Wednesday 24 July 2013

Apple ထုတ်ကုန်သစ် သတင်းများ ထွက်ပေါ်လျက်ရှိ

Unknown | 24.7.13 | Best Blogger Tips







 iPadနှင့် iPad Miniတို့ဖြင့် အောင်မြင်မှုများ
ရရှိနေသည့်တိုင် Appleအနေဖြင့် Tablet ကွန်ပျူတာ ဈေးကွက်တွင်
Screenအရွယ်အစား ကြီးမားသော Tabletတစ်မျိုးဖြင့် နောက်ထပ် ထိုးဖောက်ရန်
စီစဉ်နေကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ Appleသည် ၎င်းတို့၏
လက်ရှိထုတ်ကုန်များတွင် အသုံးပြုထားခြင်း မရှိသည့် အရွယ်အစားနှင့်
Touchscreen တစ်မျိုးကို စတင် စမ်းသပ်နေပြီဟု ယုံကြည်ရသည်။ ယင်းနှင့်အတူ
(၁၃)လက်မအရွယ် iPad အကြီးစား တစ်ခုကို ထုတ်လုပ်လာဖွယ် ရှိနေကြောင်း
ခန့်မှန်းမှုများ ကျယ်ပြန့်လာခြင်း ဖြစ်သည်။


အာရှတိုက်မှ Appleအတွက် Hardware ထုတ်လုပ်ပေးသော ကုမ္ပဏီအချို့ထံမှ
ပေါက်ကြားလာသည့် သတင်းအရ Appleသည် မျိုးစပ်နည်းပညာသုံး Screenတစ်ခုအတွက်
အရွယ်အစားအသစ် သတ်မှတ် မှာယူရန် အစီအစဉ် ရှိနေကြောင်း သိရသည်။ Appleသည်
၎င်းတို့၏ ထုတ်ကုန်သစ်များနှင့် ပတ်သက်လျှင် တရားဝင် မိတ်မဆက်သေးခင်
အလွန်လျှို့ဝှက်တတ်သည့် အစဉ်အလာအတိုင်း ယခုကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ
မပေးခဲ့ချေ။



Appleအနေဖြင့် ပိုမိုကြီးမားသော Touchscreen တစ်ခုအတွက် နည်းပညာပိုင်း
စမ်းသပ်နေကြောင်း သတင်းနှင့်အတူ အရွယ်အစား ကြီးမားသော iPhone (သို့မဟုတ်)
အရွယ်အစား ကြီးမားသော iPad တစ်ခုခု ဈေးကွက်ထဲ ရောက်လာမည်ဟု
Appleပရိသတ်များက ယုံကြည်နေသည်။ အချို့ကလည်း (၁၃)လက်မအရွယ် iPadထက်စာလျှင်
(၅.၇)လက်မအရွယ် Screenနှင့် iPhoneအကြီးစားမျိုး ပိုဖြစ်နိုင်ကြောင်း
သုံးသပ်လျှက်ရှိသည်။ Wall Street ဂျာနယ်ကမူ Apple၏ အာရှဒေသမှ လက်တွဲဖော်
ကုမ္ပဏီများထံမှ သတင်းရင်းမြစ်ကို ကိုးကားပြီး (၁၃)လက်မ iPad ဖြစ်နိုင်ခြေ
ပိုများကြောင်း ရေးသားခဲ့သည်။










လက်ရှိ ဈေးကွက်ထဲတွင် ရောင်းချနေသော iPad၏ Screen အရွယ်အစားမှ
(၉.၇)လက်မ ဖြစ်သည်။ အကယ်၍ ခန့်မှန်းသတင်းများသာ အမှန်ဖြစ်ခဲ့ပါက ယင်းiPad
အကြီးစား၏ Screenအကျယ်သည် MacBook Pro အမျိုးအစား Laptopနှင့် တူညီနေမည်
ဖြစ်သည်။ ထို့အပြင် ဈေးကွက်ထဲရှိ HP၏ EliteBookကဲ့သို့ Laptop
အချို့ထက်ပင် Screen အရွယ်အစား ပိုမိုကြီးမားသည့် သဘောမျိုး ဖြစ်နေသည်။
EliteBook၏ Screen အရွယ်အစားမှာ (၁၁.၆)လက်မ ဖြစ်သည်။ ပြီးခဲ့သည့်
လပိုင်းများအတွင်း Appleနှင့် ပတ်သက်၍ ရေပန်းစားလာသည့် နောက်ထပ်
သတင်းတစ်ခုမှာ ဈေးပေါသည့် iPhoneတစ်မျိုးကို ထုတ်လုပ်နိုင်သည်ဆိုခြင်း
ဖြစ်သည်။ ပလပ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပြီး အဝါနှင့် အနီရောင်ကဲ့သို့
တောက်တောက်ပပ အရောင်များကို အသုံးပြုနိုင်သည့် iPhoneသည် ဒေါ်လာ(၁၀၀)အောက်
ဈေးနှုန်းမျိုးနှင့် ရောင်းချနိုင်ကြောင်း ခန့်မှန်းမှုများ ကျယ်လောင်နေသည်။
Appleသည် လက်ရှိတွင်မူ iPadနှင့် iPhoneများအတွက် စံသတ်မှတ်သည့်
အရောင်အဖြစ် အနက်နှင့် အဖြူကိုသာ ရွေးချယ်ထားသည်။







ထို့အပြင် ဈေးကွက်ထဲတွင် Samsung၏ Galaxy S4 miniနှင့် HTC၏ HTC One
mini ဖုန်းများ ထုတ်လုပ်နေခြင်းကြောင့် Appleအနေဖြင့်လည်း မူလ
iPhoneများထက် စွမ်းဆောင်ရည် အတန်ငယ်နိမ့်သည့် တန်ဖိုးနည်း ဟန်းဆက်တစ်ခုခု
ထုတ်လုပ်လာမည်ဟု ယူဆမှုများ ရှိနေခြင်း ဖြစ်သည်။ Telegraph သတင်းစာကလည်း
Apple အနေဖြင့် Screen (၃.၅)လက်မ အရွယ်မျှကို အသုံးပြုကာ 5megapixel ကင်မရာ
တပ်ဆင်ထားသည့် ပလပ်စတစ် ကိုယ်ထည် iPhoneမျိုးကို ထုတ်လုပ်လာမည့်
အလားအလာရှိနေကြောင်း သုံးသပ် ရေးသားခဲ့သေးသည်။

 


Ref : Planet







0 comments:

Post a Comment