Saturday 8 March 2014

window xp မှာ registry editing have been disabled by your administrator ဖြစ်နေရင်ဖြေရှင်းနည်း

Unknown | 8.3.14 | | Best Blogger Tips





အေးချမ်း: window xp မှာ registry editing have been disabled by your administrator 

ဆိုပီးဖြစ်နေတယ် ကူညီပါအုန်းခင်ဗျာ

Cbox ကနေ လာအကူအညီတောင်းလို့ ရှိတာလေး ရှာပြီးပြန်တင်ပေးလိုက်ပါတယ်။

windows xp သုံးနေသေးတဲ့ ကျနော် ရဲ့ အခြားသော သူငယ်ချင်းတွေလည်း လိုအပ်လို့ရှိခဲ့ရင် ဒါမှမဟုတ်

ဗဟု့သု့တ ဖြစ်စေရန်ပြန်လည် မျှဝေလိုက်ပါတယ် ခင်ဗျာ


ဖြေရှင်းနည်း (၁)
 
၁. Start Menu မှာ Search box မှာ gpedit.msc လို့ ရိုက်ပြီး Enter ပေးလိုက်ပါ။



၂. User Configuration | Administrative Templates | System အထိ ရောက်အောင် သွားပါ။



၃. ညာဘက်မှာ ရှိတဲ့ Prevent access to registry editing tools ဆိုတာလေးကို Double Click နဲ့ ဖွင့်လိုက်ပါ။ 


၎. Not Configured ဆိုတာလေးကို ရွေးပေးလိုက်ပါ။
Not Configured ဆိုတာကို Auto ရွေးပြီးသား ဖြစ်နေရင် Enable (or) Disable တစ်ခုခုကို ရွေးပြီး Apply လုပ်ပါ။ ပြီးမှ Not Configured ဆိုတာကို ပြန်ရွေး ပေးလိုက်ပါ။ 

ဖြေရှင်းနည်း(၂) ကတော့ ၁ အဆင်မပြေဘူး ဆိုမှ ပြု့လုပ်စေချင်ပါတယ်
 
၁. reg_enable.vbs ဆိုတဲ့ ဖိုင်လေးကို ဒေါင်းလုပ် အရင်လုပ်လိုက်ပါ။ Desktop ပေါ်မှာ Save ပေးလိုက်ပါ။
၂. ပြီးရင် Command Prompt ကိုခေါ်ပါ။ Start Menu က Search box မှာ cmd (သို့မဟုတ်) cmd.exe လို့ ရိုက်ပြီး ဖွင့်ပါ။ အဲလို လုပ်လို့ မရရင်
Start Menu ထဲက All Programs ထဲက Accessories ထဲက Command Prompt ကို ဖွင့်နိုင်ပါတယ်။
၃. ပြီးရင် အောက်က အတိုင်း command prompt မှာ ရိုက်ပေးလိုက်ပါ။


cd /d %userprofile%\desktop

ပြီးရင် enter ပေးလိုက်ပါ။

၎.အောက်က စာလေးကို ရိုက်ပြီးတော့လည်း Enter ရိုက်ပေးလိုက်ပါ။


wscript.exe reg_enable.vbs

၅. ဒါဆိုရင် registry editor ကို ပြင်ပေးပြီး ဖြစ်ပါလိမ့်မယ်။

အဆင်ပြေပါစေ ခင်ဗျာ။ မပြေရင်လည်း comment မှာ ရေးပေးသွားပါ။



ref to ခပ်ညံညံမျှဝေမှု့များ


0 comments:

Post a Comment