Friday 31 August 2012

ဒေါ်လာ ၉၀ ဝန်းကျင် တန်ဖိုးရှိသော ကမ္ဘာ့ ဈေးအပေါဆုံး Laptop

Unknown | 31.8.12 | Best Blogger Tips





ဒေါ်လာ ၉၀ ဝန်းကျင် တန်ဖိုးရှိသော ကမ္ဘာ့ ဈေးအပေါဆုံး Laptop


ကမ္ဘာ့ ဈေးအပေါဆုံး Laptop ကိုစာဖတ်သူအချို့ သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။


ယခုနှစ် ဇွန်လ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ မှာ ထုတ်ဖော်ပြသခဲ့ တာ ဖြစ်ပါ တယ်။ ဗြတိန်နိုင်ငံမှ နည်းပညာ ကုမ္မဏီကြီး Allied Computers International မှ ဆင်းရဲသားများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Laptop ဖြစ်ပါတယ်။


ဈေးနှုန်းအားဖြင့် အိန္ဒိယ ရူပီ ၄၉၉၉ တန်ဖိုးပဲ ရှိပါတယ်။ အမေရိကန်ဒေါ်လာ နဲ့တွက်ကြည့်မယ်ဆိုရင် $90 ဝန်းကျင် ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် ၈သောင်း ဝန်းကျင်ပဲ ရှိမယ်ထင်ပါတယ်။


သို့ပေမယ့် အဲဒီ Laptop တွေမြန်မာပြည်မရောက်နိုင်သေးပါဘူး။ အိန္ဒိယမှာပဲ ရောင်းချတာ ဖြစ်ပါတယ်။


မျက်နှာပြင် - ၁၀.၂လက်မ LED (1024 x 768 resolution)
Memory - 512MB (1.0GB RAM အထိ တိုးမြင့်နိုင်)


Storage - 4GB (32GB အထိ ထပ်မံတိုးမြင့်နိုင်)
အသံထွက်စနစ် -- High Definition Audio


Communication - 10/100 Ethernet Adaptor , Wireless Adaptor , 3G ready (Optional) via USB dongle


Ports - USB 2.0 ၃ ပေါက်
Card Reader - Push Card Reader - MMC / SD - ၁ပေါက်


Imaging Device - Web ကင်မရာ
အရွယ်အစား - 11.0 x 7.25 x 1.0 လက်မ


အလေးချိန် - ၀.၇ ကီလိုဂရမ်
------
ပညာရေးမှာ အသုံးပြုရန် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အိန္ဒိယကျောင်းသားလူငယ်များတအတွက် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆော့ဖ်ဝဲထုတ်လုပ်မှုအများဆုံး နိုင်ငံတွေထဲက တစ်ခုအပါ အဝင်ဖြစ်ပါတယ်။ အဓိက ဖောက်သည်များ ဖြစ်တဲ့ အာရှမှာဆိုရင် ဂျပန်နိုင်ငံ၊ ဥရောပမှာဆိုရင် ဗြိတိန် နှင့် အခြား အမေရိက နိုင်ငံများမှ မှာယူမှုကြောင့် ဆော့ဖ်ဝဲများ ထုတ်လုပ်ပေးနေရပါတယ်။


ဒီလို ဆော့ဖ်ဝဲဖန်တီးခြင်း အတတ်ပညာအား လူငယ်တွေကို သင်ကြား ပြုစု ပျိုးထောင်ပေးဖို့အတွက် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ ကွန်ပျူတာကို ထောက်ပံ့ပေးရန် လိုအပ်လာပါတယ်။ ဒါကို ရှေးရှုပြီးတော့ ဗြိတိန်အခြေဆိုက် Aci မှ ယခုလို ဈေးပေါပေါ ဖန်တီးပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 






0 comments:

Post a Comment