အခုတင်ပေးလိုက်တာလေးကတော့ အသုံးပြုနေတဲ့ Program တွေကို လွယ်လွယ်ကူကူ ဖွင့်လို့ ရအောင် ပြုလုပ်ပေးမယ့် software လေးပါ။ ကျနော်တို့ program တစ်ခုကို Shortcut Key တွေ ထည့်ပြီး အလွယ်တကူ ဖွင့်လို့ ရအောင် လုပ်ထားလေ့ ရှိကြပါတယ်။ အခုဟာလေးက အဲလို Shortcut ပြုလုပ်စရာမလိုတော့ပဲ Keyboard မှာ ရှိတဲ့ Key တွေနေရာကို ကြိုက်တဲ့ Program တွေ ထည့်ထားလို့ ရပါပြီ။ အသုံးပြုပုံလေးကလည်း လွယ်ကူပါတယ်။ ပထမဆုံး Install လုပ်မယ်။ ပြီးရင် Default အနေနဲ့ Alt+Q ကိုနှိပ်ရင် ပေါ်နေရင် ပျောက်သွားမယ်။ ပျောက်နေရင် ပေါ်လာမယ်။ (ကိုယ်သတ်မှတ်ချင်သလိုလည်း သတ်မှတ်နိုင်ပါတယ်။) Program တွေကို ထည့်ဖို့တော့ Flow Lite Keyboard ရဲ့ Key ပေါ်မှာ Right Click လုပ်ပြီးတော့ Open လုပ်ပေးလိုက်ရုံပါပဲ။ အဲဒီအတွက် ကိုယ်ထည့်ချင် Program တွေကို Desktop ပေါ်မှာ အလွယ်တကူ အရင် တင်ထားဖို့ လိုပါတယ်။ စမ်းကြည့်လိုက်ကြပေါ့... Theme လှလှလေးနဲ့ တော်တော်လေး ကျေနပ်စရာ ကောင်းတာကို တွေရပါလိမ့်မယ်။
Ziddu မှ ဒေါင်းလုပ်ယူရန်...
Mediafire မှ ဒေါင်းလုပ်ယူရန်...
မူရင်း။ ။ ခပ်ညံ့ညံ့မျှဝေမှုများ








0 comments:
Post a Comment