Thursday, 8 August 2013

Desktop PC တစ်လုံး ၀ယ်တော့မယ် ဆိုရင် (Article)

Unknown | 8.8.13 | | Best Blogger Tips


 




















Laptop ကို အသုံး ပြုသူ အများ
စုရဲ့ ရည်ရွယ် ချက်ဟာ အလုပ် လုပ်ဖို့နဲ့ ဂိမ်းကစား ဖို့အတွက် ဘယ်နေရာ
ကိုမဆို သယ်သွားလို့ ရနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်မှု
ကောင်းတဲ့ Laptop တွေဟာ ဈေးကြီး တတ်သလို နောက်ဆုံးပေါ် ဂိမ်းတွေ၊ ဒါမှ
မဟုတ် ဗွီဒီယို တည်းဖြတ် မှုနဲ့ Graphics ပိုင်း တွေမှာ မနိုင်တာ မျိုးတွေ
ဖြစ်တတ် ပါတယ်။ ဒါကြောင့် Desktop PC ကို ပြောင်းသုံး ချင်လာ တတ်ကြ ပါတယ်။



 ယနေ့ ခေတ်မှာ Desktop တွေဟာ စွမ်းဆောင်မှု အပြည့် အ၀ ပေးနိုင်တဲ့ အပြင်
စတိုင် ကျပြီး နေရာလည်း သိပ်မယူ တော့ပါဘူး။ အခုမှ စပြီး ကွန်ပျူတာကို
သုံးမယ့် သူတွေဟာ  Desktop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းဆုံး ဒီအချက် တွေကို
သိထားသင့် ပါတယ်။



Processor

Processor ဆိုတာ PC တစ်လုံးရဲ့
အင်ဂျင်လို့ ဆိုနိုင် ပါတယ်။ မြန်ဆန်ပြီး စွမ်းဆောင်မှု ပြည့်ဝတဲ့ Processor
ဟာ သင့်ရဲ့ ကွန်ပျူတာကို အချိန်တို အတွင်းမှာ အလုပ် တွေကို လျင်လျင်
မြန်မြန်နဲ့ ပြီးစေ ပါတယ်။ Intel’s Core Processor တွေဟာ အခြေခံ အားဖြင့်
သုံးမျိုး ခွဲခြား ထားပါတယ်။ အဲဒါတွေ ကတော့ i3, i5, i7 တို့ ဖြစ်ပြီး
သာမန်၊ ပိုကောင်း တာနဲ့ အကောင်းဆုံး ဆိုပြီး ခွဲခြားထား တာပါ။ Core i3
Processor ကိုတော့ လုပ်ငန်း သုံးဖို့နဲ့ Entry-level System တွေမှာ အသုံး
ပြုတတ် ကြပါတယ်။ Core i7 ကိုတော့ High-end PCs တွေ အတွက် သုံးပြီး Core i5
ကတော့ သာမန် အလယ် အလတ် တန်းစားတွေမှာ အသုံးပြုပါတယ်။ Basic computing
အတွက်ဆိုရင်တော့ Core i3 ဒါမှမဟုတ် Core i5 တို့ကို အသုံး ပြုရင် အဆင်
ပြေပေမယ့် တကယ်တမ်း စွမ်းဆောင်မှု အပြည့်အ၀ သုံးဖို့ လိုတာမျိုး ဒါမှ မဟုတ်
Advanced Gaming တွေမှာ ဆိုရင်တော့ Core i7 ကို အသုံး ပြုသင့် ပါတယ်။



Memory(RAM)

Processor ဟာ PC တစ်လုံးရဲ့ အင်ဂျင်
ဆိုရင် Memory ဟာ လောင်စာဆီ တစ်ခု ဖြစ်မှာပါ။ သင့်ရဲ့ Desktop PC မှာ
Application အမျိုးမျိုးကို ဖွင့်မယ် ဆိုရင် Memory ကနေ တစ်ဆင့် တင်ပေး
ရတဲ့ အတွက် သူဟာလည်း အရေးပါ ပါတယ်။ Memory အရွယ် အစားပေါ် မူတည်ပြီး သင့်ရဲ့
PC ဟာ မတူညီတဲ့ Application ဘယ်လောက်ကို တစ်ချိန် တည်းမှာ ပြရ မလဲ
ဆိုတာကို တွက်ချက် နိုင်မှာ ဖြစ်ပြီး Overall Performance ဟာလည်း Memory
ပေါ်မှာ မှီခိုနေ ပါတယ်။



လက်ရှိ အချိန် မှာတော့ RAM 4GB ဆိုတာ
အနည်းဆုံး ဖြစ်ပြီး Gigabyte ပိုများလေ၊ လုပ်ငန်း များများကို ပိုလုပ်ပေး
နိုင်လေ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗွီဒီယို၊ 3D ရုပ်ပုံ တွေနဲ့ ပတ်သက်တဲ့
တည်းဖြတ်တာ အစ ရှိတဲ့ လုပ်ငန်းမျိုး တွေကို လုပ်မယ် ဆိုရင်တော့ အနည်းဆုံး
Memory 8GB လောက်ကို အသုံး ပြုမှ အဆင် ပြေပြေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်
လို့များ သင်ဟာ Memory 4GB ထက် များတာကို သုံးဖို့ လိုတယ် ဆိုရင်တော့ သင်
အသုံး ပြုမယ့် Windows Version ဟာ 64-bit ဖြစ်ဖို့ လိုပါတယ်။



Expandability

Desktop PC တွေရဲ့ အားသာချက် တစ်ခု ကတော့
သုံးရတာ ပိုအဆင် ပြေစေဖို့ အတွက် အစိတ် အပိုင်း တွေကို ထပ်ထည့်တာ လဲတာ
မျိုးတွေ လုပ်လို့ ရတာ ဖြစ်ပါတယ်။ အရွယ် အစား ပိုကြီးတဲ့ Tower Case တွေမှာ
အကန့်တွေ ပိုများတဲ့ အတွက် Hard Drives, DVD Drives, Graphics Card နဲ့
တခြား အစိတ် အပိုင်း တွေကို စိတ်ကြိုက် ထည့်ဖို့ ပိုအဆင် ပြေစေ ပါတယ်။



တကယ်လို့ သင့်ရဲ့ Tower Case ဟာ အသေးစား
ဒါမှ မဟုတ် All-in-one အမျိုး အစား ဖြစ်ပြီး Expand လုပ်ဖို့ အတွက်
လိုအပ်တဲ့ Port တွေ ရှိမယ် ဆိုရင်တော့ External Device တွေကို ပေါင်းထည့်
ပြီးတော့ Capabilities မြှင့်လို့ ရပါတယ်။ USB, Thunderbolt, Firewire,
HDMI နဲ့ တခြား Port တွေဟာ တခြား External Hard Drive တွေ ဖြစ်တဲ့ External
Hard Drives, Webcams အစ ရှိတာ တွေကို ချိတ်ဆက် ပေးနိုင်မှာ ဖြစ်ပါတယ်။



Reference: Pcworld.com





Credit :  http://itnews.credowave.com







0 comments:

Post a Comment