Saturday, 3 August 2013

Samsung Galaxy Note 3 စက်တင်ဘာ ၄ ထွက် မိတ်ဆက်မည်

Unknown | 3.8.13 | Best Blogger Tips










Samsung Galaxy Note 3 စက်တင်ဘာ ၄ ထွက် မိတ်ဆက်မည်

Samsung က တရားဝင် အတည်ပြုလိုက်တဲ့ သတင်း ဖြစ်ပါတယ်။ Samsung Galaxy Note
ရဲ့  တတိယ မျိုးဆက် ဖြစ်တဲ့ Note 3 ကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ
မိတ်ဆက်ပြသမှာ ဖြစ်ပါတယ်။

ပြီးတော့မှ ဂျာမနီ ဘာလင်မှာ ကျင်းပတဲ့
IFA မှာ ဆက်လက်ပြသ မှာ ဖြစ် ကြောင်း သိရပါတယ်။ နောက်ထပ် ထူးခြားတဲ့ သတင်း
ကတော့ Samsung Galaxy Note 3 အပြင် စမတ်နာရီပါ မိတ်ဆက် ခြင်း ဖြစ်ပါတယ်။
စမတ်နာရီက အဖြူအမည်းမျက်နှာပြင်နဲ့
ဖြစ်ပြီး e Reader တို့လိုဖြစ် ပါတယ်။ သို့ပေမယ့် စမတ်နာရီလို့ ခေါင်းစဉ်
တပ်ထားတဲ့ အတိုင်း စမတ်ဖုန်း တစ်လုံး လုပ်ဆောင်ချက် နည်းပါး ပါဝင် စေမယ့်
Feature များက ဘယ်လို ရှိမယ်ဆိုတာ ခန့်မှန်း နေကြဆဲ ဖြစ်ပါတယ်။


Samsung Galaxy Note 3 ကတော့ အရွယ်အစား ၅.၇ လက်မ၊ Super AMOLED မျက်နှာပြင်
full HD 1920x1080 pixel အရည်အသွေး နဲ့ မျက်နှာ ပြင် ပါဝင်မယ်လို့ ဆိုကြ
ပါတယ်။ ကင်မရာ ကလည်း 13 Megapixel ရှိပြီး Android ဗားရှင်းကတော့ 4.3
ဖြစ်ပါတယ်။ ဒါကတော့ Samsung က တရားဝင်ပြောတဲ့ သတင်း မဟုတ်ပါဘူး။

Samsung Galaxy Note 3 အား မြင်တွေ့ရရန် တစ်လ တိတိသာ လိုအပ်တော့ ခြင်း ဖြစ်ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)






ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများကိုကျေးဇူးတင်လျှက်













စိုင်းသူနည်းပညာပြန်လည်မျှဝေခြင်း 






0 comments:

Post a Comment