Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

Wednesday, 25 September 2013

Gmail Account ဖွင့်နည်း

Unknown | 25.9.13 | | Best Blogger Tips






 Myo Min Oo


Email ပြုလုပ်ပုံအသေးစိတ် သိချင်ပါတယ် ရှင်းပြပေးနိုင်မလား....



 ဒါလေးကိုလည်း စာရေးရမှာပျင်းလို့ ဒီနေရာကတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်မျာ...:D



 ကျနော့်တုန်းကလို Gmail အကောင့် တစ်ခုကို စမ်းတဝါးဝါးနဲ့ မဆောက်ရလေအောင်လို့ ကျနော် သိထားပြီးဖြစ်တဲ့ Gmail အကောင့် တည်ဆောက်ပုံကို ပြောပြပေးပါမယ်။ ပထမဆုံး အနေနဲ့ Browser ရဲ့ Address Bar မှာ gmail.com ဆိုတာကို ရိုက်ပြီး ဖွင့်လိုက်ပါ။







Pic-1




Gmail ရဲ့ စာမျက်နှာကို
ရောက်သွားပါလိမ့်မယ်။ ဒီအခါ ညာဖက် အပေါ်နားမှာ ရှိတဲ့ Create An Account
ဆိုတဲ့ အနီရောင် Button ကြီးကို နှိပ်လိုက်ပါ။







Pic-2




Form ဖြည့်ရမယ့် နေရာကို ရောက်ပါပြီ။ အောက်က ပုံထဲမှာ နံပါတ်တွေနဲ့ ပြထားပါတယ်။



၁။ ကိုယ့်ရဲ့ ပထမ နာမည်ကို ရိုက်ထည့်ပါ။



၂။ ကိုယ့်ရဲ့ ဒုတိယ နာမည်ကို ရိုက်ထည့်ပါ။

(ဥပမာ – နာမည်က ကောင်းကျော် ဆိုပါတော့။
ဒါဆို ပထမ နေရာမှာ ကောင်း၊ ဒုတိယ နေရာမှာ ကျော်။ ဒီလိုလည်း ထည့်လို့ ရသလို၊
ကိုယ်က ယောက်ျားလေးဆိုရင် ပထမနေရာမှာ မောင်၊ ဒုတိယ နေရာမှာ ကောင်းကျော်
ဒီလိုလည်း ထည့်လို့ ရပါတယ်။ အဆင်ပြေသလို ထည့်ပေးလိုက်ပါ။)



၃။ ဒီနေရာမှာ ကိုယ်ရယူချင်တဲ့ အကောင့်
နာမည်ကို ရေးပေးရပါမယ်။ အကယ်၍ ကိုယ်လိုချင်တဲ့ နာမည်က မရဘူး ဆိုရင် သူက
မရကြောင်းကို အောက်မှာ ဖော်ပြပေးပါလိမ့်မယ်။ ရတယ်ဆိုရင်တော့ ဘာမှ မပြပါဘူး။



၎။ ဒီနေရာမှာ လျှို့ဝှက် နံပါတ်ကို
ထည့်ပေးရပါမယ်။ ကိုယ်ပေးချင်တဲ့ နာမည်၊ နံပါတ် တွေကို ပေးပါ။



အကောင်းဆုံးကတော့ စာနဲ့ ဂဏန်းတွေကို တွဲဖက်ပြီး ပေးတာ ပိုကောင်းပါတယ်။
ကိုယ့်ရဲ့ password အနေအထားက အားကောင်းလား၊ အားနည်းလား ဆိုတာကိုလည်း ဘေးမှာ
ပြပေးပါတယ်။ ပက်စ်ဝှက်ကို အနည်းဆုံး ၆ လုံး ပေးရပါမယ်။



၅။ အပေါ်က ပက်စ်ဝှက် ကိုပဲ ထပ်ပြီး ထည့်ပေးရပါမယ်။



၆။ ၇။ ၈။ ဒီနေရာတွေမှာတော့ ကိုယ့်မွေးနေ့ကို လ၊ ရက်၊ နှစ် အစဉ်အတိုင်း ဖြည့်ပေးလိုက်ပါ။



၉။ ဒီနေရာကတော့ ယောက်ျား၊ မိန်းမ ရွေးပေးရမယ့် နေရာပါ။ ယောက်ျားဆို Male, မိန်းမဆို Female ပေါ့။










Gmail Form ဖြည့်ရန် – ၁












ဒီလို ပေါ်လာရင် မရသေးပါဘူး









ဖြည့်ရမယ့် နမူနာ ပုံစံပါ





၁၀။ ဖြည့်ဖို့ မလိုအပ်ပါဘူး

၁၁။ အခြား ရှိပြီးသား အီးမေးလ် တစ်ခုကို ဖြည့်ပေးရပါမယ်။ အကယ်၍ မရှိဘူး ဆိုရင်ဖြင့် mgdo.test@gmail ဆိုတာကို ဖြည့်ပေးလိုက်ပါ။



၁၂။ အပေါ်မှာ ပြထားတဲ့ မထင်မရှား စာတွေကို
မှန်အောင် ရိုက်ထည့်ပေးရပါမယ်။ 

ဒီအခါမှာ ရှေ့စာလုံးနဲ့ နောက်စာလုံးကြားမှာ
space ခြားပါ။ အကယ်၍ ပြထားတာကို မဖတ်တတ်ရင် မြှားအဝိုင်းပုံစံလေးကို
နှိပ်လိုက်ပါ။ ဒါဆို နောက်အသစ် တစ်မျိုးကို ထပ်ပြပေးပါလိမ့်မယ်။



၁၃။ အဲ့ဒီနေရာမှာ ကလစ်နှိပ်ပြီး ခေါက်လေး ခြစ်ပါ။



၁၄။ အားလုံး ဖြည့်ပြီးသွားရင် ဒီနေရာကိုသာ နှိပ်လိုက်ပါ။







Form – 2






ဖြည့်ရမယ့် နမူနာ ပုံစံ – ၂




အကယ်၍များ နောက်ပေါ်လာတဲ့ စာမျက်နှာဟာ
Verify Your Account ဆိုပြီး ပေါ်လာခဲ့ရင်ဖြင့် ဖုန်းနံပါတ်ကို
ရိုက်သွင်းပေးရပါတယ်။ အဲ့ဒီအခါ Gmail ကနေပြီး ကိုယ့်ဖုန်းထဲကို code
ပို့ပေးပါလိမ့်မယ်။ ဒါကိုတော့ ကျနော် မသုံးဘူးပါဘူး။ ဟန်းဖုန်းမှ
မကိုင်နိုင်သေးဘဲကိုးဗျ။ ဒီလို ပေါ်လာခဲ့ရင် ကျနော့်အနေနဲ့ နောက်ထပ် browser
တစ်ခု ပြောင်းပြီး ထပ်ဖွင့်ကြည့်ပါတယ်။ ဥပမာ – ပထမဟာကို Firefox နဲ့
ဖွင့်လို့ အဲ့ဒီလို ပေါ်လာခဲ့ရင် Chrome နဲ့ ပြောင်းပြီး ဖွင့်ကြည့်ပါတယ်။










ဒီလို ပေါ်လာခဲ့ရင်ပေါ့။


အောက်ကလို ပေါ်လာခဲ့ရင်တော့ အဆင်ပြေပါပြီ။
ပုံမှာ ပြထားတဲ့အတိုင်း Next Step ကို နှိပ်လိုက်ပါ။ ပြီးရင် သူ့အောက်က
ပုံထဲမှာ ပြထားတဲ့အတိုင်း Continue to Gmail ကို နှိပ်လိုက်ပါ။ ဒါဆို
ကိုယ့်ရဲ့ Gmail ကို ရောက်သွားပါလိမ့်မယ်။



ဒီလိုနဲ့ Gmail Account တစ်ခုကို လွယ်လင့်တကူ အောင်မြင်စွာ ဖွင့်လို့ ရသွားနိုင်ပါပြီ။










ဒီလို ပေါ်ရင် အဆင်ပြေပါပြီ












ဆက်နှိပ်လိုက်ပါ။













ဒီလို ရောက်ပြီဆို အောင်မြင်စွာနဲ့ ပြီးဆုံးပါပြီ..။ 





Credit : http://domyanmar.wordpress.com









Friday, 23 August 2013

Gmail ကို Offline သုံးမယ်(Chrome)

Unknown | 23.8.13 | | | Best Blogger Tips






















ယခင် Gmail Serviceတွင် Accountတစ်ခုအတွင်းရှိ ဝင်စာ(Inbox mail)၊ ထွက်စာ(Sent mail)နှင့် 





ပူးတွဲပါဖိုင်များ(Attachment file) စသည်တို့ကို Google Serverများ၌သာ သိမ်းဆည်းထားပြီး 





အင်တာနက်ချိတ်ဆက်မှု ရှိမှသာလျင် Gmail အသုံးပြု၍ ပြန်လည်ကြည့်ရှုနိုင်သည်။

ယခု Offline Gmail ဝန်ဆောင်မှုကို Email Account တစ်ခုတွင် တပ်ဆင်အသုံးပြုထားပါက အဆိုပါ 





Accountနှင့် ပတ်သက်သည့် E-mail, Attachment စသည်တို့ကို Gmail Serverတွင်သာမက 





မိမိကွန်ပျူတာရှိ E-mail Serverတွင်လည်း တစ်ပြိုင်တည်း downloadလုပ်ပြီး





 သိမ်းဆည်းပေးသွားမည် ဖြစ်သည်။ ဥပမာအားဖြင့် Gmail သုံးစွဲသူတစ်ဦးသည် 





အင်တာနက်ချိတ်ဆက်၍ သုံးစွဲနေစဉ် ထိုသုံးစွဲသူ၏ E-mail Accountသို့ 





ဝင်ရောက်လာသော Inbox mail၊ အခြားသူထံ ပို့လိုက်သော Sent mailနှင့် Attachment fileများ 





အားလုံးကို ကွန်ပျူတာအတွင်းရှိ Mail Serverတွင်လည်း တစ်ပြိုင်တည်း သိမ်းဆည်းထားနိုင်လိမ့်မည်။ 





ထို့ကြောင့် Gmail သုံးစွဲသူသည် အကြောင်းတစ်စုံတရာကြောင့် အင်တာနက်မရတော့သည့် 





အချိန်တွင်လည်း မိမိ၏ မေးလ်များကို ဖတ်ခြင်း၊ အီးမေးလ်များ ရေးသား၍ အဆင်သင့် 





သိမ်းဆည်းထားနိုင်ပြီး အင်တာနက်ရသည့်အခါ ချက်ချင်းပေးပို့နိုင်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 





Offline Gmail ဝန်ဆောင်မှုမှာ Google၏ Opensource Software တစ်ခုဖြစ်သည့် Google Gearကို 





အသုံးပြုကာ Google Serverရှိ သုံးစွဲသူ၏ Gmailဆိုင်ရာ အချက်အလက်များကို ကွန်ပျူတာသို့ 





အလိုအလျောက် download ပြုလုပ်ပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

Offline Gmail Support ဝန်ဆောင်မှုကို မိမိ၏ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုလိုပါကေ





အာက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

 Gmailသို့ sign-in လုပ်ရပါမည်။

 မိမိ Gmail စာမျက်နှာသို့ ရောက်ပါက “Settings”ကို ရွေးချယ်ပါ။အောက်မှာပုံလေးနဲ့ပြထားပါတယ်













အောက်မှာ ပုံတွေ ပြထားတဲ့ အတိုင်းဆက်သွားလိုက်ပါ





Setting ကိုဝင်လိုက်ပြီ ဆိုရင် Offline ဆိုတာ ကို အပေါ်တန်းလေးမှာတွေ့နိုင်ပါတယ်





Offline ကိုတွေ့ရင် နှိပ်လိုက်ပါ အောက်ခြေကပ်လျက်မှာ install Gmail Offline ဆိုတာလေး ကို





ထပ်မံရွေချယ်ပေးရမှာဖြစ်ပါတယ်










ထပ်ရွေးပေးပြီးရင်တော့ စာမျက်နှာ အသစ် ပေါ်လာပါမယ်





အောက်မှာ ပြထားပါတယ်  အနီရောင် ကွင်းထဲ က Free ဆိုတာ ကို ထပ်နှိပ်လိုက်ပါ







အောက်က ပုံအတိုင်းပေါ်လာရင် Add ကိုထပ်နှိပ်လိုက်ပါ










နောက်စာမျက်နှာမှာ အောက်ကပုံအတိုင်း LAUNCH APP ကိုနှိပ်လိုက်ပါ













အောက်မှာထပ်ပြီးတော့ ရွေးပေးရမယ်တခု့  Allow OFFline mail ဆိုတာကို





နှိပ်ပြီးတော့ Continue ကိုထပ်နှိပ်လိုက်ပါ










Gmail  setting မှာသွားကြည့်လိုက်ပါ အောက်နားလေးက လေးထောင့် အနီရောင်ကွက်မှာ





Launch Gmail Offline လို့ပြောင်းသွားပါပြီ











မိမိဖွင့်ကြည့်ချင်တဲ့အချိန် အဲ့ဒီ Launch Gmail Offline ကိုနှိပ်ပြီးတော့ ကြည့်နိုင်ပါပြီ ခင်ဗျာ












အိုင်တီခေတ်

















Friday, 5 July 2013

ဂျီမေးလ် အကောင့် ကို မြန်မာနိုင်ငံကနေဖွင့်လို့ရနေပါပြီ

Unknown | 5.7.13 | | | Best Blogger Tips








ဒါလေးကတော့ ညီလေး   ပြည့်စုံ(DSA) က မြန်မာပြည်ကနေ Mail နဲ့ ပို့ပြီး Gmail ဖွင့်ရင်အခတ်ခဲ ဖြစ်နေသူများအတွက် မျှဝေပေးပါဆိုလို့ မြန်မာပြည်က သူငယ်ချင်းများအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။



 ညီလေး ပြည့်စုံ(DSA) လို မိမိတို့ သိထားတဲ့ နည်းပညာ , Software , သတင်း လေးတွေ မျှဝေချင်တယ်ဆိုရင် winkabarkyaw@gmail.com ကို Mail ပို့ပြီး မျှဝေနိုင်ကြပါတယ်....။ ညီလေး  ပြည့်စုံ(DSA) ရေ ကျေးဇူးပါ..။

ဂျီမေးအကောင့်ကို မြန်မာနိုင်ငံကနေဖွင့်လို့ရပြီဆိုတဲ့အကြောင်းလေးပါ။



ဖွင့်နည်းကတော့ ဒီနေရာမှာ  မှာအားလုံးပုံမှန် ဖွင့်နေကျ အတိုင်းဖြည့်လိုက်ပါ ..။ ပြီးလို့ ဖုန်းနံပါတ်တောင်းရင် မိမိ
ဖုန်းနံပါတ်ထည့်ပေးလိုက်ပါ... ပြီးရင်  Voice Call ကိုရွေးလိုက်ပါ.. ထည့်ပေးလိုက်တဲ့ဖုန်း
ကို ပြန်ခေါ်ပြီး Verification Code ပေးပါလိမ့်မယ်။ ကျွန်တော် ဒီနေ့ mec ဖုန်းနဲ့
စမ်းထားတာပါ။ ဘယ်အချိန်ကတည်းကဖွင့်လို့ ရတာကတော့ မသိပါဘူးးး...။
သိသလောက်မျှပေးတာပါ ခင်ဗျာ..။
(mec 1500 တန်ဖုန်းကတော့ အဆင်ပြေပါတယ် Text message (SMS) နဲ့တော့ အဆင်မပြေလောက်ဘူး ထင်ပါတယ်)
ကျွန်တော့်သူငယ်ချင်းတွေကို အကောင့် ၄ ခုတောင်ဖွင့်ပေးပြီးသွားပါပြီ.. ဒီအတိုင်းလုပ်ပြီးတော့ဖွင့်တာ
ကိုယ်ပေးထားတဲ့ဖုန်းနံပါတ်ကို တန်းပြီးပြန်ခေါ်ပေးပါတယ်... ပြီးတော့ အင်္ဂလိပ်လို
Verification Code ကို သုံးကြိမ်လောက်ပြောပေးပါတယ်...။
ပြီးတော့ သူပြောလာတဲ့ 
Verification Code  ကိုထည့်လိုက်ရင် ဂျီတော့အကောင့်က လုံးလုံးကိုရသွားပါပြီခင်ဗျာ...



     ပြန်လည်မျှဝေသူ {ပြည့်စုံ(DSA)}

Tuesday, 29 January 2013

Gmail,Gtalk Password ပြောင်းနည်း, ကာကွယ်နည်း & Browser Cleaner Portable 1.2 Build 0.102

Unknown | 29.1.13 | | | Best Blogger Tips














ကိုမိုး: ကျွန်တော့် ကွန်ပျုတာမှာ Facebook နဲ့ Gmail တင်ပြီးမကြာဘူး သူများ ပက်(စ်)ဝက်ချိန်းသွားတာကိုခံနေရပါတယ်အစ်ကို ဖြစ်နိုင်ရင်ဘယ်လိုလုပ်ရမလဲ ဆိုတာကူညီပေးပါ..။





ဒါလေးကို New User တွေ သိထားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်...





အပေါ်မှာ ကိုမိုး ပြောတဲ့ အတိုင်းဆိုရင် သူ့ Gmail အကောင့်ဟာ သူများကို ဖွင့်ခိုင်းတဲ့ Gmail ဖြစ်နိုင်ပါတယ်... အရေးကြီးတဲ့ Recover Mail ကလည်း အကောင့်ဖွင့်ပေးတဲ့ လူဆီမှာပဲ ရှိမှာပါ.. Recover Mail ကိုသိရင် Password ကို အချိန်မရွေး စိတ်ကြိုက်ပြောင်းပစ်နိုင်ပါတယ်...





နောက်တစ်ခုက အင်တာနက်ဆိုင်မှာ သွားသုံးရင် Keylogger လိုသုံးထားတာမျိုး (သို့) အင်တာနက် Browser တွေကနေတဆင့် Password တွေကို Auto Save ခိုင်းထားတာမျိုး တွေကနေ တဆင့် မိမိ အကောင့်ရဲ့ Password ကို သိသွားရင်လည်း Gmail Password ကို အချိန်မရွေး လွယ်ကူစွာပြောင်းပစ်နိုင်ပါသေးတယ်...





ကာကွယ်တဲ့ အနေနဲ့ Recover Mail နဲ့ Password ကို အောက်ပါနည်းလမ်းအတိုင်း ပြန်ပြောင်းထားလိုက်ပါ...



ပထမဆုံး ဒီနေရာကနေ မိမိတို့ Gmail နဲ့ Password ကို ထည့်ပြီး Sing in လိုက်ပါ...















Gmail ပွင့်လာရင် ပုံမှာပြထားတဲ့အတိုင်း Setting ကို နှိပ်ပါ..။














Accounts and Import ကို နှိပ်ပါ...










နံပါတ် (1) က အဝါရောင်နဲ့ ပြထားတဲ့ နေရာတွေကို တစ်ခုချင်း နှိပ်ပြီး Password , Recovery Mail တွေကို ပြောင်းပေးလိုက်ပါ...



နံပါတ် (2) ကတော့ မိမိ နာမည်ကို မြန်မာလို ပြင်ရေးနိုင်ပါတယ်..။










Current Password >> လက်ရှိ Login ဝင်ထားတဲ့ Password ကို အပေါ်ကအကွက်မှာ ရေးထည့်ပါ..



New Password >> မှာ မိမိပြောင်းလဲမဲ့ Password အသစ်ကို ရေးထည့်ပါ... အဲ့ဒီ Password ကိုပဲ အောက်က Confirm Password မှာ နောက်တစ်ခေါက် ပြန်ရေးထည့်ပေးလိုက်ပါ..။











အားလုံးပြီးသွားရင် Change Password ကို နှိပ်ပေးလိုက်ပါ..။











Recover Mail ကိုလည်း ပုံမှာ ပြထားသလို Edit ကို နှိပ်ပြီး တခြား Email လိပ်စာတစ်ခုခု ရေးထည့်ပေးလိုက်ပါ...။ ဒီ Recovery Mail ကအရေးကြီးပါတယ်... အကြောင်း တစုံတရာကြောင့်(Password မေ့သွားတာမျိုး) ဖြစ်စေ Hack ခံရလို့ဖြစ်စေ.... ဒီ Recovery Mail နဲ့ မိမိ Gmail Account ကို ပြန်လည်ရယူနိုင်ပါလိမ့်မယ်....





နောက်တစ်ခုက ကိုယ်ပိုင် ကွန်ပျူတာမသုံးနိုင်လို့ အင်တာနက်ဆိုင်မှာ သွားသုံးနေတဲ့ သူငယ်ချင်းတွေအတွက်ပါ...


တချို့အင်တာနက် Browser တွေက Password တွေကို Auto မှတ်သားထားတတ်ကြပါတယ်... Password တွေဟာ အဲ့ဒီ Browser ထဲမှာ ကျန်ခဲ့နိုင်ပါတယ်... အဲ့ဒီ အတွက်တော့ အောက်မှာတင်ပေးလိုက်တဲ့  Software လေးကို Stick ထဲထည့်ထားပြီး ဆောင်ထားလိုက်ပါ.... Software လေးကို ကွန်ပျူတာမှာတပ်ပြီး Run လိုက်ပါ.. ပုံမှာလို အားလုံးကို အမှန်ခြစ်လေးတွေတပ်ပေးပြီး Clean Now ကိုနှိပ်ပေးပြီး မိမိ အင်တာနက်ထဲမှာ မွှေခဲ့သမျှ History တွေကို အပြတ်ရှင်းပေးလိုက်ပါ....။














ဒါဆိုရင် မိမိ တို့ရဲ့ Password ကိုတွေ ဆိုင်မှာ မကျန်ခဲ့နိုင်တော့ပါဘူး...။



အားလုံးအဆင်ပြေကြပါစေ...



Browser Cleaner Portable 1.2 Build 0.102







Tuesday, 15 May 2012

How to Change Gmail Password

Unknown | 15.5.12 | Best Blogger Tips





ထွန်းလေး: အကိုဝင်းရေ ကျွန်တော့်ကို gmail password ပြောင်းနည်းလေး ပြောပြ ပေးပါလား အကို ဘယ်လိုလုပ်ရတယ်ဆိုတာ မသိလို့ပါ...

 ကွန်ပြူတာ နည်းပညာဆိုတာ ဒီလိုပါပဲ...  ကွန်ပြူတာနဲ့ အချိန်အကြာကြီး ရင်းနှီးပြီးသားလူတစ်ယောက် (သို့) သိပြီးသားလူ အတွက်တော့  ဘာမှ မပြောပ လောက်ဘူးပေါ့ဗျာ.... ဒါပေမဲ့ ကွန်ပြူတာ နည်းပညာကို ခုမှ စ တင်လေ့လာနေသူ တစ်ယောက်အဖို့တော့ မသိသေးရင် တကယ့် ပြဿနာကြီး ဖြစ်နေတတ်ပါတယ်..... :)


အပေါ်မှာ ထွန်းလေး မေးထားလို့  Gmail Password ချိန်းနည်းလေးကို ကိုယ်သိထားသလိုပဲ မျှဝေပေးလိုက်ပါတယ် (သိပြီးသားသူများအတွက် မရည်ရွယ်ပါဘူးခင်မျာ..:P)



Gmail Password ပြောင်းချင်ရင်....


အရင်ဆုံး မိမိ Gmail ကို Sing in ဝင်လိုက်ပါ......ကျန်တာလေးတွေကိုတော့ အောက်မှာ Video လေးနဲ့ ရှင်းပြပေးထားပါတယ်....:)
နောက်ဆုံး အဆင့် Current password ဆိုတဲ့ နေရာမှာ မိမိ လက်ရှိသုံးနေတဲ့ Password ကို ရေးထည့်ပေးပြီး New password နေရာမှာ မိမိ စိတ်ကြိုက်ပြောင်းမဲ့ Password အသစ် ကို ထည့်ပေးရမှာပါ.... ပြီးရင်  Confirm new password နေရာမှာလဲ အသစ်ထည့်ပေးလိုက်တဲ့ Password တွေကို မှန်အောင် ပြန်ရေးထည့်ပေးပါ  အားလုံး ပြီးပြီ ဆိုရင်တော့ အောက်နားက Save ကို နှိပ်ပေးလိုက်ရင် Password ပြောင်းတာ အောင်မြင်သွားပါပြီ...:) 






Tuesday, 29 November 2011

Making New Gmail Account Without Phone Number

Unknown | 29.11.11 | Best Blogger Tips

မင်္ဂလာပါ

မြန်မာပြည်မှာ Gmail account အသစ်ဖွင့်ဖို့အတော်ခက်ခဲတဲ့အကြောင်း Internet ပေါ်မှာ မကြာခဏဖတ်ခဲ့ရပါတယ်၊ အခုဒီအခက်အခဲကိုဖြေရှင်းပေးနိုင်တဲ့နည်းလမ်းကို မိုးကုတ်သား Blog ကနေကူးယူမျှဝေလိုက်ပါတယ်၊ဘယ်လိုလုပ်ရမလဲဆိုတာအောက်မှာသာဖတ်ကြည့်လိုက်ကြပါဗျာ..။

မှတ်ချက်။ ။(အနည်းငယ် ဖြည့်စွက်ထားပါသည်)



ကျွန်တော်တို့ နိုင်ငံမှာ google account တစ်ခုလုပ်ဖို့ ဆို ဖုန်းနံပါတ်တောင်းတဲ့ ပြဿနာက အတော်ကို ဒုက္ခ ပေးခဲ့တာ ကြာပါပြီ ခက်ခက်ခဲခဲ နည်းလမ်းများကို ကျွန်တော် ကြိုးစားကြည့်ခဲ့ပါတယ်။ မရှိဘူး သာမာန်လူ လုပ်နိုင်ဖို့ သိပ်မလွယ်ဘူး နောက်ဆုံး ရှာရင်းရှာရင်းနဲ့ အလွယ်ကူဆုံးနည်းလမ်းကို ကျွန်တော်တွေ့ခဲ့ပါတယ်။



ပထမဦးဆုံး >>   Google ကိုသွားလိုက်ပါ





 



(၁) First name မြန်မာလိုရေးပါ။

(၂)  Last name ကို မြန်မာလိုပေးပါ။

(၃) Security question ကို Write My own question ကိုရွေးပါ

(၄) မေးခွန်းမှာ ဗမာလို ထည့်သာရေးလိုက်ပါ။ (ပုံတွင် ကျွန်တော်ထားသလို လိုက်ရေးရန်မလို   ကြိုက်တာရေး)

(၅) Answer မှာလဲ မြန်မာလို ပြန်ဖြေလိုက်ပါ။  (ပုံတွင် ကျွန်တော်ထားသလို လိုက်ရေးရန်မလို ကြိုက်တာရေး)

(၆) ကျန်တာအားလုံးကိုတော့ အင်္ဂလိပ်လိုပဲဖြည့်ပေးလိုက်ပါ ပြီးရင် ( I accept. Create my account ) ကိုနှိပ်လိုက်ပေါ့ 

ဒါမှမရှင်းသေးရင် အောက်က ပုံမှာသာ သေချာ ကြည့်လုပ်လိုက်ကြပါခင်ဗျာ။



မိုးကုတ်သား မှကူးယူမျှဝေပါသည်...။

Thursday, 17 November 2011

How to access Gmail When it is blocked

Unknown | 17.11.11 | Best Blogger Tips



ပုံမှန် Login လုပ်နေကျ Address (http://mail.google.com) အစား https://mail.google.com ကို ပြောင်းသုံးကြည့်ပါ။ အဲဒါမှ မရသေးရင်တော့ အောက်ပါ လိပ်စာများကို အသုံးပြုကြည့်ပါ။
အထက်ပါ လိပ်စာများနဲ့ အဆင်မပြေရင်တော့ Gmail lite install လုပ်ထားတဲ့ webpage တွေကို အသုံးပြုပါ။ e.g http://psd.boxing.free.fr/gmail/



နောက်ဆုံးနည်းလမ်းအနေနဲ့ email program (eg. MS Outlook) တွေကို Configure လုပ်ပြီး သုံးပါ။ ဘယ်လို Configure လုပ်ရမလဲဆိုတာကိုတော့ Gmail Help Center မှာ Video Tutorial များနှင့်တကွ ၀င်ရောက်လေ့လာနိုင်ပါတယ်။ Outlook 2003 အသုံးပြုသူတွေအတွက် ဘယ်လို Configure လုပ်ရမလဲဆိုတာကို ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။



ကျန်ခဲ့တဲ့ နည်းလမ်းလေးတွေလည်း ရှိဦးမှာပါ။ ဒါတွေကတော့ ကျွန်တော်သိသလောက်ပါပဲ။ အဲဒီ အထက်ပါနည်းလမ်းတွေနဲ့မှ မရလဲ Gmail ဆိုတာကြီးကို မေ့လိုက်ပါတော့။


Ref:http://uglasses.blogspot.com/search/label/Gmail

Wednesday, 16 November 2011

phone no ထည့်စရာမလိုပဲ ဂျီမေးအကောင့် ဖွင့်နည်း

Unknown | 16.11.11 | Best Blogger Tips

Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။
 
 
Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။
 
 
 
Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။
Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။
 
 
 
 
တစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။
 
 
 
 
Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ...။