ပြည်တွင် ၁၅၀၀ တန် GSM ၁၄၀၀၀၀ ပေါက်
************************** ***
ပြည်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် တန်ဖိုးနည်း GSM နှင့် CDMA ကတ်များကို သြဂုတ် ၆ ရက်နေ့မှစ၍ မဲစနစ်ဖြင့်ရောင်းချပေးခဲ့ရာ
GSM Sim Card တစ်ကတ်လျှင် ပြင်ပပေါက်ဈေး ကျပ် တစ်သိန်းလေးသောင်းကျော်အထိ
ရှိပြီး CDMA Sim Card တစ်ကတ်လျှင် ကျပ်ရှစ်သောင်းခွဲရှိကြောင်းသတင်းရရှိပါသည်။ “ပြင်ပပေါက်ဈေးနဲ့ဝယ်ရောင်းလုပ်တဲ့ဆိုင်တွေရှိတယ်။ တန်ဖိုးနည်း GSM ဆို တစ်သိန်းနှစ်သောင်းလောက်နဲ့ ဝယ်တယ်။ ရောင်းတော့ တစ်သိန်းလေးသောင်းကျော်နဲ့ေ ရာင်းတယ်။ နာမည်ပေါက်နဲ့ နာမည်မပေါက်တာ ငါးထောင်လောက်ကွာတယ်လို့သိရ တယ်” ဟုဒေသခံတစ်ဦးကပြောသည်။ တန်ဖိုးနည်း Sim Card မဲမပေါက်သော်လည်း လိုအပ်သဖြင့် ပြင်ပပေါက်ဈေးဖြင့်ပင် ဝယ်ယူသုံးစွဲမှုများရှိနေကြောင်း၊ ယခုအကြိမ်ချထားပေးသည့် တန်ဖိုးနည်း Sim Card အရေအတွက်မှာ နည်းသဖြင့် မဲပေါက်သူလည်းနည်းကြောင်း၊ ဌာနဆိုင်ရာခွဲတမ်းရရှိသူများလည်း ပြည်လည်ရောင်းချလေ့ရှိကြောင်းသိရှိရပါသည်။
ဇော်မင်းထိုက်
Pyay City
**************************
ပြည်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် တန်ဖိုးနည်း GSM နှင့် CDMA ကတ်များကို သြဂုတ် ၆ ရက်နေ့မှစ၍ မဲစနစ်ဖြင့်ရောင်းချပေးခဲ့ရ
ဇော်မင်းထိုက်
Pyay City
အိုင်တီခေတ်








0 comments:
Post a Comment