Wednesday, 5 October 2011

Software Review (Unlocker)

Unknown | 5.10.11 | Best Blogger Tips

USB device တွေကို eject လုပ်တော့မယ်ဆိုရင် အောက်က လိုမျိုး message ပေါ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရတာ လူတိုင်းလိုလို ကြုံဖူးမယ် ထင်တယ်။ အရင်တုန်းကဆို application တွေ အားလုံးလိုက်ပိတ်ပြီးလို့မှ ဒီလို ထပ်ပေါ်နေသေးတယ်ဆိုရင် စိတ်မရှည်တော့ဘဲနဲ့ ဒီအတိုင်း ဆွဲဖြုတ်ပစ်လိုက်တာ များတယ်။



အခုမှ ဒီ unlocker ဆိုတဲ့ software လေးကို တွေ့သွားတာ။ တော်တော် လေးကို အသုံးဝင်ပါတယ်။ install လုပ်ပြီးသွားပြီဆိုရင် USB device ပေါ်မှာ right click လုပ်လိုက်တာနဲ့ unlocker ဆိုတာ ကို ရွေးလိုက်ပါ။ ပြီးရင် သူပြထားတဲ့ process တွေကို “Kill Process” ဒါမှ မဟုတ် “unlock all” လုပ်လို့ပြီးသွားရင် USB ကို safely remove လုပ်လို့ ရသွားပါပြီ။
USB အတွက်ဘဲ အသုံးဝင်တာ မဟုတ်သေးဘူး။ တစ်ခါတစ်လေ file တွေ folder တွေ ကို အကြောင်းအမျိုးမျိုးကြောင့် rename လုပ်လို့မရ delete လုပ်လို့မရ ဖြစ်တယ်။ အဲဒီအခါမှာလည်း file/folder ပေါ်မှာ right click လုပ်ပြီး unlock လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။


Unlocker က freeware ဖြစ်တဲ့အတွက် http://ccollomb.free.fr/unlocker/ မှာ free download လုပ်နိုင်ပါတယ်။
မူရင်း။ ။ Thinzaroo

0 comments:

Post a Comment