Friday 26 July 2013

တရုတ်နိုင်ငံမှ Apple ထုတ်ကုန် သုံးစွဲသူများ အနေနဲ့ Apple က ထုတ်လုပ်တဲ့ Charger များကိုသာ အသုံးပြုသင့်

Unknown | 26.7.13 | | | Best Blogger Tips


 





 တရုတ်နိုင်ငံမှ
Apple ထုတ်ကုန် သုံးစွဲသူများ အနေနဲ့ Apple က ထုတ်လုပ်တဲ့ Charger
များကိုသာ အသုံးပြုသင့်ပြီး Charger အတုတွေကို အသုံးမပြုကြဖို့
တရုတ်ဘာသာနဲ့ လွှင့်တင်ထားတဲ့ Website ကနေ တစ်ဆင့် Apple ကုမ္ပဏီက
တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple ထုတ်ကုန်
သုံးစွဲသူများအတွက် Charger အစစ်နဲ့ Charger အတု ခွဲခြားနိုင်မယ့်
နည်းလမ်းတွေကိုလည်း Apple က ဖော်ပြခဲ့ပါတယ်။

မကြာသေးမီက တရုတ်အမျိုးသမီး
တစ်ဦး iPhone ကို အားသွင်းရင်း ဖုန်းပြောကြားစဉ် ဓာတ်လိုက် သေဆုံးမှု
ဖြစ်ပွားခဲ့ပြီးနောက် Apple က အထက်ပါ အတိုင်း တိုက်တွန်းပြောကြားခဲ့တာ
ဖြစ်ပါတယ်။

Charger အတုနဲ့ အစစ် ခွဲခြားမှုကို http://www.apple.com.cn/power-adapters မှာ လေ့လာနိုင်ပါတယ်။

 


Ref: CNET Asia



Credit : Mobile Software Developer





0 comments:

Post a Comment