Tuesday 4 March 2014

Android Shortcuts Finger v.1.5.2

Mr. Win Hlaing | 4.3.14 | Best Blogger Tips

2 
ဒီတစ်ခါ MMUG က Android users မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Finger ShortCuts Application လေးပဲဖြစ်ပါတယ်။ ကျနော့် FB အကောင့်ထဲက သူတွေတော်တော်များများ ကတော့သိပြီးလောက်ပါပြီ။ အရမ်းအသုံးပြုလို့ကောင်းတယ်လို့ ကျနော့်အနေနဲ့ထင်တယ်ဗျာ …. ဘယ်တွေအတွက် အသုံးပြုတာလဲလို့ ခဗျားတို့စိတ်ထဲမှာ မေးခွန်းထုပ်နေလောက်ပြီ … ? ကျနော်လဲဖြေချင်လို့ … :P
Finger ဆိုတာ Application တွေကို Phone ကနေ Shortcut နဲ့ အလွယ်တကူ ခေါ်တာပါပဲဗျာ … PC အသုံးပြုတဲ့ သူတော်တော်များများကတော့ Shortcut ဆိုတာဘာလဲ သိလောက်ပါပြီ။ မသိသေးတဲ့ သူတွေအတွက်တော့ နဲနဲ Guide လုပ်ပေးပါမယ် … အောက်ကပုံမှာကြည့်ပါ … ဖုန်းရဲ့ Screen မှာ V လို့ရေးလိုက်တာနဲ့ Viber ပါထဲကို တန်းရောက်သွားပါတယ်။
10
ကျနော် ဒီ Application ကို အဓိက ပထမ ပေးချင်တွေကတော့ Huawei users တွေဖြစ်ပါတယ်။ Huawei ဖုန်းမှာ တရုပ် Applications တွေ ဘာတွေမှန်းမသိ ရှုတ်ရှတ်ခတ်နေတက်တာ သဘာဝပါ။ တစ်ချို့ကြတော့ Launcher တွေ သုံးပြီး ဖျောက်ထားတက်ကြတယ်။ တချို့ကြတော့လဲ မဖျောက်ပဲ သုံးနေကြတယ်ဆိုတာက တကူးတက မလုပ်ချင်သူတွေ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ သို့မဟုတ် မလုပ်တက်ကြတဲ့သူတွေ ဖြစ်မယ်လို့ကျနော်ထင်ပါတယ်။ Application တစ်ခုခုကိုဝင်ချင်ရင် ရှာနေတာနဲ့ မျက်စီတွေ မူးနောက်သွားတက်ပါတယ်။ ဒုတိယ ပေးချင်သူတွေအတွက်ကတော့ ဖုန်း Screen မှာ ရှင်းရှင်းလင်းလင်း ကြိုက်သူတွေအတွက်ဖြစ်ပါတယ် … ဆယ်ကျော်သက်တွေအနေနဲ့ဆိုရင်တော့ အထာကြတယ်ပေါ့နော် … ကဲစရအောင်ဗျာ … Download လုပ်ပြီး Install လုပ်ပါခဗျာ …
Download Link –

meidafire

၁။ Finger Applications ကိုဖွင့်ပါ။ ဖွင့်လိုက်တာနဲ့ ညာဘက် အပေါ်ထောင့်မှာ စက်ဝိုင်းလေးမြင်ရပီပေါ့။ Easy Touch လို အသုံးပြုရမှာဖြစ်ပါတယ်။ အသုံးမပြုခင်ကြနော်တို့ Setting လေးခဏ ပြင်ရအောင်။ အဲ့ အဝိုင်းလေး ဖွင့်ရင် ကျနော်တို့ ခေါ်သုံးနိုင်မဲ့ ပုံလေးတွေကို ထည့်ရအောင်ဗျာ။
၂။ General Settings ထဲဝင်ပါ။ Start Finger on startup ကို On ပါ။ ပြီးရင် ဖုန်းမှ Back နဲ့ Main menu ကိုပြန်သွားပါ။
၃။ Your Finger Gestures ထဲဝင်ပါ။ Attention ဆိုတဲ့ Box တစ်ခုကြလာပါလိမ့်မယ်။ Do not show again ဆိုတဲ့ check box လေးကို On ပြီး Ok နှိပ်ပါ။ ပြီးရင် Add gesture ကို နှိပ်ပါ။
11
၎။ Name ဆိုတဲ့ နေရာမှာ ကိုပေးချင်တဲ့နာမည်ပေးပါ။ ကျနော်ကတော့ Viber Application ကိုဖွင့်ချင်တာဖြစ်တဲ့အတွက် Name မှာ Viber လို့ရိုက်ပြီး အောက်က Draw box မှာ V ဆိုတဲ့ ပုံလေးဆွဲလိုက်ပါတယ်။ ပြီးတော့ Next နဲ့ဆက်သွားလိုက်ပါ။ နောက်တစ်ခါ Draw box ထပ်ကြလာပါလိမ့်မယ်။ Accounts တွေဖွင့်ရင် Password ကို ၂ ခါ ပြန်ရိုက်ခိုင်းတဲ့သဘော မျိုးပဲဖြစ်ပါတယ်။ V ပုံလေး နောက်တစ်ခါထက်ဆွဲပေးလိုက်ပြီး Next နဲ့ဆက်သွားလိုက်ပါ။
[ အဲ့မှာ နဲနဲပြောချင်တာက V ဆိုတဲ့ စာလုံးသည် တဆက်တည်းဆွဲရတဲ့ အနေအထားဖြစ်ပါတယ်။ V မဟုတ်ပဲ Facebook အတွက် F ဆိုရင် လက်ခံမှာမဟုတ်ပါဘူးခဗျာ။ ဘာလို့လဲဆိုတော့ Draw ဆွဲတဲ့နေရာမှာ တဆက်တည်းဆွဲရတဲ့ ပုံတွေပဲရလို့ပါ။ ဒါကတော့ ဒီ Application ရဲ့ အားနည်းချက်တစ်ခုလို့ဆိုနိုင်ပါတယ်။ ]
 13
၅။ Choose your gesture action ဆိုတဲ့ box တစ်ခုကြလာပါလိမ့်မယ်။ ဒီ box ကတော့ V လို့ Draw ဆွဲလိုက်ရင် Finger ကဖွင့်ပေးလာမဲ့ Application ကို ရွေးခိုင်းတာပဲဖြစ်ပါတယ်။ Open Application ကိုရွေးပေးလိုက်ပါ။ Choose activity Box ထပ်ကြလာလျှင် Viber ကိုရွေးလိုက်ပါ။ ပြီးရင် Finger Application မှ ထွက်လို့ရပါပြီ။ အဲ့ဒါဆို ကျနော်တို့ Finger ကိုဖွင့်ပြီး Draw box မှာ V ဆိုရင် Viber ပွင့်လာပါပြီဗျာ … ခုပြောတဲ့ နည်းအတိုင်း တခြား Applications တွေလဲ Finger ထဲထည့်သွင်းနိုင်ပါတယ်။ စိတ်ဝင်စားရင် အများကြီးထပ်ကလီလို့ရပါတယ်။ အားလုံးအဆင်ပြေနိုင်ကြပါစေ … ခဗျာ …

အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org 


0 comments:

Post a Comment