Friday, 5 July 2013

ဂျီမေးလ် အကောင့် ကို မြန်မာနိုင်ငံကနေဖွင့်လို့ရနေပါပြီ

Unknown | 5.7.13 | | | Best Blogger Tips








ဒါလေးကတော့ ညီလေး   ပြည့်စုံ(DSA) က မြန်မာပြည်ကနေ Mail နဲ့ ပို့ပြီး Gmail ဖွင့်ရင်အခတ်ခဲ ဖြစ်နေသူများအတွက် မျှဝေပေးပါဆိုလို့ မြန်မာပြည်က သူငယ်ချင်းများအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်..။



 ညီလေး ပြည့်စုံ(DSA) လို မိမိတို့ သိထားတဲ့ နည်းပညာ , Software , သတင်း လေးတွေ မျှဝေချင်တယ်ဆိုရင် winkabarkyaw@gmail.com ကို Mail ပို့ပြီး မျှဝေနိုင်ကြပါတယ်....။ ညီလေး  ပြည့်စုံ(DSA) ရေ ကျေးဇူးပါ..။

ဂျီမေးအကောင့်ကို မြန်မာနိုင်ငံကနေဖွင့်လို့ရပြီဆိုတဲ့အကြောင်းလေးပါ။



ဖွင့်နည်းကတော့ ဒီနေရာမှာ  မှာအားလုံးပုံမှန် ဖွင့်နေကျ အတိုင်းဖြည့်လိုက်ပါ ..။ ပြီးလို့ ဖုန်းနံပါတ်တောင်းရင် မိမိ
ဖုန်းနံပါတ်ထည့်ပေးလိုက်ပါ... ပြီးရင်  Voice Call ကိုရွေးလိုက်ပါ.. ထည့်ပေးလိုက်တဲ့ဖုန်း
ကို ပြန်ခေါ်ပြီး Verification Code ပေးပါလိမ့်မယ်။ ကျွန်တော် ဒီနေ့ mec ဖုန်းနဲ့
စမ်းထားတာပါ။ ဘယ်အချိန်ကတည်းကဖွင့်လို့ ရတာကတော့ မသိပါဘူးးး...။
သိသလောက်မျှပေးတာပါ ခင်ဗျာ..။
(mec 1500 တန်ဖုန်းကတော့ အဆင်ပြေပါတယ် Text message (SMS) နဲ့တော့ အဆင်မပြေလောက်ဘူး ထင်ပါတယ်)
ကျွန်တော့်သူငယ်ချင်းတွေကို အကောင့် ၄ ခုတောင်ဖွင့်ပေးပြီးသွားပါပြီ.. ဒီအတိုင်းလုပ်ပြီးတော့ဖွင့်တာ
ကိုယ်ပေးထားတဲ့ဖုန်းနံပါတ်ကို တန်းပြီးပြန်ခေါ်ပေးပါတယ်... ပြီးတော့ အင်္ဂလိပ်လို
Verification Code ကို သုံးကြိမ်လောက်ပြောပေးပါတယ်...။
ပြီးတော့ သူပြောလာတဲ့ 
Verification Code  ကိုထည့်လိုက်ရင် ဂျီတော့အကောင့်က လုံးလုံးကိုရသွားပါပြီခင်ဗျာ...



     ပြန်လည်မျှဝေသူ {ပြည့်စုံ(DSA)}

13 comments:

  1. Facebook ကကော voice ကော text message ကော ပြန်မလာဘူး

    ReplyDelete
  2. နေပါဦး Gmail အကောင့်ကမြန်မာနိုင်ငံမှာဟိုးပဝေသဏီကတည်းကဖွင့်လို့ရပါတယ်..ခုအခက်အခဲဖြစ်နေတာ facebook account သစ်ဖွင့်မရတာပါ..ဖုန်းနံပါတ်တောင်းပြီး message ပြန်ပို့မပေးတာလေ..

    ReplyDelete
  3. ကျေးဇူးပါ ဒီက ဘာများလဲလို့ Gtalk က ဖွင့်လို့ရပါတယ် ။ Facebook သာ မရတာလေ။

    ReplyDelete
  4. Facebook မှာ confirming code တောင်းနေပြီး Gmail inbox မှာဘာမှမလာဘူးဖြစ်နေတယ်ဗျ။ Facebook account လုပ်လိုက်တာအလကားဖြစ်သွားပြီထင်တယ်။

    ReplyDelete
  5. ဟုတ်ကဲ့.. ဖွင့်လို့ရနေတာကြာပါပြီ...
    မည်သည့် mobile phone နဲ့မဆို ဖွင့်လို့ရပါတယ်.. Internet ဖွင့်ထားစရာလည်းမလိုဘူး.. ရှိစရာလည်းမလိုပါဘူး.. ဒါပေမယ့် code တောင်းတဲ့ဖုန်းတွေကို အရေအတွက်ကန့်သတ်ထားပါတယ်.. ဖြေရှင်းနည်းလည်းရှိပါတယ်..
    အသေးစိတ်ကို http://bestcomputercentre.blogspot.com/2013/05/gmail-account-verification-code.html မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်..
    နည်းပညာဖြန့်ဝေပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ..

    ReplyDelete
  6. facebook မှာ phone verification code တောင်းခြင်းကိုဖြေရှင်းပြီး account ရယူခြင်းနည်းလည်း ရှိပါတယ်.. ရေးပြီးတော့ တင်ပြပေးပါ့မယ်..
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ..
    https://www.facebook.com/bestcomputercentre.myeik

    ReplyDelete
  7. အားလုံးး Comment တွေ အတွက် ကျေးဇူးပါ... ကျနော့ အားနည်းချက်က မြန်မာပြည်ကနေ မဖွင့်ဖူးသေးတာမို့ အားးလုံးး နားလည်ပေးစေလိုပါတယ် .... မြန်မာပြည်ကနေ Gmail,Facebook ကို အလွယ်တကူ ဖွင့်လို့ရတဲ့ နည်းလေးတွေ ရှိရင် ဝိုင်းဝန်း မျှဝေပေးကြဖို့ ပြန်လည် တောင်းဆိုပါရစေ... ကျနော် မလေးရှားးမှာဖြစ်နေလို့ပါ... အားလုံးကို ကျေးဇူးတင်ပါတယ်....။

    ReplyDelete
  8. ဖေ.ဘွတ်အကောင်.ကို ဖုန်းနဲ.ဘဲဖွင်.လို.ရပါတယ်..ဖုန်းကဖေ.ဘွတ် apk လေးကsing up ကိုနိပ်လိုက်..ဘရောက်ဇာမှာပေါ်လာမယ်အဲဒီမှာ နာမည်တွေဖြည်.ပေးလိုက်ပါ..
    ထုံးစံတိုင်းအကုန်ဖြည်.ပေးပြီးတော့ ဖုန်းကနေဘဲ email comfirm လုပ်ပေးရပါမယ်..ဒါကြောင်.ကွန်ပျူတာမှာကိုယ်ပေးထားတဲ့gmail အကောင်.ကို
    ဖွင်.ပါတယ်..အဲဒီမှာဖေ.ဘွတ်မှာ ဖေ.ဘွတ်ကနေ comfirmလုပ်ဖို.ကုဒ်ပေးထားတာကို
    ကူးပြီးတော့ ဖုန်းမှာ အဲဒီ comfirmation code ကိုဖြည်.ပေးလိုက်ပါ..ဒါဆိုတော်တော်
    လေးခရီးရောက်နေပါပီ..အဲဒီက ကိုယ်ပရိုဖိုင်တွေဖြည်.ပုံတင်..ပြီးတော့ အရေးကြီးတချက်က security questionလေးဖြေပေးပါ.....ပြီးတာနဲ.ဖေ.ဘွတ်သုံးလို.
    ရပါပီ..ဖုန်းနဲ.ကွန်ဖန်းမလိုပါ....ကျနော်တော်တော်များများဖွင်.ဖူးပါတယ်.....

    ReplyDelete
  9. ကို ပေါက် ခင် ဗျား
    ကျ နော် ပြ သ နာ က gmail ထဲ က link က နေ confirm လုပ် လိုက် တာ နဲ့ ကို သွား တော့ တာဘဲ GMail account တွေ လည်း ကုန် တော့ မယ်
    Why?

    ReplyDelete
  10. ဟုတ်ဘူးလေ.ဗျာ.... gmail ကိုကွန်ပျူတာကနေဖွင်.ထားရင်ဖေ.ဘွတ်အကောင်.ဖွင်.ပြီးကြောင်းမေးလ်ဝင်လာမယ်လေ..အဲဒီကမေးလ်မှာ comfirmation code တွေ.ပါလိမ်.မယ်..အဲဒီကွန်ဖန်မေးရှင်းကုဒ် ကိုကူးပြီးတော့ဖုန်းမှ ကူးထည်.ပေးယုံပါ.. gamilမှာဖေ.ဘွတ်ကလာတဲ့လင်ခ်ကိုကလစ်ဖို.ပြောတာမဟုတ်ဘူးအစ်ကို.....ကုဒ်ကိုကူးပြီးဖုန်းမှာထည်..ပြီးတော့မှ
    activate လုပ်ဖို.ပါ....ပြန်စမ်းသပ်ကြည်.ပါအစ်ကို...

    ReplyDelete
  11. အားလုံးအဆင်မြေတဲ့နည်းကို အောက်ကလင့်မှာသွားကြည့်ပြီးလုပ်လိုက်ပါ

    http://itmotesoeway.blogspot.com/2013/07/facebook-phone.html
    လုံးဝသေချာရပါတယ် ကျန်တဲ့သူတွေကိုလဲမျှဝေပေးလိုက်ပါ

    ReplyDelete
  12. ကျွန်တော်တို့မသိတာတွေကိုကို့ထမင်းကိုယ်စားပြီအလားနည်းလမ်းတွေကိုပျောပေးတဲ့လူအားလုံးကိုကျေးဇူးအထူးသင်ဘာနကား

    ReplyDelete
  13. ကျွန်တော်တို့မသိတာတွေကိုကို့ထမင်းကိုယ်စားပြီအလားနည်းလမ်းတွေကိုပျောပေးတဲ့လူအားလုံးကိုကျေးဇူးအထူးသင်ဘာနကား

    ReplyDelete