Google Play Store က Apk တွေကို ကွန်ပျူတာကနေ ဘယ်လိုဒေါင်းယူရလဲ ခဏခဏ မေးနေကြလို့ သိပ်အလုပ်မရှုတ်စေတဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ် ... 100% အဆင်ပြေပါတယ် ကိုယ်တိုင် စမ်းသပ်ပြီးသားပါ...။
အရင်ဆုံး ဒီ Download Real APK Leecher ကို ဒေါင်းယူပါ...
Zip ဖိုင်လ်ကိုဖြည်လိုက်ပါ...
ပုံပါအတိုင်း Real APK Leecher ကို Double Click နဲ့ Run လိုက်ပါ....
နံပါတ် (1) Google Play Store မှာ မိမိသုံးတဲ့ Gmail / Password နဲ့ Device ID ကို မှန်အောင် ရေးထည့်ပါ...။
နံပါတ် (2) မှာ မိမိဒေါင်းယူလိုက်တဲ့ APK တွေကို သိမ်းထားပေးမဲ့ နေရာကို ရွေးပေးလိုက်ပါ..။
Device ID မသိရင် မိမိ Android ဖုန်းကနေ *#*#8255#*#* ကို ရိုက်ပြီး ရှာပါ....
Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။
အဆင်မပြေရင် ဒီ Download ID.Apk လေးကို ဒေါင်းယူပြီး မိမိ ဖုန်းမှာ Install ပြီး Run လိုက်ပါ ....
Device ID ဆိုတာ မျှားပြထားတဲ့ နေရာက ကုဒ် တွေပါ...။ အပေါ်က ပုံနဲ့ အတူတူပါပဲ...။
အားလုံး မှန်ကန်စွာ ရေးထည့်ပြီးပြီဆိုရင်တော့ အောက်နားလေးက Save ကို နှိပ်ပြီး သိမ်းလိုက်ပါ...။ Real APK Leecher ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင်..
အပေါ်ကပုံအတိုင်း Error Massage လေး တတ်လာမှာပါ ... OK နှိပ်လိုက်ပါ... ဘာမှ မဖြစ်ပါဘူး ...
မိမိ လိုချင်တဲ့ APP ကို ရေးပြီး Enter ခေါက်ပြီး ရှာလိုက်ပါ...။
လိုချင်တာ တွေ့ပြီဆိုရင် Select မှတ်ပြီး Right Click နဲ့ Download this app ကို နှိပ်ပါ....
App နာမည်ကို ပြင်ရေးချင်ရင်လည်း ရေးလို့ရပါတယ် ပြီးရင် Save ကို နှိပ်ပါ.......
ပုံပါအတိုင်း Download လုပ်နေပါပြီ... 100% ပြီးရင် မိမိ သိမ်းထားတဲ့နေရာမှာ ရောက်နေပါပြီ...
အားလုံးအဆင်ပြေကြပါစေ...
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
















ကျေးဇူးပဲအကိုရေ အကိုပြောသလိုလုပ်လိုက်တာ အဆင်တော.ပြေသွားပြီ
ReplyDeleteမယူသေးခင် ကျေးဇူးတင်ပါကြောင်း
ReplyDeleteမတွားဘီဗျို့
ReplyDeleteReal APK leecher App ကို ဖွင့်တာ The application requires a Java Runtime Environment 1.5.0 ဆိုပီးတော့ ပေါ်နေတယ်ဗျ..OK နှိုပ်လိုက်ရင် ဘာတွေဒေါင်းလုပ်လုပ်ခိုင်းမှန်းလည်းမသိတော့ဘူး....ကူညီပါဦးဗျ....:(
ReplyDeleteဟုတ်လားမိုက်တယ်ဗျာ စမ်းလိုက်ဦးမယ်ဗျာ
ReplyDeleteမိုက်တယ်ဗျ ကျေးဇူးတင်ပါတယ်
ReplyDeletehttp://java.com/en/download/index.jsp
ReplyDeleteDownloading Java Installer တော့အလုပ်လုပ်နေတယ်
အဲဒါဒေါင်းပြီးဘာဆက်လုပ်ရမယ်ဆိုတာရှင်းပြပေးပါလား
ကျေးဇူးတင်စွာဖြင့်
http://java.com/en/download/index.jsp
ReplyDeleteDownloading Java Installer တော့အလုပ်လုပ်နေတယ်
အဲဒါဒေါင်းပြီးဘာဆက်လုပ်ရမယ်ဆိုတာရှင်းပြပေးပါလား
ကျေးဇူးတင်စွာဖြင့်
Kyaw naing oo <<<< Java Installer ကို အဆင့်ဆင့် Install ပေးပြီးရင် အပေါ်က Software ကို Run လို့ ရပါပြီခင်မျာ.....
ReplyDeleteဆော့ဝဲးလ်ယူပြီး enter ခေါက်တာ login failed please check your email or password in settings
ReplyDeleteပေါ်နေလို့ ကူညီပါဦး။