Wednesday, 7 August 2013

ပြည်တွင်းတွင် WiMax အင်တာနက် ကို တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ တပ်ဆင်နိုင်မည်

Unknown | 7.8.13 | | Best Blogger Tips


 





 ပြည်တွင်းတွင် WiMax အင်တာနက် ၀န်ဆောင်မှုပေးသည့် Red Link Communications
Company Ltd. မှ အင်တာနက် တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ
တပ်ဆင်နိုင်မည်ဖြစ်သည်ဟု ယင်း ကုမ္ပဏီမှ သိရသည်။

ယင်းသို့ရောင်းချရာတွင်
ကနဦးတပ် ဆင်ခအခမဲ့ဖြစ်ပြီး တပ်ဆင်ရမည့်ပစ္စည်းများကို လျှော့ဈေးဖြင့်
ရောင်းချမည်ဖြစ်ကာ သုံးစွဲမည့် အင်တာနက်လိုင်း Plan အလိုက်
ဈေးနှုန်းကွာခြားချက်များရှိမည်ဖြစ်သည်။

ပရိုမိုးရှင်းကာလအဖြစ်
သြဂုတ် ၂ ရက် မှ ၈ ရက်အထိ Red Link ၏ Sales Office များဖြစ်သော Pearl
Condo, BAK IT Mall, Junction Square၊ ချော်တွင်းကုန်းအရောင်းဆိုင်၊
Junction Mawtin အရောင်းဆိုင်နှင့် ဈေးကွက်အတွင်းရှိ Red Link အရောင်း
ကိုယ်စားလှယ်ကြီးများထံတွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။

ယခင် ကျပ် ၄၅၀၀၀၀
နဲ့ရောင်းချရာ မည်သည့် Plan ဖြင့် ၀ယ်ယူသည်ဖြစ်စေ ယင်းဈေးနှုန်းတွင် ကနဦး
တပ်ဆင်ခ၊ CPE (Router) တန်ဖိုးနှင့် နှစ်စဉ်ကြေးများ ပါဝင်သည်။
ယခုလျှော့ချပေးသောဈေးနှုန်းများတွင် ကနဦးတပ်ဆင်ခလျှော့ချပေးပြီး Gold Plus
Plan အသုံးပြုလိုသူများအတွက် Router တန်ဖိုး ၅၀ ရာခိုင်နှုန်း
လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ်၂၃၀၀၀၀ ဖြစ်သည်။ Prepaid Plan
အသုံးပြုသူများအတွက် Router တန်ဖိုး ၃၀ ရာခိုင်နှုန်း လျှော့ချပေးပြီး
နှစ်စဉ်ကြေးအပါအ၀င် ကျပ် ၃၀၀၀၀၀ နှင့် အခြား Plan အသုံးပြုသူများမှာ ကျပ်
၄၀၅၀၀၀ ကျသင့်မည်ဖြစ်သည်။

ယင်းအပြင် Prepaid Plan
အသုံးပြုသူများအတွက် 3 GB ငွေဖြည့်ကတ် ၁၀ ကတ် ၀ယ်ယူပါက 1 GB ငွေဖြည့်ကတ် ၁၀
ကတ် ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်
Mizzima - News in Burmese 





Ref :  http://www.thithtoolwin.info




0 comments:

Post a Comment