Wednesday 31 July 2013

မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်

Unknown | 31.7.13 | Best Blogger Tips











မြန်မာနိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်
==================================
ဖျာပုံ ဇူလိုင် ၃ဝ

မြန်မာနိုင်ငံအတွင်း
အင်တာနက် လိုင်းများ ပြန်လည်ကောင်းမွန်စေရန် ရန်ကုန်ရုံးချုပ် ပြည်ပဆက်
သွယ်ရေးမှ အင်ဂျင်နီယာမှူးအဖွဲ့နှင့် ဖျာပုံမြို့ ပြည်ပ ဆက်သွယ်ရေးရုံးမှ
လက်ထောက် အင်ဂျင်နီ ယာအဖွဲ့တို့ ပူးပေါင်းပြင်ဆင်ခဲ့ရာ ဇူလိုင် ၃ဝ ရက် ညနေ ၅
နာရီမှ စတင်ကာ အင်တာ နက်လိုင်းများ ပြန်လည်ကောင်းမွန်ခဲ့ ပြီ ဖြစ်သည်။

ဧရာဝတီ
တိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့အနီးတွင် ပင်လယ် ရေအောက် ကေဘယ်ဆက်
ကြောင်းနှင့် ဆက်သွယ်ထားသော ကုန်းတွင်းပိုင်း ဆက်ကြောင်း ပြတ်တောက်နေမှုကို
အဆိုပါ အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းကာ ရှစ်ရက်ခန့်ကြာမျှ ကြိုးစားပြင်ဆင်ခဲ့
ကြခြင်းဖြစ်သည်။

ထိုသို့ပြင်ဆင်ရာတွင် ဖျာပုံမြို့နယ်
ကုလားထိပ်ကျေးရွာ ပင်လယ်ကမ်းစပ် ရှိ Beach Man Hole ရှိJoint ကို ဖွင့်ပြီး
ပင်လယ်ရေအောက်ကေဘယ် နှင့် ကုန်းတွင်းပိုင်း မြေအောက် ကေဘယ်ကြိုး Joint
အဆက်ကို ပြန်လည်ဆက်သွယ်နိုင်ခဲ့ရာမှ ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီတွင်
အင်တာနက်လိုင်းများ ပြန်လည် ကောင်းမွန်သွားခြင်း ဖြစ်သည်။

အင်တာနက်ကေဘယ်ဆက်ကြောင်း
ချွတ်ယွင်းသွားမှုမှာ ဖျာပုံမြို့နှင့် နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင်
ခြောက်ဖာလုံကြား ကုန်းတွင်းပိုင်းမြေအောက်မြှုပ် ထားသော
ပါဝါကေဘယ်ကြိုးပေါက်ပြီး ပါဝါယိုစိမ့်မှုဖြစ် ပေါ်နေခြင်းကို ပါဝါ ကေဘယ်ကြိုး
အရှည်မီတာ ၅ဝဝ ဖြင့် အစားထိုးပြုပြင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ
မြန်မာနိုင်ငံ အတွင်း အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်သွားပြီဖြစ်
သည်။

(မြန်မာ့အလင်း)




ALEX



0 comments:

Post a Comment