Thursday 30 August 2012

Blog မှာ Facebook Like Box ထည့်သွင်းနည်း

Unknown | 30.8.12 | | Best Blogger Tips



ဒီ Facebook Like Box လုပ်နည်းလေးကို  Blogger ကိုပြည့်ဖြိုး ကပဲ တောင်းဆိုနေလို့ ကျန်တဲ့ မသိသေးတဲ့ Blogger တွေလည်းဗဟုသုတ

ရအောင် မျှဝေပေးလိုက်ပါတယ်....:)



မိမိ Blog မှာ Facebook Like Box လေးပြုလုပ်ဖို့အတွက် Facebook မှာ Fan Page လေးတစ်ခု အရင်ဆုံး တည်ဆောက်ရပါ့မယ်..။


Facebook Login
ဝင်ထားပြီး  ဒီနေရာကို  သွားပါ  ရွေးခြယ်စရာ ၆ ခု ရှိပါတယ် နှစ်သက်ရာ တစ်ခုကို Click လိုက်ပါ..။

ကျနော်ကတော့ Cause or Community ကို ရွေးလိုက်ပါတယ်..။ကိုယ့် Fanpage ရဲ့ နာမည် Title လေးရေးထည့်ပေးပြီး I agree မှာ အမှန်ခြစ်လေးထည့် Get Started ကို နှိပ်လိုက်ပါ..။

နောက်ပေါ်လာတဲ့ Page မှာ Facebook အကောင့်ဖွင့်တုန်းကလို ဓာတ်ပုံ ဘာညာလေးတွေ ထည့်ပေးလိုက်ပါ (နောက်မှ ထည့်ပေးလည်းရပါတယ်) ..။ ကဲ အခုဆိုရင် မိမိ ကိုယ်ပိုင် Fan Page လေးတစ်ခု ရရှိသွားပါပြီ... Like ကို နှိပ်ပြီး ဖွင့်လိုက်ပါ..။

မိမိ မှာရှိတဲ့ သူငယ်ချင်းတွေကို Invite လုပ်ချင်ရင် လုပ်နိုင်ပါတယ် မလုပ်ချင်သေးရင် Skip ကို နှိပ်ပါ... အဲ့ဒီ Fan Page မှာ Post တွေ စ ပြီးတင်လို့ရပါပြီ...။


Fan Page လေး ဖန်တီးပြီးရင်တော့ မိမိ Blog ထဲမှာ Like Box လေးထည့်ပေးဖို့   ဒီနေရာ  ကို သွားလိုက်ပါဦးးး..။ ပုံထဲမှာ ပြပေးထားတဲ့ နေရာကို စောစောက ဖန်တီးထားတဲ့ Facebook Fan Page ရဲ့ URL ကို Copy ကူးပြီး ထည့်ပေးလိုက်ပါ .. 
 


မိမိ Blog ရဲ့ အကျယ် အဝန်း နဲ့ ကိုက်ညီအောင်တော့ ကိုယ့်ဘာသာကိုယ် ချိန်ညှိပေးပါ.... ပြီးရင် အောက်နားက Get Code ကိုနှိပ်လိုက်ပါ .. Your Like Box plugin code : မှာ XFBML ကိုရွေးပါ ပုံထဲကလို နံပါတ် (3) မှာပေါ်လာတဲ့ Code တွေကို Copy ကူးလိုက်ပါ  ပြီးရင်...
 
 
 မိမိ Blog ကတဆင့် (ဒီအဆင့်ကိုတော့ Blogger တိုင်း လုပ်တတ်ကြမှာပါနော်)

HTML/JavaScript မှာထည့်ပေးပြီး Save လုပ်လိုက်ပါ ...။  ကဲ ခုဆိုရင် Facebook Like Box လေး မိမိ Blog ထဲမှာ ရောက်သွားပါပြီ   ဒီနေရာလေး  မှာ ကျနော်အစမ်းလုပ်ထားပါတယ်...။ 

... ကဲ....အဲ့ဒါပါပဲဗျာ .... အားလုံး အဆင်ပြေကြပါစေ....:)

 
 ကိုပြည့်ဖြိုးရေ ကြိုက်တယ် ဆိုရင်တော့  Don't Forget to Say Thanks , If You Like My Post !! ပေါ့ဗျာ.....:P


ဝင်းကမ္ဘာကျော်




13 comments:

  1. မိုက်တယ်ဗျို့ အဲဒါလေးတွေကြောင့် အားကိုးနေရတာ စမ်းကြည့်လိုက်ဦးမယ် အဆင်မပြေရင်တော့ ပြန်ပြောမည်ဖြစ်ကြောင်းးးးးးးးး

    ReplyDelete
  2. ကျေးဇူးပါပဲ အကိုရေ အဆင်ပြေပါတယ်
    နောင်လည်း သည်ထက်မက အောင်မြင်နိုင်ပါစေ

    ReplyDelete
  3. အဆင်ပြေတယ်ဗျို့ ကျေးဇူးအများကြီးတင်ပါတယ်။ တစ်ခုတော့မေးဦးမယ်ဗျ ကျွန်တော့ဆီမှာ Like လုပ်ခဲ့တဲ့ အကွက်မှာ နှစ်ယောက်တွဲတွေထပ်နေတယ်ဗျ အဲဒါဘာလို့လည်းဟင်။ပြီးတော့ ကျွန်တော်တင်တဲ့ Post တွေကို Like နှိပ်တာ အဲဒီ Fun ဆီကို မေ၇ာက်ဘူးဗျ။ Facebook Page ပေါ်ရောက်သွားတယ်။ Fun ကိုရောက်အောင် ဘယ်လိုလုပ်ရမလည်းဗျာ။ ညွန်ပေးပါဦးနော်။

    ReplyDelete
  4. ကျွန်တော် အများကြီးကျေးဇူးတင်ပါ၏
    မနက်ဖြန်ကျမှ မရှင်းတာလေးတွေဆက်ပေးပါမယ်ဗျာ။

    ReplyDelete
  5. ကျေးဇူးပါ ကိုဝင်းရေ.....

    ReplyDelete
  6. မရဘူး ဘာမှားလဲ မသိဘူး ကုတ်ယူပြီးထည့် တော့မပေါ်ဘူး
    ဖန်ပေ့ က အပုံ လဲ မပေါ်ဘူး

    ReplyDelete
  7. nyithu ခင်မျာ မရစရာအကြောင်းမရှိပါဘူး ကိုယ်တိုင်စမ်းသပ်ပြီးမှ တင်ပေးထားတာပါ Template ထဲ ဝင်ပြင်ရတာ မဟုတ်လို့လဲ မှားမှာကြောက်စရာမလိုပါဘူး ရဲရဲသာလုပ်ပါ.... အပေါ်မှာ ရှင်းပြထားတဲ့အတိုင်း သေချာလေးလုပ်လိုက်ပါ လုံးဝ ရပါတယ် နမူနာလည်း လုပ်ပြထားပါတယ် မရစရာ အကြောင်းမရှိပါ....

    ReplyDelete
  8. ကျေးဇူးတင်ပါတယ် အကို..

    ReplyDelete
  9. အကိုရေမရဘူးဗျာ ကျွန်တော် ၅ ခါလောက်ရှိပီလုပ်လို့မရလို့ပါ ပုံလည်းမပေါ်ဘူး ပီးတော့ခေါင်းစဉ်လေးပဲ တက်လာတယ် ကူညီပါအုံး............။ https://www.facebook.com/profile.php?id=100003104982477 ကျွန်တော့် facebook ပါ

    ReplyDelete
  10. ရပါတယ် တခုခုလွဲနေလို့ပါ...

    ReplyDelete
  11. ကျေးဇူးတင်လွန်းလို့..ဘာပြောရမလဲတောင်မသိတော့ဘူး...အာဘွားပဲပေးလိုက်တော့မယ်.....ဟီး...ဟီး...စတာပါအစ်ကိုကြီး...ကျေးဇူးပါဗျာ....

    ReplyDelete
  12. ဟိဟိ ကျနော် လုပ်တာရတယ် ဗျ ဒါပေးမဲ လုပ်ပိမှ မျက်စိနောက်ကုန်ပိဗျ..နစ်ခုဖြစ်နေတဲ့ အကောင့်ကို တခုထည်ဘယ်လိုပြန်ပေါင်းရမလဲ အကို...

    ReplyDelete