Thursday, 15 August 2013

GPK File Install လုပ်နည်း ( for Android )

Unknown | 15.8.13 | | Best Blogger Tips



GPK File Install လုပ်နည်း ( for Android )
=========================

GPK File ဆိုသည်မှာ Apk + Data တွေကိုတစ်ဖိုင်ထဲ
ဖြစ်အောင်ပေါင်းစည်းထားခြင်းပင်ဖြစ်သည်။
GPK File များကို နည်းလမ်း (၂)မျိုးဖြင့် Install
ပြုလုပ်နိုင်ပါတယ်။ Android ပေါ်နှင့် PC မှတဆင့်
Install ပြုလုပ်နိုင်ပါတယ်။

<<Android ပေါ်မှ Install ပြုလုပ်နည်း>>

မိမိ Install ပြုလုပ်မယ့် GPK File ကို
Memory Card ( သို့မဟုတ် ) Phone ရဲ့ Internal Storage
ထဲကို အရင်ဆုံးထည့်ထားပါ။

1) အောက်ကလင့်မှ gamehelper installer.apk
ကို Download ဆွဲပြီး မိမိဖုန်းမှာ Install လုပ်လိုက်ပါ
2) gamehelper ကို run ပါ
3) အပေါ်ဆုံးက လိမ္မော်ရောင်စာနဲ့ Button လေးကို
နှိပ်လိုက်ပါ
4) gpk file တွေကို auto ရှာပေးပါလိမ့်မယ်
5) ရှာလို့ပြီးသွားရင် မိမိ Install လုပ်မယ့် Game
ရဲ့ညာဘက်စွန်းက မျှားပုံစံ Button လေးကို
တစ်ချက်နှိပ်လိုက်ပါ
6) ဒါဆို Game ကို စပြီးဖြည်နေပါလိမ့်မယ်
7) တကယ်လို့ဖြည်တာကြာနေရင် ခုနကနှိပ်ခဲ့တဲ့
မျှားပုံစံ Button လေးကို နောက်တစ်ချက်ထပ်နှိပ်လိုက်ပါ
 တရုတ်စာနဲ့ မေးခွန်းလေးပေါ်လာရင် ဘယ်ဘက်ကစာကို
ရွေးပေးလိုက်ပါ
9) ဒါဆိုရင် Game ကိုစပြီး Install ပြုလုပ်ပေးပါလိမ့်မယ်
10) Install ပြုလုပ်ပြီးသမျှကို ဂိမ်းရဲ့အောက်မှာ ရာခိုင်နှုန်းနဲ့
ဖော်ပြပေးပါလိမ့်မယ်
11) ဒါဆိုရင်တော့ မိမိသွင်းထားတဲ့ Game များနဲ့ App တွေကို
စတင်ပြီး အသုံးပြုလို့ရပါပြီ

မှတ်ချက်။ ။ gpk file များကို Android 4.0 နှင့်အထက်ဖုန်းများတွင်
Internal Storage အောက်တွင် ထည့်သွင်းမှသာ
ရှာလို့တွေ့နိုင်မှာပါ SD ကဒ်ထဲထည့်လို့မရပါ။
gpk file ကို Install ပြုလုပ်ပြီးရင် Delete လုပ်ပြစ်လို့
ရပါတယ်။

gamehelper installer v1.0
Size: 1.43 MB
OS: 2.1 +

DOWNLOAD

gpk installer ( Android )


dropbox.


ref to Happy Android World




အိုင်တီခေတ်

 

0 comments:

Post a Comment