Thursday, 6 October 2011

သင့် ကွန်ပြူတာကို လုံခြုံစိတ်ချ ပိုမိုမြန်ဆန်စေတဲ့ 1-Click Maintenance ဆုတံဆိပ်( ၈ )ခုရ ဆော့ဝဲလ်

Unknown | 6.10.11 | Best Blogger Tips

ဒီဆော့ဝဲလေးကထွက်ရှိတာလည်းမကြာသေးပါဘူး ကျနော့်လက်စွဲလည်းဟုတ်ပါတယ်

ကောင်းမွန်လွယ်ကူပြီး ပိုက်ဆံပေးဝယ်သုံးရတှဲ့ System Mechanic ......Registered Mechanic..

တို့ထက်ကိုပိုပြီး စိတ်ကြိုက်တွေ့မိပါတယ်...နောက်ပြီးဒီဆော့ဝဲဟာ...ဆုတံဆိပ် ၈ ခုထိရရှိထားပြီး

မြန်မာဆိုက်တွေနဲ့ ဘလော့တွေမှာလည်းတင်ထားခြင်းမရှိသေးပါဘူး

ဖိုင်တွေကိုရှင်းလင်းပေးရုံသာမက တူနေတဲ့ဖိုင်တွေကိုရှာဖွေရှင်းလင်းပေးခြင်း......

ဆိုက်တွေ မေးတွေပေါ်တင်လို့မရအောင် ဖိုင်ဆိုက်ကြီးနေတဲ့ ဆော့ဝဲ..သီချင်း..ရုပ်ရှင်ဖိုင်များကိုလည်း

တင်လို့ ပို့လို့ရအောင် လိုသလို ဖိုင်ဆိုက်များ ခွဲပေးခြင်း ခွဲပြီးဖိုင်များဆက်ပေးခြင်းလည်းပါဝင်ပါတယ်

အောက်မှာ လုပ်ဆောင်ပုံအဆင့်ဆင့် ရှင်းပြထားပါတယ်...

အရင်ဆုံးဒီဆော့ဝဲRun လိုက်ရင် ဒါလေးတွေ့ရမှာပါ

ပြီးရင် Track Eraserဘေးက Option ကိုကလစ်ပြီး Select Tracks You Want To Erase ကိုဝင်ပြီး

အားလုံးကို အမှန်ချစ်လိုက်ပါ





ပြီးရင်OK ကိုကလစ်ပြီးအောက်ကပုံတိုင်းဆက်လုပ်ပါဒါဆိုရင်လုံခြုံစိတ်ချပေါ့ပါးသွားပါပြီ..ဒီထက်ပိုပြီး ပေါ့ပါးမြန်ဆန်ချင်ရင်တော့..

Module ဘက်ကိုကလစ် ပြီးရင်တာ့

ကျနော်အောက်မှာပြထားတာတွေကြည့်လိုက်ပါ...

အစကတော့အသေးစိတ်ပြောမလို့ပဲဗျ..အားလုံးလည်း အင်္ဂလိပ်စာတတ်တာပဲ

ကျနော်လည်းရေးရင်းနဲ့ပျင်းလာပြီဗျ ဟဲဟဲ အဓိကပဲပြောတော့မယ်နော်

၁။ ။ဝင်းဒိုး အတက်နှေးရင် အောက်ပုံထဲက Startup Manager ထဲဝင်ပြီး မလိုတာတွေ

သိပ်မသုံးတာတွေ..ဖယ်ထုတ်လိုက်ပါ

၂။ ။ဂိမ်း ဆော့တဲ့သူတွေ ပိုမြန်အောင် Memory Optimizer ထဲ ၀င် ပြင်ပါ



အောက်မှာကတော့...တူနေတဲ့ဖိုင်တွေများပြီး ဟာ့ဒစ် လေးနေ ပြည့်နေရင် (ဥပမာ..ဗိုင်းရပ်ကြောင့်)

Duplicate File Finder ထဲဝင်ပြီး လိုသလို တူနေတာတွေဖျက်ချလိုက်ပေါ့



နောက်တခုက...သိပ်စိတ်မချရတဲ့ဖိုင်...အာလုံးတော့ဟုတ်ဘူးနော်..

Empty Folders Finder ထဲဝင်ပြီးပြင် (မသိရင်လုပ်နဲ့နော်)



အောက်ဆုံးတစ်ခုက...ဆိုက်တွေ မေးတွေမှာ ဖိုင်တွေတင်ချင်ပို့ချင်တဲ့အခါ ဖိုင်ဆိုက်သတ်မှတ်ထားတယ်လေ

ကိုယ်ကဆိုက်ကြီးတာတွေတင်ချင်ရင်...သူများတင်ထားတာသုံးချင်ရင် လိုသလိုပိုင်းဖြတ်ဖို့ ဆက်ဖို့

File Splitter and Joiner လေးကိုသုံးလိုက်ပါဗျာ..



နောက်ဆုံးတစ်ခုပြောချင်တာကတော့...Process Manager ပါပဲ ဗိုင်းရပ်ကိုက်လို့ ဖွင့်မရတဲ့သူတွေ

ဒီကနေ၀င်လုပ်ကြပေါ့ဗျာ

ဆော့ဝဲကောင်းမကောင်းပါသိအောင် သူ့ဒေတာတွေပါ လည့်ပေးလိုက်တယ်ဗျာ..

ခုကျနော်ပြထားတာထက် UP Grate ပိုမြင့်ပါ တယ်ဗျာ...Version : 2.33.0.1158 ပါ

Author: Glarysoft

Date: 2011-03-12

Size: 8.27 MB

License: Freeware

Requires: Win XP/2003/Vista/Windows7

Downloaded: 319038 Times





   ဒါကိုကလစ်ပြီးစောင့်နေလိုက်ပါဗျာ ရပါပြီ



မူရင်း။ ။  မြန်မာချစ်သူ

 

0 comments:

Post a Comment