Friday, 9 August 2013

Laptop ဘက်ထရီ ကို အချိန်ပိုကြာစေရန်

Unknown | 9.8.13 | Best Blogger Tips







လပ်တော့ရဲ့ Battery သက်တမ်းကိုမြှင့်နိုင်ဖို့နည်းလမ်းတွေကို


ကျွန်တော်သိသလောက် ပြောပြပါ့မယ် ။။ 


သာမန်အားဖြင့်တော့ ကျွန်တော်တို့ လပ်တော့တွေက အားကျမြန်တယ်လို့


စိတ်ထဲမှာ ထင်ကြပါတယ် အခုနောက်ပိုင်း ထွက်လာတဲ့ Laptop တွေ


နဲ့ Netbook တွေကတော့ အတော်လေး အားခံတယ်ဗျ အနည်းဆုံး ၆နာ၇ီလောက်


ခံရင်တောင် မဆိုးဘူးလေ ဒါပေမယ့် ၂နာရီလောက်နဲ့ဆိုရင်တော့


အလုပ်ဖြစ်မှာမဟုတ်ဘူး ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ်မိမိ အရေးကြီးကိစ္စတွေ


လုပ်စရာရှိတဲ့အခါ အားမကုန်အောင်လို့ တတ်နိုင်သလောက် ကျွန်တော်ပြောမယ့်


အချက်လေးတွေကို လုပ်ဆောင်ထားလိုက်ပါ 





1. အလင်းအမှောင်ကို ချိန်ထားပါ


~~~~~~~~~~~~~~~~~~~


 ဒါက အဓိကလို့ ဆိုနိုင်ပါတယ် အားသွင်းပြီးသုံးတဲ့အခါ အကြောင်းမရှိပေမယ့်


ဘက်ထရီနဲ့သုံးတဲ့အခါမှာတော့ မိမိ အတွက် Brightness ကိုလိုအပ်သလောက်ပဲ


ထားပါ အရမ်းကြီး လင်းနေမယ်ဆိုရင်လည်း ကြည့်မကောင်းတဲ့အပြင်






အားကျမှုကို မြန်ဆန်စေနိုင်ပါတယ် ဒီတော့ Laptop မှာ ပါတဲ့


Fn ကီးလေးနဲ့ Bright အတိုးအလျော့ ခလုတ်ကလေး တွဲနှိပ်ကာ






အသင့်အတင့်ပဲထားပေးပါ။





2.Power Plan ကို သေချာလုပ်ပါ


~~~~~~~~~~~~~~~~






 အဓိကက အချက်လို့ ဆိုနိုင်ပေမယ့် လူအတော်များများ မလုပ်ကြပါဘူး


ဘာကြောင့်လုပ်ရတာလဲဆိုတော့ ကျွန်တော်တို့ လပ်တော့လေးကို ရိုးရိုးသာမန်သုံးနေတဲ့


အချိန်နဲ့ plug ထိုးထားတဲ့အချိန်မှာ မတူအောင်ထားရမှာပါ






ဥပမာ ဘက်ထရီနဲ့သုံးနေချိန်မှာ ၁မိနစ်အတွင်း မှိန်သွားအောင် ထားပြီး






အားသွင်းနေချိန်မှာ ၂မိနစ်မှ မှိန်စေတာများ ။။။ နောက်တစ်ချက်က


Sleep ဖြစ်သွားစေတဲ့အချိန်ပေါ့ ဘက်ထရီနဲ့သုံးနေချိန်မှာ မသုံးဘဲ


၅ မိနစ်မှာ Sleep ဖြစ်အောင်ထားမယ် စသဖြင့် plan ဆွဲထားရပါတယ်


ဒါကိုလုပ်ဖို့က မခဲယဉ်းပါဘူး Windows 7 သို့မဟုတ် Windows 8










မှာ ဆို Control panel က power options ထဲကိုဝင်လိုက်ပါ ပြီးရင်


ဘယ်ဘက်က Create a power plan ကိုနှိပ်ပြီး Power Saver ကိုရွေးကာ






ခုနက ကျွန်တော်ပြောသလို တစ်ခုချင်းလိုက်ရွေးနိုင်ပါတယ် ပုံတွေနဲ့မရှင်းပြတော့ပေမယ့်


လုပ်ကြည့်ပါ လွယ်ကူပါတယ်










3.မလိုအပ်တဲ့ အရာတွေကိုပိတ်ထားပါ


~~~~~~~~~~~~~~~~~


သဘောက ကျွန်တော်တို့တွေ Wifi , bluetooth မသုံးဘူးဆိုရင်


အလကားသက်သက် သူတို့အတွက် အားကျစေပါတယ်


အမှတ်တမဲ့ ဖြစ်နေတတ်တော့ မလိုဘူးဆို ပိတ်ထားသင့်ပါတယ်


အခု လပ်တော့တွေမှာလည်း လွယ်ကူပါတယ် Fn key လေးနဲ့

တွဲနှိပ်ရုံနဲ့ wifi , bluetooth ကို အလွယ်တကူ ပိတ်နိုင်ပါပြီ







4. နောက်ကွယ်ကနေ Run နေတဲ့ program တွေကို ပိတ်ပစ်ပါ


~~~~~~~~~~~~~~~~~~


နောက်ကွယ်မှာအလုပ်လုပ်နေတဲ့ Service တွေကိုတော့  နားလည်သူတွေက


ဘယ်ဟာက မလိုအပ်ဘူး လိုအပ်တယ် စသဖြင့် ခွဲခြား ပိတ်နိုင်ပေမယ့်


သာမန် ကွန်ပျူတာ အသုံးပြုသူတွေကတော့ ခွဲခြားတတ်မှာတော့မဟုတ်ပါဘူး


ဒါပေမယ့် စက်ကို ဖွင့်လိုက်ချင်း တက်လာမယ့် Startup program


တွေကိုတော့ ပိတ်ထားပါ။ လွယ်ပါတယ် Run ကနေပြီးတော့


msconfig ကိုရိုက်ထည့်လိုက်ရင် Startup ကိုရွေးကာ


Program တွေကို လိုက်ဖြုတ်ပစ်လိုက်ပါ ဥပမာ ကွန်ပျူတာဖွင့်ဖွင့်ခြင်း


တက်လာတဲ့ Gtalk , Skype တွေကို မလိုအပ်ဘူးထင်ရင် 


uncheck လုပ်ကာ ပိတ်နိုင်ပါတယ်







Windows 8 မှာဆိုရင်တော့ Task manager ကနေ Disable လုပ်နိုင်ပါတယ်





5.Sleep အစား Hibernate လုပ်ပါ


~~~~~~~~~~~~~~


Sleep ကိုလုပ်မယ့် အစား Hibernate လုပ်ခြင်းက ပိုပြီးတော့


အားကုန်သက်သာစေပါတယ် မိမိ လက်ရှိ ဖွင့်ထားတဲ့ Program တွေကို အစက ပြန်ဖွင့်ရမှာ


ပျင်းတယ် အရေးကြီးတာတွေကို မေ့သွားမှာစိုးတယ်ဆိုရင်တော့


Hibernate သာလုပ်ထားလိုက်ပါ။ ဆိုလိုတာက ကျွန်တော်တို့


အင်တာနက်သုံးနေရင်းနဲ့ tap တွေ အများကြီးဖွင့်ထားမိပါတယ် အားလုံးကလည်း


လိုအပ်နေတယ်ဆိုတော့ ပိတ်လိုက်ပြီးရင် မေ့သွားမှာစိုးတယ်


နောက်တစ်ချက်က လက်ရှိအခြေအနေအတိုင်းပဲ ကွန်ပျူတာဖွင့်လိုက်တာနဲ့


ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Hibernate ကိုလုပ်နိုင်ပါတယ်


sleep လုပ်တာက မကောင်းပါဘူး Hard Disk ထိတာလည်း သက်သာပါတယ်


Hibernate လုပ်ဖို့က လွယ်ပါတယ် Start menu ကနေ  arrow လေးကို


နှိပ်ကာ Hibernate လုပ်နိုင်ပါတယ် 










ဒါကလည်း ကျွန်တော်သိသလောက် အချက်လေးတွေကို


ရှာဖွေ တင်ပြထားတာပါ နောက်ထပ်လုပ်စရာ အချက်လေးတွေလည်း


ကျန်ပါသေးတယ် နောက်အပိုင်းကျမှ ဆက်ကြတာပေါ့


~~~~~~~~~~~~


မိမိ သယ်ချင်းများအတွက် ကြိုက်သလိုပြန်ရှယ်နိုင်ပါသည် ခွင့်တောင်းစရာမလိုပါ


~~~~~~~~~~~~


အားလုံးကိုခင်မင်လျှက်


အောင်ကျော်ခိုင်(ပုသိမ်)


www.aungkyaw.net

















ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

0 comments:

Post a Comment