Social Media Manager မြန်မာပြည်မှာလည်း လိုလာပြီ
လေ့လာကြည့်မိသလောက်
ကုမ္မဏီကြီးတွေ တော်တော်များများ လည်း Social Media Manager ရာထူးနဲ့
အလုပ်ခေါ်နေကြပါပြီ။ အချို့ ကျတော့လည်း Web Based Communication Manager ,
Online Manager အစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ခေါ်နေကြပါပြီ။
Requirement
တွေကို ကြည့်လိုက်တော့လဲ Facebook တို့လို Social Site မျိုးကို
ကောင်းကောင်း အသုံးပြုနိုင်တဲ့သူ ဖြစ်ရမယ်ဆိုတာကို တွေ့ရပါတယ်။ အခြား
Requirement တွေ သိပ်မများပါဘူး။ ဒါကြောင့် ဒါဟာ ကြိုးစား သူတိုင်း
ရရှိနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Facebook ကို
အပျော်သုံးနေမယ့် အစား Facebook Page တို့လိုဟာမျိုးတွေ ဖန်တီး ပြီး Fan
အရေအတွက်တိုးအောင်လုပ်ထားမယ် ဆိုရင် အကျိုးအမြတ်များစွာ ရှိပါတယ်။
နောက်
မြန်မာပြည်ကို တကယ့် Enterprise ကုမ္မဏီကြီးတွေ ဝင်ရောက်တဲ့ အခါ Social
Media Manager Post နဲ့ ဝင်ရောက် လုပ်ကိုင်နိုင်ပြီး အသက်မွေး ဝမ်းကျောင်း
ပညာရပ်ကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် Social Media
Manager ရာထူးမျိုးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိလိုသူများဟာ Management
course မှ Subject တစ်ခုကို Specialize လုပ်ပြီး လေ့လာခြင်း၊ သို့မဟုတ်
အားလုံးကို လေ့လာသင်ကြားခြင်း၊ IT နှင့် ပက်သက်သော ဘွဲ့လက်မှတ်၊
Certificate တစ်ခုခု ရရန် ဖြေဆို ထားခြင်း တို့ကို ပြုလုပ်ပြီး ကိုယ်ပိုင်
Facebook Page ကောင်းကောင်း တစ်ခု ဖန်တီး ထားရန် လိုအပ်ပါတယ်။ နောက် Social
Media Manager ရာထူးနဲ့ ပက်သက်လို့ အလုပ်ခေါ်တဲ့ Resource များရှိရင်
Techspace Facebook Page ကနေ တစ်ဆင့်မျှဝေပေးသွားပါမယ်။
.
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/08/social-media-manager.html
အိုင်တီခေတ်








0 comments:
Post a Comment