Digital Recorder တွေ၊ MP3၊ MP4၊ iPod စတဲ့  digital  device  တစ်ခုခု ဖမ်းယူသိမ်းဆည်းထားတဲ့ အသံဖိုင်တွေဟာ  မကြာခဏ  ပျက်သွားလေ့ရှိပါတယ်။ အထူးသဖြင့်  MP3၊ MP4 နဲ့  iPod  တွေဟာ  စိတ်ချရမှုမရှိပါဘူး။ သူတို့တွေဟာ Virus ( ဗိုင်းရပ်စ်) ဝင်လို့ပဲဖြစ်ဖြစ်၊   Save  မလုပ်မိပဲ  USB (Universal Serial Bus)  အပေါက်ကနေ  ဆွဲဖြုတ်လိုက်ရင်ပဲဖြစ်ဖြစ်၊ မကြာခဏ  Disk Error  ဖြစ် တတ်ပါတယ်။
အဲဒီလိုဖြစ်ပြီဆိုရင်  သွင်းထားတဲ့ ဖိုင်တွေကို  ဖွင့်လို့မရတော့ပါဘူး။ အရုပ်တွေ ပြန်ကြည့်ဖို့ပဲဖြစ်ဖြစ်၊  Digital Device   က  Menu  တွေထဲဝင်လိုက်ရင်  ‘Disk  Error’  ဆိုတဲ့ စကားလုံးလေးပေါ်လာပြီး  ဖွင့်လို့မရတော့ပါဘူး။  အဲဒီအချိန်မှာ ကွန်ပျူတာက  USB  ပေါက်မှာ  ထိုးလိုက်ရင်  ကွန်မျူတာမှာ  Removeable Disk  ဆိုပြီးပေါ်လာပေမယ့်  Disk   ထဲကို  Click  နှိပ်ပြီးဝင်တဲ့အခါ မပွင့်ပဲ  Format  ချဖို့ပြောတဲ့   Command  ပေါ်လာပါမယ်။  Format  ချလိုက်မယ်ဆိုရင်တော့  အထဲက  Data  တွေ  မှန်သမျှ  လုံးဝ ပျောက်သွားမှာပါ။
ဒီလိုမျိုးဖြစ်တတ်တာတွေအပြင်  Digital  Camera   ထဲကပုံတွေ မှားယွင်းပြီး  ဖျက်မိ(Delete) လို့ပဲ ဖြစ်ဖြစ်၊  Format   ချမိလို့ပဲဖြစ်ဖြစ်၊  Memory  Card  ထဲကပုံတွေ ဆုံးရှုံးသွားတတ်ပါတယ်။  PC   တွေရဲ့  Hard Disk  တွေထဲက  File  တွေ၊  Folder  တွေ  မှားဖျက်မိလို့၊   ဒါမှမဟုတ်  Hard Disk  ထဲ  Virus  ဝင်ဖျက်တဲ့အခါမျိုးမှာ PC  ထဲက  Data   တွေ ပျက်စီးပျောက်ဆုံးတတ်ပါတယ်။ ဒီလိုဖြစ်သွားတဲ့ အခါမျိုးများ   ဆုံးရှုံးသွားတဲ့  Data  တွေပြန်ရဖို့  Recovery  Software  တွေ  သုံးလို့  ရပါတယ်။  Recovery  Software  တွေက  အဲဒီလိုနည်းနဲ့  ပျောက်ဆုံးသွားတဲ့   Data  တွေကို  ပြန်ရှာ ပေးနိုင်ပါတယ်။
ဆက်လက်ဖတ်ရှုရန် …..
Recovery  Software  တွေက  Lost  File  တွေကို   ရှာတဲ့နေရာမှာ  မကြာသေးခင်က ပျောက်သွား တဲ့  ဖိုင်တွေအပြင်  အရင်  အကြိမ်ပေါင်းများစွာ  ဖျက်ထားတဲ့ဖိုင်တွေကိုပါ  ပြန်ရှာပေးနိုင်ပါတယ်။   အဲဒီဖိုင်တွေထဲက  လိုအပ်တဲ့ဖိုင်တွေအားလုံးကို  Save  လုပ်ထားခြင်းဖြင့်   ပျောက်ဆုံးသွားတဲ့ ဖိုင် တွေကို  ပြန်လည်ရယူနိုင်ပါတယ်။
Recovery  Software  တွေကို  Installer  CD  တွေ   ရောင်းတဲ့ဆိုင်တိုင်းမှာ  ဝယ်ယူနိုင်သလို  Internet  ကနေ  Free  Download   ရယူပြီး  အသုံးပြုနိုင်ပါတယ်။  Recovery  Software  တွေက   အမည်အမျိုးမျိုးရှိပါတယ်။  ဥပမာ –  Data  Recovery၊  Delete  Recovery၊   Format  Recovery၊  Hardisk  Recovery  စသဖြင့်  အမည်အမျိုးမျိုးနဲ့   Specialize  အမျိုးမျိုးရှိပါတယ်။
Internet  ထဲကနေ  Recovery  Software   တွေရယူချင်တယ်ဆိုရင်  ‘ Free  Recovery  Software ‘  ဆိုပြီး  Google  ထဲ   ရိုက်ထည့်လိုက်တာနဲ့  Recovery  Software  တွေ  Free  ပေးတဲ့  Website  တွေ   ပေါ်လာပါလိမ့်မယ်။  ဒါပေမယ့်  သတိထားဖို့လိုတာက  အဲဒီ  Website   တွေအားလုံးက  Free  ပေးတာမဟုတ်ပါဘူး။  အများစုက  ရောင်းတာပါ။  Free ဆိုရင်   Demo  ပဲပေးပါတယ်။  Demo  ဆိုရင်  Lost  Data  တွေကို   ရှာရုံပဲရှာပေးပါတယ်။  File  ကိုပြန်ပြီး  Save  လုပ်လို့မရပါဘူး။  Save   မယ်ဆိုရင်  Registration  Number တောင်းပါတယ်။   အဲဒီနံပါတ်  မပေးနိုင်ရင်   Save  လို့မရပါဘူး။  ဒါကြောင့်  Download  လုပ်တဲ့နေရာမှာ  Demo  မဟုတ်ပဲ   Free  Full  Version  ပေးတဲ့  Website  ကိုရှာပြီး  ရယူဖို့လိုပါတယ်။
Recovery  Software  တစ်ခုခုကို  ရယူပြီးရင်  ပထမဆုံး   မိမိစက်(PC)  ထဲကို  Software  Installation  လုပ်ရပါမယ်။  Install   လုပ်ပြီးသွားရင်  Lost  Data  တွေ ပြန်ဆယ်ဖို့  Recovery  Icon  လေးကို   ဖွင့်လိုက်ပါ။  ပြီးရင်  ကိုယ်ရှာချင်တဲ့  Device  ကိုရွေးပါ။  အဲဒီနောက်   Lost  Data  တွေ ပြန်ရှာဖို့  Scanning  လုပ်ရမယ်။  အဲဒီလိုလုပ်ဖို့   Software  တစ်ခုနဲ့ တစ်ခု  Instruction  တွေ  မတူ ကြပါဘူး။  တချို့   Software  တွေက  ‘Scan’  ဆိုတဲ့  button  ကို  Click  လုပ်ရပါတယ်။  တချို့က  တော့  ‘Format  Recover’  သို့မဟုတ်  ‘Delete  Recover’  ဆိုတဲ့  button   ကို  Click  လုပ်ရပါမယ်။  အဲဒီလို  Click  လုပ်လိုက်တာနဲ့  Software  က   Lost  File  နဲ့  Folder  တွေကို  စရှာပေးပါတယ်။  ကိုယ်ရှာတဲ့  Device  ရဲ့   Size  ပေါ်မူတည်ပြီး  ကြာမြင့်ချိန်  ကွာခြားမှာပါ။   အဲဒီလိုရှာလို့ပြီးသွားရင်  Windows  Screen  ပေါ်မှာ  Lost  Data   တွေအားလုံး  ပေါ်လာပါလိမ့်မယ်။  ဒီအခါမှာ  ကိုယ်လိုချင် တဲ့  File  တွေကို   Save  လုပ်လိုက်ရုံပါပဲ။  ဒီ  Digital  Media  Recovery  လို့ခေါ်တဲ့   Software  လေးက  အသုံးပြုရတာ  အလွန်လွယ်ကူတဲ့အတွက်  Data  တွေကို   ပြန်လည်ရယူကြည့်နိုင်ပါတယ်။
Recovery  Software  ရယူနိုင်မယ့်  Website  အချို့ကို  ဖော်ပြပေးလိုက်ပါတယ်။- www.handyrecovery.com
- www.ontrackdatarecovery.com
- www.recoveryfix.com
( Voice ဂျာနယ်၊ Vol. 4 ၊ No. 38 မှ ထုတ်နှုတ်ဖော်ပြပါသည်။ )
အားလုံး  Data  ပျက်စီး ဆုံးရှုံးခြင်းဒုက္ခမှ  ကင်းဝေးကြပါစေ………..
ကိုကျော်သူလင်း






 

0 comments:
Post a Comment