Thursday 6 March 2014

Evernote (Android, IOS, PC)

Mr. Win Hlaing | 6.3.14 | | Best Blogger Tips

Evernote ဆိုတဲ့အတိုင်းအလွယ်တစ်ကူပြောရရင် Note လေးတွေ ရေးမှတ်ထားလို့ရတဲ့ Application လေးပဲဖြစ်ပါတယ်။ ဒီ Application က Note ရေးလို့ရယုံတင်မဟုတ်ပဲ ဓာတ်ပုံတွေ၊ အသံတွေကို Record လုပ်ပြီးလည်းသိမ်းနိုင်တယ်။ ထို့အပြင် Attached တွေကိုပါ သိမ်းထားလို့ရပါတယ်။ ဒီလောက်တင်မဟုတ်သေးပဲ ဒီ Application က Internet Online ရော Offline ရောပါအသုံးပြုနိုင်ပါတယ်။ အင်တာနက်မဖွင့်ခင် ရေးထားတဲ့ Notes တွေကို အင်တာနက်ဖွင့်ရင် Evernote ရဲ့ Website မှာ Auto save ပြီးသိမ်းထားပေးပါတယ်။ Evernote အသုံးပြုချင်ရင် အကောင့်တော့ဖွင့်ရပါတယ်။ အကောင့်ဖွင့်တာလဲ Facebook Login ဝင်တာလောက်မခတ်ပါဘူး … :P … ပိုမိုထူးခြားချက်က အကောင့်တစ်ခုဖွင့်ပြီး PC မှာလဲ Evernote သုံးလို့ရသလို IOS မှာလဲသုံးလို့ရပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ PC က Evernote မှာ Note တစ်ခုရေးတယ်ပေါ့ဗျာ … ဒါပေမဲ့ အပြင်သွားလို့ ကျန်ခဲ့တဲ့ PC ထဲက Evernote ထဲမှာ ရေးခဲ့တဲ့ အရေးကြီး မှတ်ထားတာတွေ ကြည့်ချင်တယ်ဆိုရင် ဖုန်းမှာ Evernote သွင်းထားရင် ဝင်ကြည့်လိုက်တာနဲ့ PC ကရေးမှတ်ခဲ့တဲ့ Notes တွေအားလုံးကို မြင်နိုင်တဲ့အပြင် ပြန်လည်ပြင်ဆင်ချင်းများ၊ Notes အသစ်များကိုလဲဖန်တီးနိုင်ပါတယ်။ ကျနော့်လို မေ့တက်တဲ့သူအတွက်တော့ တော်တော်အလုပ်ဖြစ်တယ်ဗျာ … အဲ့ဒါကြောင့် Evernote Application လေးကို  ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

 

အားလုံးပဲအဆင်ပြေနိုင်ပါစေ

www.winhlaing.org





ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ like ပေးခဲ့ပါနော်
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

0 comments:

Post a Comment