မိမိ အသုံးပြု့နေတဲ့ ဝင်းဒိုး 8 မှာ mouse ရဲ့double click speed ကို ဒီလိုလေးမြန်အောင်
ထပ်မြှင်လို့ ရပါတယ်။ Touch Screen မသုံးပဲ mouse ကို အသုံးပြု့တဲ့
သူငယ်ချင်းတွေအတွက် အရမ်းအသုံးဝင်ပြီးတော့ အချိန်ကုန်သက်သာစေတဲ့ နည်းလေးပါ လုပ်ကြည့်ပါ
( 1 )ပထမဆုံး keyboard ကနေ win + x လေးကိုနှိပ်လိုက်ပြီးတော့
Administrator menu ကို ခေါ်လိုက်ပါ အဲ့ဒီမှာ Control Panel ကိုရွေးပါ
( 2 ) Control Panel က Search မှာ Mouse လို့ ရိုက်ရှာ လိုက်ပါ
တွေ့ပြီဆိုရင် Change mouse click settings ကိုရွေးပေးလိုက်ပါ အောက်မှာလည်း
ပုံလေးနှင့်တကွ ပြထားပေးပါတယ် ခင်ဗျာ
( 3 )Mouse ရဲ့ Properties ကို ဝင်သွားလိမ့်မယ်
Buttons ကို ထပ်ရွေးပေးပါ အောက်ကပုံမှာကြည့်လိုက် Double Click Speed
ဆိုတာလေးကို Slow နေရာ ကနေ Fast နေရာထိ တိုးရွေ့ပေးလိုက်ပါ
အဲ့ဒီနောက် Apply နှိပ်ပြီးတော့ OK ပေးလိုက်ရုံပါပဲ ဒါလေးတင်ပါ..ဟီးဟီး
mouse ကောင်းကောင်းလေးတော့ ဖြစ်ဖို့ လိုတယ်နော်
အဟောင်း ဒါမှမဟုတ် မကောင်းတော့ ဘူးဆိုရင်တော့ အသုံးမဝင်ပါဘူး ခင်ဗျာ
ကိုလတ်(ကျွဲဆင်း)
0 comments:
Post a Comment