Thursday, 15 September 2011

Shortcut Icon များပေါ်ရှိ မြှားပုံစံကို ဖယ်ရှားခြင်း

Unknown | 15.9.11 | Best Blogger Tips

Shortcut Icon များပေါ်ရှိ မြှားပုံစံကို ဖယ်ရှားခြင်း
12

Remove Arrow
Window XP ၊ Window Vista နှင့် Window 7 များ၏ Window Operating System ရှိ Shortcut Icon များတွင် မြှားပုံစံလေးများပါရှိပါ သည်။ ထိုသို့မြှားပုံစံမှာ ပုံအစစ်များနှင့် Shortcut ပုံများကိုခွဲခြားထားရန်အတွက် အသုံးပြုထားခြင်းဖြစ်ပါသည်။ Shortcut များရှိ မြှားပုံစံကို Remove ပြုလုပ်ပြီး ပုံအစစ်များကဲ့သို့ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် အောက်ပါအတိုင်း ပြုလုပ်ပေးရပါမည်-
၁။ ထို Shortcut ကို Right Click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ၄င်းမှ Shortcut Tab ရှိ Change Icon သို့ဝင်ရောက်၍ Icon ပုံစံကို ပြောင်းလဲနိုင်ပါသည်။
၂။ ၄င်း Shortcut ကို Shortcut ပုံစံမှ Original ပုံစံသို့ပြောင်းလဲရန်အတွက် Start \ Run တွင် regedit ဟုရိုက်၍ Register Editor အတွင်းသို့ဝင်ရောက်ရပါမည်။
၃။ HKEY_CLASSES_ROOT\lnkfile သို့သွား၍ lnkfile ကို Click ပြီးညာဘက်ရှိ IsShortcut ကို Delete ရပါမည်။ Delete မလုပ်လိုပါက Rename သို့ဝင်၍ IsNotShortcut ဟု ပြောင်း လဲပေးနိုင်ပါသည်။
၎။ ထိုသို့ပြောင်းလဲသည့်တိုင်အောင် အချို့ သော Shortcut များတွင် arrow ကျန်ရှိနေသေး ပါက အောက်ဖော်ပြပါအတိုင်းသွားရောက်၍ ပြီးညာဘက်ရှိ IsShortcut ကို Delete ခြင်း သို့မဟုတ် Rename သို့ဝင်၍ IsNotShortcut ဟု ပြောင်းလဲခြင်းတို့ကို ပြုလုပ်ပေးရပါမည်။
HKEY_CLASSES_ROOT\piffile

HKEY_CLASSES_ROOT\ConferenceLink

HKEY_CLASSES_ROOT\DocShortCut

HKEY_CLASSES_ROOT\InternetShortcut

HKEY_CLASSES_ROOT\WSHFile
၅။ Registry Editor မှထွက်ပြီးနောက် ကွန်ပျူတာကို Restart ပေးပြီးနောက် Shortcut ပုံများတွင် Arrow များပျောက်ကွယ်နေသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။

0 comments:

Post a Comment