ကလေးများ မိုဘိုင်းဖုန်း သုံးစွဲမှုကို ထိန်းသိမ်းသင့်
ကလေးများ မိုဘိုင်းဖုန်း သုံးစွဲခြင်းကို လူကြီးဖြစ်သူ မိဘများက
ခွင့်မပြုပေးဘဲ ကန့်သတ် သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြားကြောင်း သိရသည်။ ကလေးများ သည် လူကြီး
မိဘများ နှင့် ယှဉ်ပါက ဦးခေါင်း အရေခွံ ပါးခြင်းကြောင့် မိုဘိုင်းဖုန်း မှ
သံလိုက်လှိုင်း များသည် လူကြီးများထက် ပို၍ ပျံ့နှံ ၀င်ရောက် လွယ်ကူ စေကာ
ဦးနှောက် အမှေးရောင် ရောဂါ ဖြစ်ခြင်း ၊ ဦးနှောက် အသားပို ကင်ဆာ ဖြစ်ခြင်း
စသည့် ရောဂါများ ကြုံတွေ့ စေတတ်ခြင်း ဖြစ်ကြောင်း ၊ အသက် ၁၀ နှစ်အောက်
ကလေးများကို မိုဘိုင်းဖုန်း သုံးစွဲ စေခြင်းမျိုး မပြုသင့် သကဲ့သို့
ဖုန်းဖြင့် ဂိမ်းဆော့ ခြင်းကိုလည်း တားမြစ် သင့်ကြောင်း သိရှိရသည်။
Ref: မြဝတီ
0 comments:
Post a Comment