Unknown  | 
24.4.13  | 
နည်းပညာသတင်းများ
 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းလ် တယ်လီဖုန်းများနှင့် ပတ်သက်၍ ထပ်မံ အသိပေး ကြေညာချက်
 
 ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ်
 ဧပြီ ၂၄ ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း 
CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် လက်ရှိမိုဘိုင်းလ် 
တယ်လီဖုန်းများကဲ့သို့
 အထွက်ခေါ်ဆိုမှု အတွက် တစ်မိနစ် ၅ဝ 
ကျပ်ဖြစ်ပါသည်။ အဝင်ခေါ်ဆိုမှု အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် 
အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800MHz မိုဘိုင်းလ် 
တယ်လီဖုန်းများ ကဲ့သို့ တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် 
အသုံးပြုလို ပါက သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးများရှိ 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် 
အင်တာနက်စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခကျပ် ၁ဝဝဝဝ ပေးသွင်း 
လျှောက်ထားရပါမည်။
 
 MECTEL 
အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း စနစ်သည် 
မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး အဆိုပါ 
ရေဒီယို စခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း 
ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယို စခန်းများ၏ နယ်နိ 
မိတ်များအတွင်း အပြန်အလှန် ယူဆောင် အသုံးပြုနိုင်ပါသည်။ ဆက်သွယ်မှု 
အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုကျယ်ပြန့်စွာ 
ဆက်သွယ်ပြောဆိုနိုင် ရန်အတွက် စခန်းသစ်များကိုလည်း ထပ်မံ တိုးချဲ့ 
တည်ဆောက်လျက် ရှိပါသည်။
 
 MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း 
CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်းများသည် ကြိုတင်ငွေဖြည့်ကတ် အသုံးပြု၍ 
ပြည်တွင်း/ ပြည်ပသို့ တယ်လီဖုန်း ဆက်သွယ် ပြောဆို နိုင်ပါသည်။ ပြည်ပသို့ 
တယ်လီဖုန်း ခေါ်ဆိုလိုပါက MECTEL အမှတ်တံဆိပ်ပါ နိုင်ငံခြားငွေသုံး ကြိုတင် 
ငွေဖြည့်ကတ် (10$,20$, 50$) အား အသုံးပြုရပါမည်။ ဖော်ပြပါ MECTEL 
အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကြိုတင် 
ငွေဖြည့်ကတ်များ ရောင်းချမည့် နေရာ၊ ဒေသနှင့် အရောင်းဆိုင်များအား 
နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်း ကြေညာထားပြီး ဖြစ်ပါသည်။
 
 
MECTEL CDMA-800MHz မိုဘိုင်းလ် တယ်လီဖုန်း ကတ်ပျောက်ဆုံး ပါက မြန်မာ့ 
ဆက်သွယ်ရေး လုပ်ငန်း ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ငွေကျပ် 
၂ဝဝဝဝ ပေးသွင်းပြီး ပြန်လည် လျှောက်ထား ရပါမည်။ MECTEL မိုဘိုင်းလ် 
တယ်လီဖုန်း ကတ်ပျက်စီးပါက ပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာ ရုံးများတွင် 
အခမဲ့ လျှောက်ထား ရယူနိုင်ပါသည်။ MECTEL CDMA-800MHz မိုဘိုင်းလ် 
တယ်လီဖုန်းနှင့် ပတ်သက်၍ မေးမြန်း လိုပါက တယ်လီဖုန်း အမှတ် ၃၄၅၆ သို့ အခမဲ့
 ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း အသိပေးကြေညာ အပ်ပါသည်။
 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
 
 
 
 
 
          
      
 
  
 
 
 
0 comments:
Post a Comment