Saturday 25 August 2012

iPhone, iPad သုံးသူများအတွက် ပိုမိုမြန်ဆန်သော Facebook app မိတ်ဆက်

Unknown | 25.8.12 | | Best Blogger Tips







သြဂုတ် ၂၄။ iPhone, iPad တို့နဲ့ Facebook အသုံးပြုသူ များအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ 


Android ဖုန်းနဲ့ Facebook သုံးရတာ iPhone ရဲ့  iOS ပေါ်မှာ Facebook သုံးရတာထက် သာတယ်ဆိုတာ အမှန်ပါပဲ။ Loading page, Photo opening, using app on Facebook, notification load, news feed load စတာတွေမှာ မြန်ဆန်မှုက ကွာခြားနေပါတယ်။ ယခုတော့ ဇူကာဘတ် သတင်းစာရှင်းလင်းပွဲနဲ့ App အသစ် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ 


Speed နဲ့ Performance ပိုင်းမှာ ယခင်ကထက် သာလွန်နေစေရမယ်လို့ ကတိပြုလိုက်ပါတယ်။ ဇွန်လ စစ်တမ်းအရ Facebook မိုဘိုင်း Product အသုံးပြုသူ Active user ၅၄၃ သန်းရှိနေပါတယ်။ ယခင် Version ထက် ၂ ဆတိတိပိုမြန်တဲ့ Facebook 5.0 app ကို iOS မှာ တွေ့မြင်နိုင်ပြီလို့ဆိုပါတယ်။ 


ဒါကြောင့် notification load, news feed load တို့ Photo ဖွင့်ကြည့်တာတို့ဟာ iPhone, iPad တို့ပေါ်မှာ ယခင်ကထက် မြန်ဆန်မှာ ဖြစ်ပါတယ်။ Facebook for iPhone app ရှိပြီးသူများအတွက် App အသစ် Download လုပ်ရန် အလိုလိုပေါ်နေမှာ ဖြစ်ပြီး App Store ကနေလည်း ဝင်ရောက် Download ဆွဲနိုင်ပြီလို့ သိရပါတယ်။ 
----


0 comments:

Post a Comment