
iOS များကို Jailbreak လုပ်နိုင်ရန် အစဉ်တစ်စိုက် အမြဲကြိုးပမ်းနေကြသော iOS
hackers အကျော်အမော်ကြီးများထဲမှ တစ်ဦးဖြစ်သူ၊ Greenpois0n နှင့်
မကြာသေးမီကမှ ဖွဲ့ စည်းထားသော Evasi0n တို့ ၏ အဖွဲ့ သား တစ်ဦးဖြစ်သော
"pod2g" က iOS 7 ဟာ သိပ်ကို စိတ်ပျက်စရာကောင်းလွန်းလို့  Android
လမ်းကြောင်းပေါ် ပြောင်းချင်စိတ် ဖြစ်နေပြီလို့  သူ့ ရဲ့  Twitter မှာ
ရင်ဖွင့်လိုက်ပါတယ်...

သူ့ ရဲ့  ရင်ဖွင့်သံကတော့...
iOS 7 Beta 1 ကို ရက်အနည်းငယ်လောက် စမ်းသပ်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော်
Android လိုင်းကို ပြောင်းချင်စိတ် ဖြစ်လာတယ် ဆိုတာ ဝန်ခံရမှာပဲ...
Apple ရဲ့  လုပ်ဆောင်မှု သက်တမ်းတစ်လျှောက်လုံးမှာ ဒီ iOS က အဆိုးရွားဆုံးပါပဲ..
iOS 7 ရဲ့  ဒီဇိုင်းက ညံ့တယ်၊ သုံးရတာ လေးတယ်၊ အဆိုးဆုံးက ဘက်ထရီ အတော် စားတယ်။
UI (User Interface) မှာလဲ Bugs တွေ အပြည့်နဲ့  Crash လဲဖြစ်တယ်။
ရှိပါစေတော့လေ ဒါက Beta 1 version ဆိုတော့...
ဒါပေမယ့် iOS 7 ရဲ့  Features တွေကို ကြည့်ပြီးတော့ ကျွန်တော် တော်တော်
စိတ်ပျက်မိတယ်၊ ကလေးပန်းချီလို ဆေးရောင် လှလှခြယ်ထားတာက လွဲရင် ဘာမှလည်း
ထွေထွေထူးထူး ပြောင်းလဲမှု အသစ်မရှိဘူး။
ဒါနဲ့ တောင် သူတို့ ရဲ့  software ကို "Amazing" တဲ့ Apple က လူတွေကို သိမ်းသွင်းတဲ့နေရာမှာတော့ "စံပဲ"...
............

ဒါတွေက "pod2g" သူ့ ရဲ့  Twitter မှာ ပြောသွားတာတွေကို ဆီလျှော်အောင်
ရေးသားထားတာပါ။ ဘာပဲဖြစ်ဖြစ် "pod2g" လို Hacker တစ်ယောက် တစ်ကယ်
စိတ်ပြောင်းသွားရင်တော့ Jailbreak အသိုင်းဝိုင်း အတွက် အများကြီး နစ်နာစရာ
ရှိပါတယ်။
Apple က နောက်ထပ် ထုတ်ပေးမယ့် iOS 7 အပေါ်မှာ ကျေနပ်မှုရပြီး ပြောင်းရွှေ့  မသွားပါစေနဲ့  လို့ ပဲ ဆုတောင်းရတော့မှာပေါ့....
Credit to : iClarified
Ref :မိုးသကြား
0 comments:
Post a Comment