Software လေးကို Stick ထဲထည့်ထားပြီး ဆောင်ထားလိုက်ပါ.... Software လေးကို ကွန်ပျူတာမှာတပ်ပြီး Run လိုက်ပါ.. ပုံမှာလို အားလုံးကို အမှန်ခြစ်လေးတွေတပ်ပေးပြီး Clean Now ကိုနှိပ်ပေးပြီး မိမိ အင်တာနက်ထဲမှာ မွှေခဲ့သမျှ History တွေကို အပြတ်ရှင်းပေးလိုက်ပါ....။














ဒါဆိုရင် မိမိ တို့ရဲ့ Password ကိုတွေ ဆိုင်မှာ မကျန်ခဲ့နိုင်တော့ပါဘူး...။



အားလုံးအဆင်ပြေကြပါစေ...



Browser Cleaner Portable 1.2 Build 0.102







Monday, 24 December 2012

Gtalk Always Idel Free Download

Unknown | 24.12.12 | Best Blogger Tips










Gtalk ကို Idle (၀ါအောင်) လုပ်တဲ့ Software ဆိုရင် တော်တော်များများသိကြပါတယ်..အခုလည်း Cbox မှာအစ်ကိုတစ်ယောက်က တောင်းဆိုလာတဲ့အတွက် တင်ပေးလိုက်ပါတယ်။ Download ရယူနိုင်ပါပြီ


အသုံးပြုနည်းကတော့..အောက်မှာမှာပြထားတဲ့အတိုင်း.....












Gtalk Icon လေးအပေါ်ကို Right Click ထောက်ပြီး Always Idle လို့ရွေးပေးလိုက်ရုံပါ..အသုံးမလိုတော့ဘူး ဆိုရင်တော့ Normal Idle လို့ပြန်ပြောင်းပေးလိုက်ရုံပါ။











Click Here to Download

Thursday, 6 September 2012

Zawgyi Font , Zawgyi Keyboard ပြဿနာ (သို့) မြန်မာစာ ပြဿနာများဖြေရှင်းနည်း

Unknown | 6.9.12 | | Best Blogger Tips













ဒီပြဿနာလေးကတော့ Window 7 x32bit မှာ ဖြစ်ခဲပါတယ်... x64bit မှာဆိုရင်တော့ဖြစ်တတ်ပါတယ်...

 .. ဒါပေမဲ့ ဒီနေ့ သူငယ်ချင်း တစ်ယောက်က Zawgyi font  လဲ ထည့်ပြီးပြီတဲ့ မြန်မာစာတွေ ဖတ်လို့ရပြီး

ရေးလို့မရလို့ပါ Window 7 x32bit မှာပါတဲ့ ကူညီပါဦး
...တဲ့.. ကျနော့ အတွေ့အကြုံအရ ဆိုရင်တော့

Zawgyi Font /Zawgyi Keyboard က Window 7 x32bit အတွက်ဆိုရင် Click နှစ်ချက် သုံးချက်လောက် နှိပ်ပေးရုံနဲ့တင်အဆင်ပြေသွားပါတယ်... x64bit အတွက်သာ နည်းနည်းခတ်တာပါ ဒါ့ကြောင့် ဖြစ်ခဲတယ်လို့ပြောရတာပါ..:)



အရင်ဆုံး မိမိတို့ ကွန်ပြူတာ အတွက် Zawgyi Font နဲ့ Keyboard ကို အောက်က Link တွေကတဆင့် အရင်ဆုံး ဒေါင်းယူပါ..။




Zawgyi Font x32bit အတွက်  ဒီမှာ ဒေါင်းယူပါ


Zawgyi Font x64bit အတွက် ဒီမှာ ဒေါင်းယူပါ ..။




ပထမ Link ဖြစ်တဲ့ Zawgyi Font x32bit ထဲမှာ 64bit အတွက်ရော တစ်ခါထဲ ထည့်ပေးထားပါတယ် ... Window 32bit အတွက်ဆိုရင် Rar ဖိုင်လ်ထဲမှာပါတဲ့  Zawgyi Font For 32bit.EXE ကို Double Click နဲ့  Install လုပ်ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားပါပြီ... Window 64bit အတွက်ဆိုရင်တော့ Zawgyi Font For 32bit.EXE ကို စောစောကအတိုင်း Install လုပ်ပါ .. ပြီးရင် Zawgyi Font For 64bit ဖိုလ်ဒါကို ဖွင့်ပါ .... အထဲက 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe  ဆိုတဲ့ exe ဖိုင်လ်လေးကို Double Click နဲ့ Run ပေးလိုက်ရင် ရေး/ဖတ် လို့ရသွားမှာပါ ... တကယ်လို့  ရေး/ဖတ် မရသေးဘူးဆိုရင် စက်ကို Restart ချပေးလိုက်ပါ...။




နောက်ဖြစ်တတ်တဲ့ Zawgyi ပြဿနာတွေကိုတော့ အောက်မှာ ဆက်ဖတ်ပေးပါ...။




 

ကဲ Zawgyi Font လည်းရှိတယ် မြန်မာစာတွေလည်း ဖတ်လို့ရနေပြီးတော့ ရေးလို့မရဘူးဆိုရင်ဒီအတိုင်းသာလုပ်ပေးလိုက်ပါ.... .အဆင်ပြေသွားပါလိမ့်မယ်..
ပုံလေးတွေနဲ့နားလည်လွယ်အောင်တင်ပေးလိုက်ပါတယ်နော်.. .:)

 


Start > Control Panel ကိုသွားလိုက်ပါ..













ကျန်တာလေးတွေကိုတော့ ပုံလေးတွေအတိုင်းသာ ဆက်လုပ်သွားလိုက်ပါ..။




































ပုံမှာပြထားသလို English (United States) - US ကိုရွေးပေးပါ ရွေးပြီးသားဆိုရင် ဒီအဆင့်ကို ကျော်လိုက်ပါ ။ Add ကို ဆက်နှိပ်ပါ...











 စောစောက ရွေးထာတဲ့ English (United States) ကို ရှာလိုက်ပါ တွေ့ရင် English (United States) ကို Click နှစ်ချက်နှိပ်ပါ... ပြီးရင် အောက်နားက ကပ်လျှက် Alpha Zawgyi Myanmar Unicode 2008 ရဲ့ရှေ့ကအကွက်လေးမှာ Click တစ်ချက်နှိပ်ပြီး အမှန်ခြစ်လေးတပ်ပေးပြီး OK ကိုနှိပ်လိုက်ပါ..











အပေါ်ကပုံလေးလို  အစိမ်းရောင်နဲ့ ပြထားတဲ့ Alpha Zawgyi Myanmar Unicode 2008 လေးရောက်လာရင် Apply > OK ပေးပြီး ဖွင့်ထားတဲ့ Box တွေအားလုံးပိတ်လိုက်ပါတော့ ... ကွန်ပြူတာရဲ့ Taskbar ကညာဘက်ထောင့်နားလေးမှာ .....












အဲ့ဒီလို Keyboard ပုံလေးပေါ်လာပြီဆိုရင် .... ကွန်ပြူတာ Keyboard ပေါ်က Ctrl + Shift ကိုတပြိုင်ထဲနှိပ်ပြီး မြန်မာလိုနဲ့ + အင်္ဂလိပ်လို ကို တမျိုးစီပြောင်းပြီး  ရေးလို့ရနိုင်ပါပြီခင်မျာ .... ။ 


တချို့ Website တွေမှာ Myanmar 3 Unicode နဲ့ရေးထားလို့ ဖတ်မရဖြစ်နေရင်တော့  ဒါလေးကို  ဒေါင်းယူပြီး  













Install ကိုနှိပ်ပေးလိုက်ပါ...။











နောက်တစ်ခုက New User တိုင်းအဖြစ်များတတ်တဲ့  Gtalk မှာ မြန်မာလိုရိုက်လို့ ရေးလို့ရပြီး Enter ခေါက်လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတတ်တဲ့ ပြဿနာ, Folder တွေမှာ (Desktop ပေါ်မှာ) မြန်မာလိုရေးထားတာတွေဟာ လေးထောင့်တုံးတွေ ဖြစ်သွားတဲ့ ပြဿနာဖြေရှင်းနည်းလေးတွေ


ကိုတော့ကိုတော့ ဒီနေရာမှာ နဲ့ ဒီနေရာမှာ  လေ့လာနိုင်ပါတယ်....။



အားလုံးအဆင်ပြေကြပါစေ....




ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)









Monday, 19 March 2012

Zawgyi Font လေးထောင့်တုံး ပြဿနာ ဖြေရှင်းနည်း

Unknown | 19.3.12 | | Best Blogger Tips



[၀င်းဝင်း: ကိုဝင်းရေ.. win ရဲ့ HP laptop က မြန်မာ font နဲ့ ရေးထားတဲ့ ဖိုင်နာမည်တွေကို ဖတ်လို့မရတာ ဘာဖြစ်လို့ပါလဲ ရေးတာရော..ဖတ်တာရော  zawgyi  နဲ့ အဆင်ပြေပါတယ်..ဖိုင်နာမည်ပဲ မရတာ..ကူညီပါဦး]


C-box မှာ မေးထားတာလေးပါ



ဒီပြဿနာ ဖြေရှင်းနည်းလေးကို Blog တော်တော် များများမှာ ရေးထားပြီးပါပြီ ကျနော့ Blog ထဲမှာလဲ အရင်က ရေးထားတာတွေရှိပါတယ် သေချာ ရှာမဖတ်ကြလို့ပါ..။


ဒီ Zawdyi Font ပြဿနာ လေးကတော့ ကွန်ပြူတာကို ကိုင်တတ် စ မှာ လူတိုင်းနီးနီး ကြုံဖူးကြမယ် ထင်ပါတယ်.. ကျနော် ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် Gtalk မှာဆိုရင် ရေးတော့ မြန်မာလို ပေါ်ပြီး Enter ခေါက် လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာ... ပြီးတော့ Folder တွေကို မှတ်ရလွယ်အောင်ဆိုပြီး rename မှာ မြန်မာလို ရေးထားတာတွေဟာ စက်ထဲကို ဟိုဆော့ဝဲလ် သွင်း ဒီဆော့ဝဲလ် ထုတ် နဲ့ ကြာလာတော့ Zawgyi  မြန်မာ Font က မြန်မာ စာလုံးတွေ အစား ကွန်ပြူတာက နားမလည်တဲ့ လေးထောင့်တုံးတွေ ဖြစ်သွားတာမျိုးတွေပေါ့ ... ဒီပြဿနာလေးက ကွန်ပြူတာနဲ့ တော်တော် ကြာကြာ ရင်းနှီးနေတဲ့ လူ အတွက်တော့ ဘာမှ မပြောပ လောက်တဲ့ ပြဿနာလေးပေါ့ဗျာ...အဲ ဒါပေမဲ့ ခုမှ ကွန်ပြူတာကို စ ကိုင်တဲ့ လူတစ်ယောက်အတွက်တော့ မဟာပြဿနာကြီးပါ... .. 
ကျနော် ကွန်ပြူတာ စ ကိုင် စ က ဒီပြဿနာလေးကို  ကျနော့နည်း ကျနော့ဟန် နဲ့ ဖြေရှင်းကြည့်ဖူးပါတယ် အရမ်းလွယ်တယ်ဗျာ.....(ကြွတ်ကန်း ဆန်းအိုး တိုးသွားတာ) .....:D   အရင်က ဒေါင်းထားတဲ့ (ကျနော့ Blog ရဲ့ အပေါ်ဆုံး ညာဘက်ဘေးက ဇော်ဂျီ ပုံလေးတွေကို နှိပ်ပြီး ဒေါင်းလည်း ရပါတယ် 32bit or 64bit) Zawgyi .exe ဖိုင်လေးကို ထပ် Run ပေးပြီး Restart ပေးလိုက်တာ စောစောက လေးထောင့်တုံးတွေ အားလုံး မြန်မာစာ တွေပြန်ဖြစ်သွားတယ်ဗျာ ဘာ့ကြောင့်လဲ ဆိုရင် အောက်ကပုံထဲက စာတွေကို သေချာ ဖတ်ကြည့်လိုက်ပါ..
(Zawgyi.exe ဖိုင်လေးကို Run လိုက်ရင် ပေါ်လာတဲ့ ပုံလေးပါ)






 Zawgyi က သူ့ပြဿနာ သူရှင်းသွားတာပါ...ကျနော် တော်လို့ မဟုတ်ပါဘူး...:D
 အဲ့ဒါကတော့ အလွယ်ဆုံး Gatalk  နဲ့  Internet Explore Browser က လေးထောင့်တုံး ပြဿနာ ဖြေရှင်းနည်း တစ်မျိုးပေါ့ဗျာ... ကွန်ပြူတာ ကိုင် စ လူတွေအတွက် တော့ ဒီနည်းလေးက အဆင်ပြေဆုံးပါ...ဟို Sitting ထဲဝင် ဒီနေရာကို နှိပ် ဟိုနေရာကိုနှိပ် လုပ်ပေးစရာမလိုဘူးပေါ့...:)... ဒီလိုလဲ ဖြေရှင်းလို့ရပါသေးတယ်

  Internet Explore Browser မှာ

 Tools > Internet Options > Fonts ထဲမှာ Zawgyi-One ကို ရွေးပေးလိုက်ရင်လဲ ရပါတယ်..။ ဒါကတော့ တဆင့်ချင်း သွားရတာပါ...။ 










 ကြုံလို့ တခါထဲ ရေးလိုက်တာပါ... ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်ချက်က ဒီပြဿနာကို ဖြေရှင်းဖို့ပါ...
( ကိုဝင်းရေ.. win ရဲ့ HP laptop က မြန်မာ font နဲ့ ရေးထားတဲ့ ဖိုင်နာမည်တွေကို ဖတ်လို့မရတာ ဘာဖြစ်လို့ပါလဲ ရေးတာရော..ဖတ်တာရော  zawgyi  နဲ့ အဆင်ပြေပါတယ်..ဖိုင်နာမည်ပဲ မရတာ..ကူညီပါဦး)
desktop က လွတ်တဲ့ နေရာ မှာ Right Click နှိပ်ပြီး   Personalize > window color > Advanced appearance stting > Item မှာ  Icon ကို ရွေးပေးပြီး > Font မှာ Zawgyi-one ကိုရွေး... ပြီးရင် Apply > OK .
အဆင်မပြေရင်အောက်က Video လေးကို ကြည့်လိုက်ပါ.....။





ကဲ ဒီ ပို့စ်လေးကတော့ C-box မှာ မေးတဲ့ ဝင်းဝင်း နဲ့အတူ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်...။   

 
အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။  

 
ဝင်းကမ္ဘာကျော် (Software နှင့် နည်းပညာ)

Saturday, 17 December 2011

Gtalk မှာ Music name ဖေါ်ကြည့်ခြင်း

Unknown | 17.12.11 | Best Blogger Tips







Windows 7    က    Window Media Player     နဲ့စမ်းကြည့်တာပါ ။ နည်းလေးကတော့ အောက်ကအတိုင်းပါပဲ....။


Window  Media Player    ကိုဖွင့်လိုက်ပါ...


(၁) Window Media Player မှာ  orgnize   ကနေ  Options  ကို ဝင်ပါ။

(၂) Plug-ins ကို ရွေးပါ။
(၃) Background  ကို ထပ်ရွေးပါ။ ညာဘက်တွင်  Google Talk Music Plug in  ဆိုတာ ရှိပါတယ်။ အဲဒါကိုအမှန်ခြစ်ပေးလိုက်ပါ။

(၄) Gtalk   တွင်   Show Current Music Track    ကို ရွေးပေးလိုက်ပါ။ 



21/1/2012



အောက်က ကွန်မန့်မှာတွေ့ရလို ပုံလေးတွေနဲ့ တကွ ဖြေရှင်းပေးလိုက်ပါတယ်...။ အဆင်ပြေကြပါစေ...။







 orgnize   ကနေ  Options  ကို ဝင်ပါ။

အောက်ကပုံလေးအတိုင်း ဆက်လုပ်သွားလိုက်ပါ...။







အဆင်ပြေပါစေဗျာ....။ 

Tuesday, 25 October 2011

Gtalk အလိုအလျောက်ပြန်လည်ဖြေကြားစနစ်

Unknown | 25.10.11 | Best Blogger Tips

Google Talk






 Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။ Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။



၁။    အရင်းဆုံး ဒီ Link ကိုသွားလိုက်ပါ။ http://answer.im/setup

၂။    Website သို့ရောက်ရှိပါက အသုံးပြုလိုသော  IM Service တစ်ခုကို ရွေးရန်ဖြစ်သည်။  Gtalk တွင်ပြု

လုပ်လို ပါက Gtalk ကိုရွေးရန်ဖြစ်သည်။

၃။    Gtalk password နှင့် User name ကိုသုံး၍၀င်ရန်ဖြစ်သည်။

၎။    မိမိလိုချင်တဲ့   Online Status   နှင့်   Reply  လုပ်စေချင်တဲ့  Message တို့ကိုရိုက်ရမည်။  ထို့နောက် Authorise People ကိုအမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။

၅။    “ Changes Saved Your Answer Machine is Setup.  You May exit Now ”  ဟုပေါ်လာပါက General, Messages တို့၏ဘေးတွင်ရှိသော “ Exit ” ကို Click လုပ်ပါ။ မိမိသူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက Auto Reply လုပ်ပေးပါလိမ့်မယ်။



ကိုယ်မရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ “ Click here to return to the home page ” ဆိုတဲ့စာမှ “ here ”  ကို Click လုပ်ပါ။ ပြီးရင် အဆင့်(၃)ဆင့် အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ “ Messages ” ကို Click လုပ်ပါ။ ဒါဆိုရပါပြီ။

Monday, 17 October 2011

G-Mail အကောင့်လွယ်လွယ် ဖောက်ရအောင်

Unknown | 17.10.11 | Best Blogger Tips

ကျွန်တော်ကို မေးတဲ့အကို တွေလည်းရှိပါတယ် .. ကျွန်တော်လည်း ပြန်မဖြေဖြစ်ဘူး ဖြစ်နေလို့ အခုနည်းလမ်း လေးကို ညီလေးတစ်ယောက်က ပြောလို့ စမ်းကြည့်လိုက်တာ အဆင်ပြေတာနဲ့ ပြန်တင်ပေး လိုက်ပါတယ် .. ကျွန်တော်တို့ အခုနောက်ပိုင်း G-Mail အကောင့်ဖောက် ချင်တယ်ဆိုရင် အရင်တုန်းကလို လွယ်လွယ်ကူကူ ဖောက်လို့မရတော့ ပါဘူး .. အကောင့် တစ်ခုဖောက်ချင်ပြီ ဆိုရင် Security ပိုင်းအရ ပိုပြီးလုံခြုံမှုရှိလာအောင် Verification လုပ်ပေးပြီး ကုဒ် ထည့်ပေးမှ အကောင့်အသစ် တစ်ခုကို ဖောက်လို့ရမှာဖြစ်ပါတယ်..အခုနည်းလမ်းလေးကတော့ မိမိတို့ကဖောင်ချင်တဲ့ အကောင့်တစ်ခုကို မိမိတို့အကောင့်မှာ ပြန်ပြီး Invite လုပ်ပေးရပါမယ်  . . အဲ့ဒီအခါမှာ G-Mail Service ကနေပြီးတော့ အခု Invite လုပ်တဲ့အကောင့်ဟာ သူတို့ဆီမှာမရှိကြောင်း Mail တစ်စောင့် ပြန်ပို့ပါလိမ့်မယ် .. ပြီးရင် အဲ့ဒီမှာ Mail ထဲမှာတင် အကောင့်အသစ်ဖောက်ဖို့အတွက် Sing in Link ပါတစ်ခါထဲ ပေးလိုက်ပါမယ် .. ကျွန်တော်တို့က အဲ့ဒီလင့်ကနေပြီး အကောင့် ဖောက်ပေးရမှာ ဖြစ်ပါတယ် .. ကျွန်တော် အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 




အရင်ဆုံး မိမိတို့ရဲ့ G-Mail မှာ အကောင့်တစ်ခုကိုအပ်ပေးလိုက်ပါ .. အဲ့ဒီအကောင့်က သူများဖောက်ပြီးသား မဖြစ်ဖို့လိုပါတယ် .. အဲ့ဒီတော့ ဘယ်လိုအကောင့်မျိုးကိုအပ်မလည်းဆိုတော့ ဥပမာ .. nnnaymin , naymmmin , naayminmaung , naymiinmaung  တို့လိုပုံစံမျိုးနဲ့ Invite လုပ်ပေးလိုက်ပါ .. နာမည်တွေကိုပေါင်းတဲ့ အခါမှာစာလုံးတစ်လုံးထဲကို နှစ်ခါရေးတဲ့ပုံစံဖြစ်ပါတယ် .. ကျွန်တော်အောက်မှာ   ပုံလးတွေနဲ့လည်း ပြပေးထားပါတယ် ..







အရင်ဆုံး မိမိတို့ရဲ့ G-Mail ကိုဖွင့်လိုက်ပါ .. ပြီးရင် Invite a Friend ကနေပြီးတော့ ကျွန်တော်အပေါ်မှာ နမူနာ ပြခဲ့တဲ့ ပုံစံမျိုးနဲ့ အကောင့်တစ်ခုအပ်ပေးလိုက်ပါ .. ပြီးရင် Send Invite ပေးလိုက်ပါ ..

အောက်ကပုံအတိုင်း မေးလ်ဝင်လာပါလိမ့်မယ် .. မေးလ်ကိုဖွင့်ကြည့်လိုက်ပါ ..

မေးလ်ကိုဖွင့်ပြီးပြီ ဆိုရင်တော့ မိမိထံဝင်လာတဲ့ မေးလ်ရဲ့ အောက်ဆုံးမှာ အောက်ကပုံမှာ ပြထားသလို Sign up လုပ်ဖို့ လင့်လေးပေးထား ပါလိမ့်မယ် .. အဲ့ဒီလင့်လေးကို Copy ကူးလိုက်ပါ .. ပြီးရင် Internet Explorer ကနေ အကောင့်အသစ်တစ်ခု ဖောက်ပေးရပါဖြစ်ပါတယ် .. 





အပေါ်ကပုံအတိုင်း Sing up Link လေးကို Copy ကူးပြီးပြီဆိုရင်တော့ Internet Explorer ကိုဖွင့်လိုက်ပါ .. ပြီးရင် Copy ပေးထားတဲ့လင့်လေးကို Internet Explorer မှာဖွင့်ပြီး အကောင့်တစ်ခု ဖောက်လိုက်ယုံပါပဲ ..



ဒီနေရာမှာ တစ်ခုသတိထားရမှကြ Re-enter password ရိုက်ပြီးသွားရင် အောက်က Stay signed in နဲ့  Enable Web History တို့မှာ အမှန်ခြစ်လေးတွေကို ဖြုတ်ပေးဖို့ လိုပါလိမ့်မယ် .. .







အားလုံးပဲ ဒီလောက်ဆိုရင်တော့ G-Mail အကောင့်တစ်ခုကို Verification လုပ်စရာမလိုပဲ ဖောက်လို့ ရသွားပါ လိမ့်မယ် ..



မူရင်း။ ။  နေမင်းမောင်